💻/🖥️/📱 သင့်ဒေတာအချက်အလက်အား မှတ်တမ်းပြုစုခြင်း သို့မဟုတ် ဖျက်ဆီးခြင်း။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ပြင်ဆင်မှု 🧑/🏗 ⭐⭐⭐⭐⭐ ⭐⭐(⭐) 🧑🧑🧑/ 🏗️🏗️ 🆓-💵💵 2021-10-06

စဥ်းစားပုံစဥ်းစားနည်း

မှတ်တမ်းပြုစုခြင်း သည် သင့်၏ ဖိုင်လ်များကို တစ်နေရာရာတွင် သင် ယခု လက်ရှိအလုပ်လုပ်နေသော ဖိုင်လ်များနှင့် မရောထွေးသွားစေရန်အတွက် သိုလှောင်သိမ်းဆည်းထားခြင်း လုပ်ငန်းစဥ် ဖြစ်ပါသည်။
ဖျက်ဆီးခြင်း ဆိုသည်မှာ ဖိုင်လ်များကို ဖျက်လိုက်သည်ဟု အဓိပ္ပာယ်ရပြီး ဒေတာအချက်အလက်အား ဘယ်သောအခါမျှ ပြန်လည်ရယူ၍ မရနိုင်တော့ပါ။

သင့် ပစ္စည်းကိရိယာများမှ ‌ဒေတာအချက်အလက်နှင့် ဖိုင်လ်များကို မှတ်တမ်းပြုစုခြင်း နှင့် ဖျက်ဆီးခြင်း များအား ရွေးချယ်လုပ်ဆောင်ခြင်းဖြင့် သင့် ပစ္စည်းကိရိယာများအား အသိမ်းခံရသောအခါ ၎င်းတို့ကို အသုံးပြု၍ သင့်အား ဆန့်ကျင်လုပ်ဆောင်နိုင်ခြင်း မပြုနိုင်တော့ပါ။

ညွှန်ကြားချက်များ

အကျဥ်းချုပ်

အပေါ်ယံခြုံငုံသောအဆင့်မှစ၍ အောက်ပါအဆင့်များသည် သင့်အား လမ်းပြပေးသွားမည့် အဆင့်များဖြစ်ပါသည်။

  1. သင်ဘာသိသင့်သလဲ
  2. သင်ဘာပြင်ဆင်ထားသင့်သလဲ :
    1. သင်၏ မှတ်တမ်းပြုစုထားသော မှတ်တမ်းများကို မည်သည့်နေရာ တွင် သင် သိုလှောင်လိုသည်ကို စဥ်းစားဆုံးဖြတ်ပါ။ (ဥပမာ မှတ်တမ်းပြုစုထားသည့် ကြားခံနေရာ)
    2. သင်၏ မှတ်တမ်းပြုစုထားသော မှတ်တမ်းများတွင် မည်သည်တို့ကို သင် သိုလှောင်လိုသည်ကို စဥ်းစားဆုံးဖြတ်ပါ။ (ဥပမာ ဒေတာအချက်အလက် အမျိုးအစား)
  3. "သင့် ဒေတာအချက်အလက်ကို မှတ်တမ်းပြုစုပါ" အပိုင်းတွင် မှတ်တမ်းပြုစုရန်အတွက် ရွေးချယ်စရာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ သင် ရွေးနိုင်ပါသည်။
    • ဖိုင်လ်များကို Cloud သို့
    • ဖိုင်လ်များကို Local Storage တွင် သိုလှောင်ခြင်း သို့
    • အီးမေးလ်များကို Cloud သို့
    • အီးမေးလ်များကို Local Storage တွင် သိုလှောင်ခြင်း သို့
    • စာတိုပေးပို့မှု မှတ်တမ်း
  4. သင် မှတ်တမ်းပြုစုပြီးသားအရာများကို ဖယ်ရှားပြီး သင် မလိုတော့သည့်အရာများကို ဖျက်ဆီးပါ။

သင်ဘာသိသင့်သလဲ

အကယ်၍ သင့်အဖွဲ့အစည်းတွင် မှတ်တမ်းပြုစုခြင်းဆိုင်ရာ မူဝါဒရှိပါက သင့် အဖွဲ့အစည်း၏ စီမံခန့်ခွဲသူများနှင့် ဆွေးနွေးတိုင်ပင်ပါ။

သင်ဘာပြင်ဆင်သင့်သလဲ

အကယ်၍ သင်၏ အဖွဲ့အစည်းထံမှ မှတ်တမ်းပြုစုခြင်းဆိုင်ရာမူဝါဒ အပေါ် အခြေခံ၍ မည်သည့် မှတ်တမ်းပြုစုရန်နည်းလမ်းအား အသုံးပြု၍မည်နှင့် ပတ်သတ်၍ လမ်းပြချက်များ / ညွှန်ကြားချက်များ မရရှိပါက သင့်အနေဖြင့် မည်သည့် နည်းလမ်းသည် သင့်အတွက် အကောင်းဆုံးဖြစ်မည်ကို စဥ်းစားဆုံးဖြတ်ရန်လိုသည်။ ယခုအပိုင်းတွင် သင့်အတွက် အကောင်းဆုံးဖြစ်မည့်အရာကို သင်စဥ်းစားဆုံးဖြတ်နိုင်ရန် ရွေးချယ်စရာများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်သည်။ အကယ်၍ သင်၏ အဖွဲ့အစည်းမှ အသင်းအဖွဲ့အနေဖြင့် မည်သည်တို့ကို အသုံးပြုမည်ဟု ညွှန်ကြားထားပြီးဖြစ်ပါက ယခုအပိုင်းအား သင် ကျော်သွားနိုင်သည်။

1. မှတ်တမ်းပြုစုထားသည့် ကြားခံနေရာ

စာရွက်အခြေပြုမှတ်တမ်းများနည်းတူ သင်၏ ဒီဂျစ်တယ်မှတ်တမ်းများကို သင့်အနေဖြင့် လုံခြုံအောင်၊ ဘေးရန်ကင်းအောင် နှင့် *ခွဲခြားအသုံးပြုခြင်း စသည်တို့ကို သင် လုပ်ဆောင်ထားလိုလိမ့်မည်ဖြစ်သည်။

လက်တွေ့အနေဖြင့် သင့်ဒေတာအချက်အလက်အား မှတ်တမ်းပြုစုခြင်းစနစ် လေးမျိုးရှိသည်။

Pasted image 20210612000411.png

Cloud - သင်၏ မှတ်တမ်းများကို သင့်အတွက် ထိန်းသိမ်းထားပေးရန် cloud ဝန်ဆောင်မှု တစ်ခုကို အသုံးပြုပါ။

Pasted image 20210612000710.png

ပစ္စည်းကိရိယာများ နောက်တစ်ခု - သင့်ဒေတာအချက်အလက်အား ပစ္စည်းကိရိယာ နောက်ထပ်တစ်ခုသို့ ကူးယူထားပါ။ (ဥပမာ ဖုန်း မှ ကွန်ပျူတာသို့)

Pasted image 20210612000540.png

ပြင်ပ Hard Disk Drive (HDD) - ကွန်ရက် မှ တစ်ဆင့် (NAS) သို့မဟုတ် USB မှ တစ်ဆင့် ချိတ်ဆက်ထားသော ပြင်ပ hard drive တစ်ခု။ 100 GB မှ 8 TB အထိ သိုလှောင်ရန်နေရာ အရွယ်အစားအမျိုးမျိုးရှိသည်။

Pasted image 20210612000632.png

USB Flash Drive - USB မှတစ်ဆင့် ချိတ်ဆက်ထားသော flash drive တစ်ခု ဖြစ်သည်။ 1 GB မှ 1 TB အထိ သိုလှောင်ရန်နေရာ အရွယ်အစားအမျိုးမျိုးရှိသည်။

သင့်အတွက် ကုန်ကျစရိတ်၊ လုံခြုံရေး၊ ဘေးရန်ကင်းရှင်းရေး နှင့် ခွဲခြားအသုံးပြုခြင်း စသည်တို့ကို အပေးအယူမျှတစွာ ထည့်သွင်းစဥ်းစား၍ မည်သည့် ရွေးချယ်စရာသည် အကောင်းဆုံးဖြစ်မည်ကို စဥ်းစားဆုံးဖြတ်ပါ။ အကယ်၍ ထို ဆုံးဖြတ်ချက်ချရန်အတွက် ပံ့ပိုးကူညီမှုလိုအပ်ပါက ပံ့ပိုးမှုအတွက် သင့် စီမံခန့်ခွဲသူများကို မေးမြန်းခြင်း သို့မဟုတ် အကြံပြုချက်များအတွက် ကျွန်ုပ်တို့အား ကျေးဇူးပြု၍ မေးမြန်းပါ။

အကယ်၍ သင်သည် ဖြစ်နိုင်ချေများထဲမှ ရွေးချယ်စရာတစ်ခုကို ရွေးချယ်မည်ဆိုပါက

2. မည်သည်တို့ကို မှတ်တမ်းပြုစုရမည် နှင့် မည်သည်တို့ကို ဖျက်ဆီးရမည် ကို စဥ်းစားဆုံးဖြတ်ပါ။

ဒေတာအချက်အလက်များကို ပြန်လည်ရယူ၍လည်း ရစေရန် မည်သည့် ဒေတာအမျိုးအစားများအား သင် မှတ်တမ်းပြုစုလိုသည် နှင့် မည်သည်တို့ကို အပြီးတိုင် ဖျက်၍ ရသည်ကို စဥ်းစားဆုံးဖြတ်ပါ။

သင် ထည့်သွင်းစဥ်းစားရမည့် ဒေတာအချက်အလက်များမှာ

သင်ဘာလုပ်သင့်သလဲ

1. သင့်ဒေတာအချက်အလက်အား မှတ်တမ်းပြုစုပါ။

သင်၏ မှတ်တမ်းပြုစုထားသည့်အရာများကို သိုလှောင်ရန် မည်သည့် ကြားခံ အသုံးပြုမည် နှင့် မည်သည့် ဒေတာအမျိုးအစားများ ကို သင် မှတ်တမ်းပြုစုလိုသည်များကို ရွေးချယ်မှုပြုလုပ်ပြီးပါက သင့် ဒေတာအချက်အလက်များကို မှတ်တမ်းပြုစုရန် အချိန်ကျရောက်ပြီဖြစ်သည်။ ပြင်ပ Hard Disk Drive (HDD)၊ USB Flash Drive သို့မဟုတ် အခြားသော ပစ္စည်းကိရိယာများ အား Local Storage အဖြစ် သတ်မှတ်သည်။ ကြားခံ နှင့် ဒေတာအမျိုးအစားများ နှစ်ခု ပေါင်းစပ်မှုအပေါ်မူတည်၍ အောက်ပါ ညွှန်ကြားချက်များအတိုင်း လိုက်လံဆောင်ရွက်ပါ။

Pasted image 20210612001601.png

ဖိုင်လ်များကို Cloud သို့

မှတ်ချက် အကယ်၍ သင်၏ Cloud Storage သည် သင့် အဖွဲ့အစည်းမှ စီမံခန့်ခွဲခြင်းပြုလုပ်ပါက ၎င်းတို့အနေဖြင့် သင့်အား အခြားသော cloud ဝန်ဆောင်မှုတွင် မှတ်တမ်းပြုစုစေလိုမည်မဟုတ်ပါ။ ထို့ကြောင့် သင်၏ ဖိုင်လ်များကို မှတ်တမ်းပြုစုရန် သင့်တွင် ခွင့်ပြုချက်ရှိသည်ကို သို့မဟုတ် သင်၏ ကိုယ်‌ရေးကိုယ်တာဖိုင်လ်များကိုသာ မှတ်တမ်းပြုစုသည်ကို သေချာအောင်ပြုလုပ်ပါ။

အောက်ပါအဆင့်များသည် Google Drive အား မှီငြမ်းထားခြင်းဖြစ်သည်။ သို့သော် အခြားသော Cloud Drive များအတွက်လည်း ၎င်းအဆင့်များအတိုင်း လိုက်လံဆောင်ရွက်နိုင်သည်။

  1. 🌐 မှတ်တမ်းပြုစုသိမ်းဆည်း၍ရသော Cloud Drive အား အသုံးပြုရန်ပြင်ဆင်ပြီးသည်ကို သေချာအောင်ပြုလုပ်ပါ။
  2. သင့် ဖုန်းများ နှင့် ကွန်ပျူတာများ နှစ်ခုစလုံးပေါ်တွင် သင်၏ ဖိုင်လ်တွဲများ၊ ဖိုင်လ်များ၊ စာရွက်စာတမ်းများ နှင့် ဓာတ်ပုံများ အားလုံးကို တစ်ခုချင်းစီ ကြည့်ရှုစိစစ်မှုလုပ်ပါ။ ထို့နောက် သင့်အနေဖြင့် တိုက်ရိုက်အသုံးပြုခွင့် မလိုအပ်သော အရာများအားလုံးကို Cloud Drive သို့ ရွေ့ပြောင်းပါ။
    • ကွန်ပျူတာများ မှ - ဖိုင်လ်များ နှင့် ဖိုင်လ်တွဲများကို web client ထဲသို့ ဆွဲ၍ ထည့်ပါ။ Google မှ လမ်းညွှန် တွင် Google Drive အတွက် ညွှန်ကြားချက်များ ပါဝင်သည်။
    • 🤖 Android မှ အက်ပ်အား အသုံးပြု၍ ဖိုင်လ်များကို ထည့်သွင်း၍ ၎င်းအား အသုံးပြု၍ Google Drive သို့ ဖိုင်လ်များကို ရွေ့ပြောင်းပါ။Android မှ ဖိုင်လ်တွဲများကို တိုက်ရိုက်တင်၍ မရသည့်အတွက် သင့်ဖုန်းအား ကွန်ပျူတာတစ်ခုသို့ USB ဖြင့် ချိတ်ဆက်ရန် ကျွန်ုပ်တို့ အကြံပြုသည်။ ထို့နောက် ဖိုင်လ်တွဲများကို ကွန်ပျူတာသို့ ရွေ့ပြောင်းပြီးနောက် web client ထဲသို့ ထည့်ပါ။
    • 🍏 iOS တွင် Apple မှ လမ်းညွှန် အတိုင်း လိုက်လံဆောင်ရွက်ပါ။
    • Google Drive နောက်တစ်ခု မှ ဆိုလျှင်ubackup မှ လမ်းညွှန် တွင် ပါဝင်သော ညွှန်ကြားချက်များထဲမှ တစ်ခုကို လိုက်လံလုပ်ဆောင်ပါ။
ဖိုင်လ်များကို Local Storage သို့
  1. သင်၏ Local Storage အား ပြင်ဆင်ပြီးသည်ကို သေချာအောင်ပြုလုပ်ပါ။ ပစ္စည်းကိရိယာများ / drive များ အသုံးပြုရန် သင့်အနားတွင် အဆင်သင့်ရှိသည်ကို အတည်ပြုပါ။ ၎င်းတို့တွင် သိုလှောင်ရန်နေရာ အလုံအလောက်ရှိပါစေ။
  2. အကယ်၍ အသွင်ဝှက်ထားသော vault များကို ထို ပစ္စည်းကိရိယာများ / drive များ ပေါ်တွင် ဖန်တီးခြင်း မပြုလုပ်ရသေးပါက သင့် မှတ်တမ်းပြုစုထားသောဖိုင်လ်များကို မကူးပြောင်းခင်တွင် ပြုလုပ်ရန် အထူးအကြံပြုလိုသည်။
  3. သင့် ဖုန်းများ နှင့် ကွန်ပျူတာများ နှစ်ခုစလုံးပေါ်တွင် သင်၏ ဖိုင်လ်တွဲများ၊ ဖိုင်လ်များ၊ စာရွက်စာတမ်းများ နှင့် ဓာတ်ပုံများ အားလုံးကို တစ်ခုချင်းစီ ကြည့်ရှုစိစစ်မှုလုပ်ပါ။ ထို့နောက် သင့်အနေဖြင့် တိုက်ရိုက်အသုံးပြုခွင့် မလိုအပ်သော အရာများအားလုံးကို Local Storage ကြားခံ သို့ ရွေ့ပြောင်းပါ။
    • ကွန်ပျူတာများ မှ - ဖိုင်လ်များ နှင့် ဖိုင်လ်တွဲများကို ပြင်ပ USB drive ထဲသို့ ဆွဲ၍ ထည့်ပါ။ သို့မဟုတ် အကယ်၍ သင်သည် ကွန်ပျူတာတစ်ခုအား အခြားကွန်ပျူတာတစ်ခုအတွက် မှတ်တမ်းပြုစုရန်အသုံးပြုပါက သင်၏ local ကွန်ရက် သို့မဟုတ် ပြင်ပ USB drive တစ်ခုကို ကြားခံအဆင့်တစ်ခုအနေဖြင့်ထား၍ အသုံးပြုပါ။
    • 🤖 Android မှ - USB 📱 PC တစ်ခုသို့ ချိတ်ဆက်ပါ။ သို့မဟုတ် 📱 Connect to a Mac တစ်ခုသို့ ချိတ်ဆက်ပါ။ ထို့နောက် မှတ်တမ်းပြုစု၍ရသော ဖိုင်လ်များနှင့် ဖိုင်လ်တွဲများကို သင်၏ Local Storage သို့ ပြောင်းရွှေ့ပါ။
    • 🍏 iOS တွင် Mac အတွက် Apple မှ [Mac]](https://support.apple.com/en-hk/guide/iphone/iphf2d851b9/ios#iphe14c69d6b) လမ်းညွှန် သို့မဟုတ် Windows အတွက် Windows PC လမ်းညွှန်အတိုင်း လိုက်လံဆောင်ရွက်ပါ။

Pasted image 20210612002139.png

အီးမေးလ်များကို Cloud သို့

မှတ်ချက် အကယ်၍ သင့် အီးမေးလ် အား သင့်အဖွဲ့အစည်းမှ စီမံခန့်ခွဲခြင်းပြုလုပ်ပါက ၎င်းတို့အနေဖြင့် သင့်အား အခြားသော ဝန်ဆောင်မှုတွင် မှတ်တမ်းပြုစုစေလိုမည်မဟုတ်ပါ။ ထို့ကြောင့် သင်၏ အီးမေးလ်များကို မှတ်တမ်းပြုစုရန် သင့်တွင် ခွင့်ပြုချက်ရှိသည်ကို သို့မဟုတ် သင်၏ အီးမေးများကို သင့် ကိုယ်ရေးကိုယ်တာသုံးအကောင့်တွင်သာ မှတ်တမ်းပြုစုသည်ကို သေချာအောင်ပြုလုပ်ပါ။

အောက်ပါအဆင့်များသည် Google Gmail အား မှီငြမ်းထားခြင်းဖြစ်သည်။ သို့သော် အခြားသော အီးမေးလ် ဝန်‌ဆောင်မှုများ (ဥပမာ Outlook၊ ProtonMail၊ FastMail အတွက်လည်း ၎င်းအဆင့်များအတိုင်း လိုက်လံဆောင်ရွက်နိုင်သည်။

  1. သင် မှတ်တမ်းပြုစုခြင်း ပြုလုပ်လိုသော အီးမေးလ်အကောင့်အတွက် username နှင့် စကားဝှက်ကို အသင့်ပြင်ဆင်ထားပါ။
  2. 💻-🖥️ Thunderbird သို့ ထို အီးမေးလ်အကောင့်ကို ထည့်သွင်းရန် ညွှန်ကြားချက်များအတိုင်း လိုက်လံလုပ်ဆောင်ပါ။
  3. မှတ်တမ်းပြုစုခြင်းအတွက် ရည်ရွယ်၍ သင်ဖန်တီးထားသော Google အသုံးပြုသူအမည် နှင့် စကားဝှက်အား အသုံးပြုပါ။ ထို့နောက် 💻/🖥️ Thunderbird မှ Gmail သို့ အီးမေးလ်များကို ကူးယူပါ။ တွင် ပါရှိသော ညွှန်ကြားချက်များအတိုင်း လိုက်လံလုပ်ဆောင်ပါ။
အီးမေးလ်များကို Local Storage သို့
  1. သင် မှတ်တမ်းပြုစုခြင်း ပြုလုပ်လိုသော အီးမေးလ်အကောင့်အတွက် username နှင့် စကားဝှက်ကို အသင့်ပြင်ဆင်ထားပါ။
  2. 💻-🖥️ Thunderbird သို့ ထို အီးမေးလ်အကောင့်ကို ထည့်သွင်းရန် ညွှန်ကြားချက်များအတိုင်း လိုက်လံလုပ်ဆောင်ပါ။
  3. Thunderbird မှ mailbox ကို export ထုတ်ရန်အတွက် ၎င်းတွင် ပါရှိသော ညွှန်ကြားချက်များအတိုင်း လိုက်လံ‌ဆောင်ရွက်ပါ။

Pasted image 20210612002147.png

စာတိုပေးပို့မှု မှတ်တမ်းအား ‌export ထုတ်ပါ။
  1. ပထမဦးစွာ မည်သည့်စာတိုပေးပို့မှုအက်ပ်များမှ စာတိုပေးပို့ထားမှုများအား သင် မှတ်တမ်းပြုစုလိုသည်ပေါ်မူတည်၍ export ထုတ်ပါ။
  2. အထက်ဖော်ပြပါ အဆင့်များအားလုံး၏ ရလဒ်အနေဖြင့် သင့်တွင် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော back-up ဖိုင်လ် ရှိသွားမည်ဖြစ်သည်။
  3. သင်ကြိုက်နှစ်သက်ရာ Local သို့မဟုတ် Cloud သိုလှောင်ခြင်း အပေါ်မူတည်၍ အထက်တွင်ဖော်ပြထားသော "ဖိုင်လ်များကို Local Storage သို့" သို့မဟုတ် "ဖိုင်လ်များကို Cloud သို့" အပိုင်းများတွင် ပါဝင်သည့်အတိုင်း ထို backup ဖိုင်လ်များကို မှတ်တမ်းပြုစုပါ။

2. သင် မှတ်တမ်းပြုစုပြီးသာအရာများကို ဖယ်ရှားခြင်းနှင့် သင်မလိုအပ်တော့သည့်အရာများကို ဖျက်ဆီးပါ။

သင် အောင်မြင်စွာ မှတ်တမ်းပြုစုပြီးသော ဒေတာအချက်အလက်များအားလုံး သို့မဟုတ် အစကတည်းက ဖျက်ဆီးလိုသော ဒေတာအချက်အလက်များအားလုံးကို သင်၏ ပစ္စည်းကိရိယာမှ သင် ယခု ဖျက်ရလိမ့်မည်ဖြစ်သည်။