📱 Android - MacOS သို့ ချိတ်ဆက်ပါ။

Last updated on : 2021-10-05

ညွှန်ကြားချက်များ

သင်ဘာပြင်ဆင်သင့်သလဲ

သင်ဘာလုပ်သင့်သလဲ

  1. Android File Transfer အား သင့် Mac တွင် install လုပ်ပြီးသည်ကို အတည်ပြုပါ။
  2. သင့်ဖုန်းအား သင့် Mac ရှိ မည်သည့် USB port တွင်မဆို ထည့်သွင်းချိတ်ဆက်ပါ။
  3. သင့်ဖုန်း၏ စကရင်အား ဖွင့်၍ ပစ္စည်းကိရိယာကို လော့ခ်ဖွင့်လိုက်ပါ။
  4. သင့် notifications အား ဖွင့်ပါ။ ထို့နောက် "current USB connection" နှင့် ပတ်သတ်၍ အသိပေးချက်တစ်ခု သင်တွေ့ရပါလိမ့်မည်။
  5. ပုံသေအားဖြင့် သင့်ဖုန်းသည် "charging(အားသွင်း)ရန်အတွက်သာ" ဖော်ပြနေမည်ဖြစ်သည်။

Pasted image 20210611203500.png

  1. ထိုအသိပေးချက်အား နှိပ်ပြီး ပေါ်လာသော မီနူးထဲတွင် "Transfer files" သို့မဟုတ် "File transfer" ကို ရွေးပါ။
  2. ထို့နောက် ၎င်း Android File Transfer ပရိုဂရမ်သည် သင့် Mac တွင် အလိုအလျောက်ပွင့်သွားမည်ဖြစ်သည်။
  3. အခုအခါ သင်သည် ဖိုင်လ်တွဲများကို လိုသလို ဖွင့်၍ လိုက်လံကြည့်ရှုနိုင်ပြီဖြစ်သည်။ သင့်ဖုန်းနှင့် ကွန်ပျူတာ အကြားတွင်လည်း ဖိုင်လ်များကို ဆွဲ၍ ကူးပြောင်းနိုင်မည်ဖြစ်သည်။

Pasted image 20210611230921.png

Source: ComputerWorld