မှတ်တမ်းပြုစုသိမ်းဆည်း၍ရသော Cloud Drive အား အသုံးပြုရန်ပြင်ဆင်ပါ။

Last updated on : 2021-09-21

အရေးကြီးသည်

အကယ်၍ သင့်တွင် မှတ်တမ်းပြုစုသိမ်းဆည်းခြင်း သို့မဟုတ် ဒေတာသိုလှောင်ခြင်းများ အတွက် အဖွဲ့အစည်းဆိုင်ရာ မူဝါဒများရှိပါက ယခု လမ်းညွှန်အစား ထို မူဝါဒများကို လိုက်နာပါ။

လမ်းညွှန်ချက်များ

သင်ဘာသိထားသင့်သလဲ

အသုံးပြုရန်ပြင်ဆင်ခြင်းနှင့် လိုက်လံလုပ်ဆောင်ရမည့် အဆင့်များ အတိအကျသည် သင် လက်ရှိသုံးနှင့်နေပြီးဖြစ်သော ဝန်ဆောင်မှုများပေါ်တွင် မူတည်နေသည်။ ယခု လမ်းညွှန်တွင် ကျွန်ုပ်သည် Google Drive ကို ဥပမာအနေဖြင့် အသုံးပြုမည်ဖြစ်သည်။ သို့သော် မှတ်တမ်းပြုစုသိမ်းဆည်းခြင်း ကို OneDrive၊ iCloud သို့မဟုတ် Dropbox အသုံးပြု၍လည်း ပြုလုပ်နိုင်သည်။

ပုံမှန် Google အကောင့်တွင် အသုံးပြုသူများအနေဖြင့် သိုလှောင်သိမ်းဆည်းရန် နေရာ 15GB ကို အခမဲ့ ရကြသည်။ ၎င်းသည် 5GB ပေးသော Microsoft ၏ OneDrive နှင့် Apple ၏ iCloud ထက် သိသိသာသာ ပိုများသည်။

သင်ဘာလုပ်သင့်သလဲ

1. အကောင့်အသစ်အတွက် စာရင်းသွင်းပါ။

အောက်ပါ အဆင့်များတွင် ကျွန်ုပ်တို့အနေဖြင့် Google Drive ကို အသုံးပြုသွားမည်ဖြစ်သည်။ သို့သော် Google Drive အသုံးမပြုလိုပါက သင်အသုံးပြုလိုသော cloud သိုလှောင်သိမ်းဆည်းခြင်း ဝန်ဆောင်မှု အတွက်လည်း ထို အဆင့်များအတိုင်း လုပ်ဆောင်နိုင်သည်။

  1. BitWarden တွင် သိုလှောင်ထားသော ခိုင်မာသော စကားဝှက် အား အသုံးပြု၍ Google အကောင့် အသစ် အတွက် စာရင်းသွင်းပါ။

မှတ်ချက်: ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးကိုယ်တာသုံး gmail သို့မဟုတ် အလုပ်နှင့်သက်ဆိုင်သော gmail မှ တစ်ဆင့် အကောင့်တစ်ခုကို ဖန်တီးနေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်၏ သိမ်းဆည်းထားသော မှတ်တမ်းများကို ခွဲခြား ပြုစုသိမ်းဆည်းနိုင်ရန်ဖြစ်သည်။

2. သင့် ပစ္စည်းကိရိယာများသို့ အကောင့်အသစ်အား ထည့်သွင်းပါ။

Google အကောင့်အသစ် အား သင်၏ 🤖 ANDROID ဖုန်း နှင့် 🍏 iOS သို့ ထည့်သွင်းပါ။

3. သင့် ပစ္စည်းကိရိယာများသို့ Google Drive အား install လုပ်ပါ။

အကယ်၍ သင့်ဖုန်းတွင် Google Drive မရှိသေးပါက 🤖 ANDROID အတွက် Play Store သို့မဟုတ် 🍏 iOS အတွက် App Store မှ ရယူပါ။

Windows နှင့် MacOS များတွင်မူ သင်၏ web-client သို့ လော့ဂ်ဂင်ဝင်လိုက်လျှင် ရပြီဖြစ်သည်။