💻/🖥️ Thunderbird မှ Gmail သို့ အီးမေးလ်များကို ကူးယူပါ။

Pasted image 20210612004956.png
Last updated on : 2021-10-06

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

  1. Gmail သို့ အီးမေးလ်များကို ကူးယူသောအခါတွင် သင်၏ အီးမေးလ်များ "လာသော"၊ "လက်ရှိတွင် သိုလှောင်ထားသော" အီးမေးလ်အကောင့် သင့်တွင် ရှိနေမည်ဖြစ်သည်။ ထိုကဲ့သို့ အီးမေးလ်အကောင့်ကို origin account ဟု ခေါ်ဝေါ်မည်ဖြစ်သည်။ သင်၏ အီးမေးလ်အား ကူးယူထည့်သွင်းမည့် Gmail အကောင့်အား destination account ဟု ခေါ်ဝေါ်မည်ဖြစ်သည်။
  2. သင့် အီးမေးလ်များကို Gmail သို့ ကူးယူခြင်း သို့မဟုတ် ပြောင်းရွှေ့ခြင်း ပြုလုပ်နိုင်သည်။ ပြောင်းရွှေ့ခြင်း ဆိုသည်မှာ အီးမေးလ်များကို သင့် origin account မှ ဖျက်သွားမည်ဖြစ်ပြီး ကူးယူခြင်း ဆိုသည်မှာ အီးမေးလ်များကို ပွားထားခြင်းဖြစ်ပြီး အကောင့် နှစ်ခုစလုံးတွင် အသုံးပြု၍ ရနိုင်မည်ဖြစ်သည်။
  3. ကျွန်ုပ်တို့သည် ဤနေရာတွင် Gmail အား မှီငြမ်းခြင်း အတွက်သာ အသုံးပြုထားခြင်းဖြစ်သည်။ origin နှင့် destination အီးမေးလ် နှစ်ခုစလုံးအတွက် အခြားသော အီးမေးလ်ဝန်ဆောင်မှုပေးသူများအတွက်လည်း လိုက်လံလုပ်ဆောင်ရန် တူညီသော အဆင့်များ ဖြစ်သည်။
  4. အဆင့်မြင့် 👩‍💻 - ၎င်းသည် IMAP လုပ်ဆောင်ချက်တွင် အမှီသဟဲပြုထားသည်။ ထို့ကြောင့် အကယ်၍ ညွှန်ကြားချက်များ လုပ်ဆောင်၍ အလုပ်မဖြစ်ပါက (၁) သင်၏ အီးမေးလ်ဝန်ဆောင်မှုပေးသူအနေဖြင့် IMAP အသုံးပြုခွင့် ဖွင့်ထားသည်ကို သေချာအောင်ပြုလုပ်ပါ။ (၂) Thunderbird အား IMAP တစ်ဆင့် အီးမေးလ်များကို အသုံးပြုခွင့်ရရှိစေရန် ပြင်ဆင်မွမ်းမံပြီးသည်ကို သေချာအောင်ပြုလုပ်ပါ။

သင်ဘာပြင်ဆင်သင့်သလဲ

  1. Thunderbird install လုပ်ထားသော ကွန်ပျူတာ တစ်ခု ကို အင်တာနက်ချိတ်ဆက်ထားပြီး အဆင်သင့်ပြင်ဆင်ထားပါ။
  2. origin account နှင့် destination account နှစ်ခုစလုံးအား Thunderbird သို့ ထည့်သွင်းထားပါ။

သင်ဘာလုပ်သင့်သလဲ

1. Origin အကောင့် မှ destination အကောင့်သို့ ကူးယူရန် Thunderbird အား အသုံးပြုပါ။

  1. Thunderbird ကို ဖွင့်ပါ။
  2. ဘယ်ဘက်အခြမ်းတွင် မြင်တွေ့ရသော pane မှ သင်၏ destination အကောင့်သို့ ကူးယူလိုသော အီးမေးလ်များ ပါဝင်သည့် origin ဖိုင်လ်တွဲကို ဖွင့်ပါ။
    Pasted image 20210612014321.png
  3. သင် ထည့်သွင်းလိုသော စာတိုများကို highlight လုပ်ပါ။ အကယ်၍ သင်သည် စာတိုများအားလုံးကို ထည့်သွင်းလိုပါက Windows တွင် CTRL + A နှိပ်၍ သို့မဟုတ် Mac တွင် Command + A နှိပ်၍ စာတိုများအားလုံးကို highlight လုပ်နိုင်သည်။
    Pasted image 20210612014450.png
  4. ထို့နောက် သင် ကူးယူလိုသော မည်သည့် စာတိုပေါ်တွင်မဆို mouse ၏ ညာဘက်ခလုတ်ကို နှိပ်ပါ။
  5. ပေါ်လာသော မီနူးထဲတွင် Move To သို့မဟုတ် Copy To ဟု ရွေးချယ်စရာများ တွေ့ပါလိမ့်မည်။ သင်ပြုလုပ်လိုသော အရာကို ရွေးချယ်ပါ။
  6. သင်၏ destination account ကို ရွေးပါ။
  7. သင် ၎င်းတို့အား ထည့်သွင်းလိုသော ဖိုင်လ်တွဲကို ရွေးချယ်ပါ။ ဥပမာ "Inbox"
    Pasted image 20210612014530.png
  8. destination account၏ အသုံးပြုသူအမည် နှင့် စကားဝှက်အား အသုံးပြု၍ Gmail ထဲသို့ လော့ဂ်ဂင်ဝင်ပြီး သင်၏ destination account ကို စစ်ဆေးကြည့်ပါ။ အကယ်၍ ရွှေ့ပြောင်းခြင်း အောင်မြင်စွာဖြစ်မြောက်သွားပါက သင် ၎င်းတို့အား ရွှေ့ပြောင်းလိုက်သော ဖိုင်လ်တွဲထဲတွင် ပေါ်နေမည်ဖြစ်သည်။

Sources : LifeWire