📱 iOS - Whatsapp မှ စာတိုပေးပို့မှုများကို Export ထုတ်ပါ။

Pasted image 20210612043601.png
Last updated on : 2021-10-07

အရေးကြီးသည်။

အကယ်၍ Whatsapp တွင် ပါရှိပြီးသားဖြစ်သော export ထုတ်ခြင်းအတွက် သတ်မှတ်ထားသည့် စာတိုပေါင်း ၄၀,၀၀၀ အများဆုံးအကန့်အသတ်အား သင်၏ စာတိုပေးပို့မှုသည် ကျော်လွန်နေပါက ဤနည်းလမ်းသည် သင့်စာတိုများ ဆုံးရှုံးမှုအား ဖြစ်ပေါ်စေနိုင်သည်။ export အပြည့်အဝ ထုတ်ရန်အတွက် iTransor ကဲ့သို့သော ကိရိယာကို အသုံးပြုပါ။

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

သင်ဘာလုပ်သင့်သလဲ

1. စာတိုပေးပို့မှုမှတ်တမ်းကို Export ထုတ်ပါ။

  1. WhatsApp ကို ဖွင့်ပါ။
  2. သင် export ထုတ်လိုသော စာတိုပေးပို့မှု သို့သွားပါ။
  3. စကရင်၏ ထိပ်တွင်ရှိသော အဆက်အသွယ်၏ အမည်ကို နှိပ်ပါ။
  4. ရွေးချယ်စရာ စာရင်းမှ “More” ကို ရွေးပြီးနောက် “Export chat” ကို ရွေးပါ။
  5. ထို့နောက် သင့်အနေဖြင့် စာတိုပေးပို့မှုအား မီဒီယာနှင့်တကွ သော်လည်းကောင်း သို့မဟုတ် မီဒီယာမပါပဲ သော်လည်းကောင်း မည်ကဲ့သို့ export ထုတ်လိုသည်ကို သင့်အား မေးမြန်းပါလိမ့်မည်။
    Pasted image 20210612042754.png
  6. ရွေးချယ်ပြီးနောက် စာတိုပေးပို့မှုဒေတာ ပါဝင်သော အီးမေးလ်အား ပေးပို့ရန် မည်သည့် အီးမေးလ်ဝန်ဆောင်မှုအား သင်အသုံးပြုလိုသည်ကို ‌ရွေးပါ။ ထို့နောက် ဒေတာအချက်အလက်သည် အီးမေးလ်တွင် တစ်ပါတည်းတွဲပေးသွားမည်ဖြစ်ပြီး သင်ပို့လိုသော မည်သည့် အီးမေးလ်လိပ်စာကိုမဆို သင် ပေးပို့နိင်မည်ဖြစ်သည်။
    Pasted image 20210612043420.png

Sources : WhatsApp