💻/🖥️/📱 Facebook Messenger မှ စာတိုပေးပို့မှုများကို Export လုပ်ပါ။

Pasted image 20210612043717.png
Last updated on : 2021-10-06

ညွှန်ကြားချက်များ

သင်ဘာလုပ်သင့်သလဲ

သင်သည် ၎င်းအား Facebook မိုဘိုင်းလ် အက်ပ်တွင်သာမက desktop ဗားရှင်းတွင်လည်း ပြုလုပ်နိုင်သည်။

1. စာတိုပေးပို့မှုများအားလုံးကို Export ထုတ်ပါ။

  1. သင့် Facebook အကောင့်ကို ဖွင့်ပါ။ ထို့နောက် သင့် စကရင်၏ အပေါ်ဘက် ညာဘက်ထောင့်တွင်ရှိသည့် သေးငယ်သော သုံးထောင့်ပုံ ကို နှိပ်ပါ။
  2. "Settings" ကို နှိပ်ပါ။
  3. "Your Facebook Information“ ကို နှိပ်ပါ။
  4. "Download a copy of your information“ ကို နှိပ်ပါ။

Pasted image 20210612032111.png

ဤစာမျက်နှာတွင် သင် Facebook မှ ‌သင် ဒေါင်းလုဒ်ဆွဲလိုသော ဒေတာအချက်အလက်ကို ရွေးချယ်ပါ။

  1. "Deselect All“ ကို နှိပ်ပါ။
  2. သင့် စာတိုပေးပို့မှုများကိုသာ ဒေါင်းလုဒ်ဆွဲရန် "Messages“ အပိုင်းတွင်ရှိသော သေတ္တာပုံစံငယ် ကို အမှန်ခြစ်ပါ။
    3.အပေါ်ဘက် ညာဘက်ထောင့်တွင်ရှိသည့် "Create File" ကို နှိပ်ပါ။

Pasted image 20210612032216.png

  1. သင်၏ စာတိုပေးပို့မှုများအား ဒေါင်းလုဒ်ဆွဲရန် အဆင်သင့်ဖြစ်ပါက Facebook မှ သင့်အား အသိပေးချက်တစ်ခု ပေးပို့ပါလိမ့်မည်။
  2. ဒေါင်းလုဒ်ဆွဲထားသည့်အရာများ၏ အကျဥ်းချုပ်ကို အသုံးပြုခွင့်ရရှိရန် ၎င်းအား နှိပ်ပါ။

Pasted image 20210612032250.png

2. backup များကို သိုလှောင်ပါ။

  1. အကယ်၍ သင်သည် ဒေါင်းလုဒ်ဆွဲထားသည့် ဖိုင်လ်များကို မှတ်တမ်းပြုစုရန်အတွက် အသုံးပြုလိုပါက 💻-🖥️-📱 သင့်ဒေတာအချက်အလက်အား မှတ်တမ်းပြုစုခြင်း သို့မဟုတ် ဖျက်ဆီးခြင်း။လမ်းညွှန် တွင် ဖော်ပြထားသော "ဖိုင်လ်များကို Local Storage သို့" သို့မဟုတ် "ဖိုင်လ်များကို Cloud သို့" ညွန်ကြားချက်များအား မှီငြမ်းနိုင်သည်။

Sources : ZappTales