💻/🖥️ Telegram မှ စာတိုပေးပို့မှုများကို export ထုတ်ပါ။

Last updated on : 2021-10-06
ညွှန်ကြားချက်များ
သင်ဘာသိသင်ဘာသိသင့်သလဲ
- ဤအရာကို Windows၊ MacOS သို့မဟုတ် Linux တစ်ခုခု ပေါ်တွင် ပြုလုပ်နိုင်သည်။
သင့်ဘာပြင်ဆင်သင့်သလဲ
- သင့်အနေဖြင့် ဆော့ဖ်ဝဲလ်အသစ်ကို install လုပ်ရန် ခွင့်ပြုချက်ရှိသည့် အင်တာနက်ချိတ်ဆက်ထားသော ကွန်ပျူတာတစ်လုံး။
- တရားဝင် ဆိုဒ် သို့ သွားရောက်ပြီး 'Get Telegram' ကို နှိပ်၍ Telegram Desktop ကို ဒေါင်းလုဒ်ဆွဲပါ။
သင်ဘာလုပ်သင့်သလဲ
စာတိုပေးပို့မှု တစ်ခုချင်းစီကို export ထုတ်ပါ။
- Telegram Desktop အက်ပ်လီကေးရှင်းကို ဖွင့်ပါ။
- သင် export ထုတ်ရန် ရည်ရွယ်ထားသော စာတိုပေးပို့မှုသို့ သွားပါ။ အပေါ် ညာဘက်ထောင့်တွင်ရှိသော အစက် ၃ စက်ကို နှိပ်ပါ။

- Export chat history ကို နှိပ်ပါ။
- သင် ကြိုက်နှစ်သက်မှုအပေါ်မူတည်၍ ရွေးချယ်စရာများကို အမှန်ခြစ်ပါ။ ထို့နောက် အခြားသော ရွေးချယ်စရာများ (ဥပမာ အရွယ်အစားအကန့်အသတ်၊ ဒေါင်းလုဒ်ဆွဲမည့် လမ်းကြောင်း၊ စသည်ဖြင့်)

- Export ကို နှိပ်ပါ။
စာတိုပေးပို့ထားမှုအားလုံးကို Export ထုတ်ပါ။
- Telegram Desktop အက်ပ်လီကေးရှင်းကို ဖွင့်ပါ။
- Settings > Advanced > Export Telegram data သို့ သွားပါ။

- သင် export ထုတ်လိုသော ဒေတာအချက်အလက်ကို ရွေးချယ်ပါ။

- "Human-readable HTML" ကို ရွေးခြင်းသည် သင့်အနေဖြင့် ၎င်းအား အလွယ်တကူ ဖတ်ရှုနိုင်မည်ဖြစ်သည်။ သို့မဟုတ် (
အဆင့်မြင့်အတွက်သာ👩💻) အကယ်၍ အခြား အက်ပ်လီကေးရှင်းတစ်ခုသို့ တင်သွင်းလိုပါက "Machine-readable JSON" ကို ရွေးပါ။

Sources : Quora