📱 Android - Windows 10 သို့ ချိတ်ဆက်ပါ။

Last updated on : 2021-10-05

ညွှန်ကြားချက်များ

သင်ဘာပြင်ဆင်သင့်သလဲ

သင်ဘာလုပ်သင့်သလဲ

  1. သင့်ဖုန်းအား သင့်ကွန်ပျူတာရှိ မည်သည့် USB port တွင်မဆို ထည့်သွင်းချိတ်ဆက်ပါ။
  2. သင့်ဖုန်း၏ စကရင်အား ဖွင့်၍ ပစ္စည်းကိရိယာကို လော့ခ်ဖွင့်လိုက်ပါ။
  3. သင့် notifications အား ဖွင့်ပါ။ ထို့နောက် "current USB connection" နှင့် ပတ်သတ်၍ အသိပေးချက်တစ်ခု သင်တွေ့ရပါလိမ့်မည်။
  4. ပုံသေအားဖြင့် သင့်ဖုန်းသည် "charging(အားသွင်း)ရန်အတွက်သာ" ဖော်ပြနေမည်ဖြစ်သည်။

Pasted image 20210611203500.png

  1. ထိုအသိပေးချက်အား နှိပ်ပြီး ပေါ်လာသော မီနူးထဲတွင် "Transfer files" သို့မဟုတ် "File transfer" ကို ရွေးပါ။
    • မှတ်ချက်: အကယ်၍ သင်သည် မီဒီယာဖိုင်လ်များကိုသာ ပြောင်းရွှေ့မည်ဆိုပါက "Transfer photos" ("PTP" ဟု တစ်ခါတစ်ရံဖော်ပြထားတတ်သည်) ရွေးချယ်စရာကိုလည်း အသုံးပြုနိုင်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင်၏ ဖုန်းအား ဒီဂျစ်တယ် ကင်မရာ တစ်ခုအဖြစ် သတ်မှတ်ချိတ်ဆက်သွားလိမ့်မည်ဖြစ်သည်။
  2. သင့် ကွန်ပျူတာသို့သွားပါ။ ထို့နောက် Windows တွင် "File Explorer" window တစ်ခုကို အောက်ပါနည်းလမ်းတစ်ခုခုကို အသုံးပြု၍ ဖွင့်ပါ။
    • သင့် taskbar ထဲရှိ "File Explorer" icon ကို နှိပ်ပါ။
    • Start မီနူး ကို ဖွင့်ပါ။ ထို့နောက် "This PC" သို့မဟုတ် "Computer" ကို နှိပ်ပါ၊
    • သင့် ကွန်ပျူတာ စကရင်ပေါ်တွင် တွေ့ရသော "This PC"၊ "Computer"၊ သို့မဟုတ် "My Computer" icon ကို နှိပ်ပါ။

Pasted image 20210611204224.png

  1. ထို့နောက် အခြားသော ပစ္စည်းကိရိယာများ နှင့် drive များ၏ ဘေးတွင် သင့်ဖုန်းအား ကိုယ်စားပြုသော icon တစ်ခုကို ရှာပါ။ ထို icon အား နှစ်ခါနှိပ်ပြီးနောက် သင်သည် သင့် Android ဖုန်း၏ internal storage ကို မြင်တွေ့ရမည်ဖြစ်သည်။
  2. အခုအခါ သင်သည် ဖိုင်လ်တွဲများကို လိုသလို ဖွင့်၍ လိုက်လံကြည့်ရှုနိုင်ပြီဖြစ်သည်။ သင့်ဖုန်းနှင့် ကွန်ပျူတာ အကြားတွင်လည်း ဖိုင်လ်များကို ဆွဲ၍ ကူးပြောင်းနိုင်မည်ဖြစ်သည်။

Pasted image 20210611230921.png

Source: ComputerWorld