📱 Signal အား အသုံးပြုရန် ပြင်ဆင်ပါ။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ပြင်ဆင်မှု 🧑 ⭐⭐⭐⭐⭐ ⭐ 🧑 🆓 2021-10-19

Pasted image 20210612043921.png

စဥ်းစားပုံစဥ်းစားနည်း

Signal သည် စာတိုပို့ခြင်း နှင့် အသံ/ဗီဒီယိုဖုန်း‌‌ခေါ်ဆိုမှု နှစ်ခုစလုံးအတွက် အလုံခြုံဆုံးသော အက်ပ်တစ်ခု ဖြစ်ပါသည်။ သင်၏ အွန်လိုင်းတွင် ဆက်ဆံပြောဆိုသော ထိလွယ်ရှာလွယ်ဖြစ်သည့် စကားပြောဆိုမှုများအတွက် ထို အက်ပ်ကိုသာ အသုံးပြုရန် အကြံပြုသည်။

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

သင်ဘာပြင်ဆင်ထားသင့်သလဲ

Pasted image 20210612234805.png

သင်ဘာလုပ်သင့်သလဲ

1. သင့် စမတ်ဖုန်းတွင် Signal ကို Install လုပ်ပါ။

🤖 ANDROID တွင်

  1. Google Play Store မှတစ်ဆင့် Signal ကို Install လုပ်ပါ။
  2. "Signal" ကို စတင်ပါ။
  3. Terms & Conditions တွင် "Continue" ကို နှိပ်ပါ။
    Pasted image 20210613024553.png
  4. သင့် အဆက်အသွယ်များနှင့် မီဒီယာများအား အသုံးပြုခွင့် ပေးရန်အတွက် "Continue" ကို နှိပ်ပါ။
    Pasted image 20210613024648.png
  5. သင့် ဖုန်းနံပါတ်အား ထည့်သွင်းပြီးနောက် "next" ကို နှိပ်ပါ။ သင့်အား အတည်ပြုရန်ကုဒ်အား ပေးပို့ပေးပါလိမ့်မည်။ SMS အား ရရှိသည်နှင့် အတည်ပြုပါ။
    Pasted image 20210613024743.png
  6. သင်၏ အမည်အရင်း သို့မဟုတ် အမည်လွှဲ တစ်ခု နှစ်ခုထဲမှ မည်သည်ကို အသုံးပြုမည်ကို ဆုံးဖြတ်ပါ။ သင့်အနေဖြင့် ကိုယ်ရေးဓာတ်ပုံအား တင်လိုပါကလည်း တင်နိုင်သည်။
    Pasted image 20210613024912.png
  7. "Create Alphanumeric Pin" ကို နှိပ်ပြီးနောက် 🔒 ခိုင်မာသော PIN တစ်ခုအား ထုတ်ခြင်း။ တွင် ပါဝင်သော အကြံပြုချက်များအတိုင်း PIN ကို ဖန်တီးပါ။ သီးသန့်တစ်မူထူးခြားသော PIN တစ်ခုကို ဖန်တီးပါ။ - ဥပမာ သင့်ဖုန်းအားဖွင့်သော PIN ကို အသုံးမပြုပါနှင့်။ - ထို့နောက် PIN အား သင်၏ Bitwarden စကားဝှက် မန်နေဂျာ ထဲတွင် သိုလှောင်ပါ။ ၎င်းသည် သင်၏ "Signal PIN" ဖြစ်သည်။ - ၎င်းအား ဖုန်းအသစ်သို့ ‌ဒေတာအချက်အလက်များ ကူးပြောင်းခြင်း သို့မဟုတ် ပြန်လည်ရယူခြင်းများအတွက် အသုံးပြုသွားမည်ဖြစ်သည်။
    Pasted image 20210613025201.png
  8. ကောင်းပြီ - သင်၏ အခြေခံ အသုံးပြုရန်ပြင်ဆင်မှုကတော့ ပြီးဆုံးသွားပြီဖြစ်သည်။
    Pasted image 20210613025559.png

🍏 iOS တွင်

  1. Apple App Store မှတစ်ဆင့် Signal ကို Install လုပ်ပါ။
  2. "Signal" ကို စတင်ပါ။
  3. Terms & Conditions တွင် "Continue" ကို နှိပ်ပါ။
    Pasted image 20210613025712.png
  4. "Enable Permissions" ကို နှိပ်ပါ။
    Pasted image 20210613025745.png
  5. သင့် အဆက်အသွယ်များနှင့် မီဒီယာများအား အသုံးပြုခွင့် ပေးရန်အတွက် "Continue" ကို နှိပ်ပါ။
    Pasted image 20210613025815.png
  6. သင့် ဖုန်းနံပါတ်အား ထည့်သွင်းပြီးနောက် "next" ကို နှိပ်ပါ။ သင့်အား အတည်ပြုရန်ကုဒ်အား ပေးပို့ပေးပါလိမ့်မည်။
    Pasted image 20210613025828.png
  7. SMS အား ရရှိသည်နှင့် အတည်ပြုရန်အတွက် ကုဒ်ကို ထည့်သွင်းပါ။
    Pasted image 20210613025842.png
  8. သင်၏ အမည်အရင်း သို့မဟုတ် အမည်လွှဲ တစ်ခု နှစ်ခုထဲမှ မည်သည်ကို အသုံးပြုမည်ကို ဆုံးဖြတ်ပါ။ သင့်အနေဖြင့် ကိုယ်ရေးဓာတ်ပုံအား တင်လိုပါကလည်း တင်နိုင်သည်။
    Pasted image 20210613025918.png
  9. "Create Alphanumeric Pin" ကို နှိပ်ပြီးနောက် 🔒 ခိုင်မာသော PIN တစ်ခုအား ထုတ်ခြင်း။ တွင် ပါဝင်သော အကြံပြုချက်များအတိုင်း PIN ကို ဖန်တီးပါ။ သီးသန့်တစ်မူထူးခြားသော PIN တစ်ခုကို ဖန်တီးပါ။ - ဥပမာ သင့်ဖုန်းအားဖွင့်သော PIN ကို အသုံးမပြုပါနှင့်။ - ထို့နောက် PIN အား သင်၏ Bitwarden စကားဝှက် မန်နေဂျာ ထဲတွင် သိုလှောင်ပါ။ ၎င်းသည် သင်၏ "Signal PIN" ဖြစ်သည်။ - ၎င်းအား ဖုန်းအသစ်သို့ ‌ဒေတာအချက်အလက်များ ကူးပြောင်းခြင်း သို့မဟုတ် ပြန်လည်ရယူခြင်းများအတွက် အသုံးပြုသွားမည်ဖြစ်သည်။
  10. Signal မှ သင်၏ ဒေသခံကွန်ရက်သို့ ချိတ်ဆက်မှုအား ခွင့်ပြုရန်အတွက် "OK" ကို နှိပ်ပါ။
    Pasted image 20210613030002.png
  11. ကောင်းပြီ - သင်၏ အခြေခံ အသုံးပြုရန်ပြင်ဆင်မှုကတော့ ပြီးဆုံးသွားပြီဖြစ်သည်။
    Pasted image 20210613030041.png

2. ကိုယ်ရေးလုံခြုံရေးဆိုင်ရာ ဆက်တင်များကို အသုံးပြုရန်ပြင်ဆင်ပါ။

Signal သည် ၎င်းတွင် အစကတည်းကပင် အလွန်ကောင်းသော လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုများပါဝင်ပြီးဖြစ်သည်။ သို့သော် ၎င်း၏ ကိုယ်ရေးလုံခြုံရေးဆိုင်ရာ ဆက်တင်များကို ထပ်မံ၍ မြှင့်တင်နိုင်သေးသည်။

အသိပေးချက်များ

🤖 ANDROID တွင်

  1. အက်ပ်အား စတင်ဖွင့်လိုက်သည်နှင့် မြင်တွေ့ရသော အဓိကနေရာတွင် သင်၏ ကိုယ်ရေးအချက်အလက် icon အား နှိပ်၍ ဆက်တင်များကို ဖွင့်ပါ။
  2. "Notifications" ကို နှိပ်ပါ။
  3. Signal အတွက် အသိပေးချက်များတွင် ဖော်ပြပေးသော သတင်းအချက်အလက်များအား နည်းနိုင်သမျှနည်းအောင် ပြုလုပ်ပါ။ Signal အတွင်းတွင် ရှိသော စာတိုများကို သင့်အနေဖြင့် တတ်နိုင်သမျှ လျှို့ဝှက်ထားချင်ပေလိမ့်မည်။ ထို့ကြောင့် လော့ခ်ချထားသော စကရင်ပေါ်တွင် စာတိုများတွင်ပါဝင်သည့် အကြောင်းအရာများအား ထုတ်လွှင့်ထားခြင်း သို့မဟုတ် ၎င်းအသိပေးချက်များအား ပြသထားခြင်းသည်ပင်လျှင် နှစ်လိုဖွယ်ကောင်းမည်မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် အောက်ပါ နည်းလမ်းများမှ တစ်ခုအား ပြုလုပ်ထားရန် အကြံပြုသည်။
    • အသိပေးချက်များအား ပိတ်ထားခြင်း - Signal မှ စာတိုများကို ရံဖန်ရံခါ စစ်ဆေးရန်သာ သင် သတိရပါ။ "Notifications" အား "off" သို့ ပြောင်းထားပါ။
    • အမည် သို့မဟုတ် စာတိုများအား မပြသပါနှင့် - သင့်အား စာတိုတစ်ခု ရောက်ရှိနေကြောင်း ကိုသာ အသိပေးသော အသိပေးချက်အား ပြသထားပါ။ မည်သူထံမှ ပေးပို့လာသော သို့မဟုတ် ၎င်းတွင် ပါဝင်သောအကြောင်းအရာများအား မပြသထားပါနှင့်။ "Show" ကို နှိပ်ပြီးနောက် "No name or message" ကို ရွေးပါ။
      Pasted image 20210613043850.png

🍏 iOS တွင်

  1. Settings သို့ သွားပါ။
  2. "Notifications" ကို နှိပ်ပါ။
  3. အောက်သို့ ဆွဲချပြီး "Signal" ကို နှိပ်ပါ။
  4. "Show Previews" ကို နှိပ်ပါ။
  5. "Never" ကို ရွေးပါ။
ကိုယ်ရေးလုံခြုံမှု

🤖 ANDROID / 🍏 iOS တွင်

  1. "Signal" ကို ဖွင့်ပါ။
  2. သင်၏ ကိုယ်ရေးဓာတ်ပုံ အား နှိပ်၍ ဆက်တင်များ သို့ သွားပါ။
  3. "Privacy" ကို နှိပ်ပါ။
  4. သင့်အနေဖြင့် စာတိုအား ဖတ်ပြီးကြောင်း နှင့် စာပြန်ရန်အတွက် စာရိုက်နေကြောင်းအား ပြသလိုသည် မပြသလိုသည်ကို စဥ်းစားဆုံးဖြစတ်ပါ။ "Read Receipts" နှင့် "Typing Indicators" အား "On" သို့မဟုတ် "Off" သင်ပြုလုပ်လိုသည့်ပုံစံအပေါ်မူတည်၍ ပြောင်းပါ။
  5. စာတိုပေးပို့မှု အသစ်များတွင် "Disappearing"အလိုအလျောက်ပျောက်သွားသော စာတိုများ အတွက် ကြာချိန်အား သတ်မှတ်ပါ။ - ဥပမာ တစ်ဦးတစ်ယောက်မှ စာတိုအား ဖတ်ပြီးနောက် မည်မျှ အချိန်ကြာသောအခါ ထိုစာတိုအား စာတိုပေးပို့မှု မှတ်တမ်းမှ ဖျက်ရမည်နည်း? ထိုအချိန်အတွက် 'never'(ဘယ်သောအခါမျှ)ဟု လည်း သတ်မှတ်နိုင်သည်။
  6. Screen Lock ဝန်ဆောင်မှုသည် သင့်ဖုန်း၏ PIN ၊ စကားစုစကားဝှက် သို့မဟုတ် ဇီဝဗေဒဆိုင်ရာအချက်အလက်သုံး အထောက်အထားအတည်ပြုခြင်းစနစ် (ဥပမာ လက်ဗွေရာ၊ TouchID သို့မဟုတ် FaceID) စသည်တို့အား အသုံးပြုသည်။ ၎င်းအား ဖွင့်ထားပါ။
  7. Screen Lock inactivity timeout အား သင့်အတွက် သဟဇာတဖြစ်မည့်၊ အဆင်ပြေမည့် အချိန်အနည်းဆုံးတစ်ခုသို့ သတ်မှတ်ပါ။ - ဥပမာ ၁ မိနစ်
  8. အက်ပ်ထဲတွင် မည်သည့်တစ်ဦးတစ်ယောက်ကိုမျှ screenshot ရိုက်ခြင်းအား ခွင့်မပြုရန် "Screen Security အား "On" သို့ ပြောင်းပါ။ ထိုသို့ပြုလုပ်ထားခြင်းဖြင့် သင့်ဖုန်းမှ သက်သေများကို ရယူရန် ခက်ခဲသွားလိမ့်မည်ဖြစ်သည်။
  9. (🤖 ANDROID အတွက်သာ) - "Incognito Keyboard အား "On" သို့ပြောင်းပါ။ ထိုသို့ပြုလုပ်ထားခြင်းဖြင့် သင့် ကီးဘုတ် (ပံ့ပိုးမှုပေးထားပါက)အနေဖြင့် သင် ရိုက်နှိပ်လိုက်သော စကားလုံးများ နှင့် အလိုအလျောက်အမှန်ပြင်ပေးခြင်း သို့မဟုတ် အလိုအလျောက်အကြံပြုခြင်း စသည်တို့ကို ၎င်းအား မှတ်မိနေမည်မဟုတ်ပါ။ ထို့ကြောင့် သင်၏ လျှို့ဝှက်ကီးများ၊ စကားစုများ သို့မဟုတ် အမည်များသည် သင့် ကီးဘုတ် memory သို့ ပေါက်ကြားတော့မည်မဟုတ်ပါ။
    Pasted image 20210613044901.png

ကောင်းပါပြီ! အခုဆိုရင် သင်၏ Signal သည် ကိုယ်ရေးလုံခြုံမှု နှင့် လုံခြုံရေးအတွက် အသုံးပြုရန် ပြင်ဆင်ပြီးသွားပြီဖြစ်သည်။

3. Signal အား အသုံးပြုရာတွင် အကောင်းဆုံးသော အလေ့အကျင့်များ

ကျင့်ကြံလုပ်ဆောင်ခြင်းလမ်းညွှန်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် 📱 Signal အား လုံခြုံစွာ အသုံးပြုခြင်းထဲတွင် Signal အား လုံခြုံစွာအသုံးပြုရန် နည်းလမ်းများကို အကြံပြုထားသည်။ Signal အား တစိုက်မတ်မတ် စတင်အသုံးမပြုခင်တွင် ၎င်းလမ်းညွှန်အား လေ့လာရန် မမေ့ပါနှင့်။

Sources : ExpressVPN, Mashable, Wired, GadgetsNow