📱 SMS မှတစ်ဆင့် စာတိုပေးပို့ခြင်းအား ရှောင်ကျဥ်ပါ။
| အမျိုးအစား | ပရိသတ် | ဦးစားပေးမှု | ရှုပ်ထွေးမှု | အင်အားစိုက်ထုတ်ရမှု | ကုန်ကျစရိတ် | UPDATE ပြုလုပ်ပြီး |
|---|---|---|---|---|---|---|
| ကျင့်ကြံလုပ်ဆောင်ခြင်း | 🧑 | ⭐⭐⭐⭐⭐ | ⭐ | 🧑 | 🆓 | 2021-10-19 |
စဥ်းစားပုံစဥ်းစားနည်း
- SMS စာတိုများသည် လုံခြုံမှု မရှိပါ။ ၎င်းအစား ကျွန်ုပ်တို့အနေဖြင့် လုံခြုံသော လမ်းကြောင်းများကို အသုံးပြုသင့်သည်။
အဆင့်မြင့် အသေးစိတ်အချက်အလက်👩💻 : SMS စာတိုများအား ကြားဖြတ်ဖတ်ရှုခြင်း သို့မဟုတ် လမ်းကြောင်းလွှဲခြင်းများအတွက် နည်းလမ်းများစွာရှိပါသည်။ SMS စာတိုများသည်လည်း သင့် ဆင်းမ်ကဒ်ပေါ်တွင် မှီတည်ထားသည်။ - ထို့ကြောင့် အကယ်၍ သင်၏ တယ်လီကွန်းကုမ္ပဏီမှ သင်၏ ဖုန်းနံပါတ်ဖြင့် ဆင်းမ်ကဒ်တစ်ကဒ်ပွားပြီး အခြားတစ်ယောက်အား ပေးလိုက်ပါက (ဥပမာ သင့်ပုံစံအယောင်ဆောင်ထားသူ) ချက်ချင်းပင် သင်မဟုတ်ပဲ ၎င်းတို့မှ သင့်ဆီသို့ ရည်ရွယ်ပြီးလာသော စာတိုများအား လက်ခံနေနိုင်မည်ဖြစ်သည်။ SMS များသည်လည်း အစမှအဆုံးအသွင်ဝှက်ခြင်း(E2EE) ပြုလုပ်ထားခြင်း မရှိပါ။ ဆိုလိုသည်မှာ သင့် စာတိုများအား အသုံးပြုခွင့်ရှိသူ မည်သူမဆို စာတိုများ ကူးလူးပေးပို့နေစဥ်အတွင်းမှာပင် (ဥပမာ သင့်ဖုန်းမှ သို့မဟုတ် သင့်ဖုန်းသို့ ပေးပို့ခြင်း) ၎င်းတို့အား အခက်အခဲမရှိ ဖတ်ရှုနေနိုင်မည်ဖြစ်သည်။

ညွှန်ကြားချက်များ
သင့်ဘာသိသင့်သလဲ
E2EEဆိုသည်မှာ End-to-End Encrypted(အစမှအဆုံးအသွင်ဝှက်ခြင်း) အတွက် အတိုကောက်ဖြစ်သည်။ ဆိုလိုသည်မှာ စာတိုပေးပို့မှုထဲတွင်ရှိနေသောပစ္စည်းကိရိယာအား အသုံးပြုနေသည့် လူများ သာလျှင် စာတိုများကို ဖတ်ရှုနိုင်၊ ရေးသားနိုင်မည်ဖြစ်သည်။ အခြားတစ်ဖက်မှ စာတိုလက်ခံသူ၏ ဖုန်းသို့ စာတိုမရောက်ခင်တွင် ကြားဖြတ်ဖတ်ရှုပါက အဓိပ္ပာယ်မရှိသော ဒီဂျစ်တယ်ဆူညံသံများသာ "မြင်" ရမည်ဖြစ်သည်။
သင်ဘာလုပ်သင့်သလဲ
1. SMS အား ဆက်သွယ်ပြောဆိုမှုများအတွက် အသုံးမပြုပါနှင့်။
- SMS မပို့ပါနှင့်။ - ၎င်းအစား ဆက်သွယ်ပြောဆိုမှုများအတွက် Signal ကဲ့သို့ လုံခြုံသော အက်ပ်များကို အသုံးပြုပါ။
- သင့်အဆက်အသွယ် တစ်ယောက်ယောက်ဆီမှ SMS လက်ခံရရှိသောအခါ - သင့်ထံသို့ SMS ပေးပို့သူများအား သင်ထိန်းချုပ်၍မရနိုင်ပါ။ သို့သော် သင့်အဆက်အသွယ် တစ်ယောက်ယောက်ဆီမှ SMS လက်ခံရရှိခဲ့ပါက အဘယ်ကြောင့် Signal ကဲ့သို့ လုံခြုံသောအက်ပ်များကိုသာ ဆက်သွယ်ရေးအတွက် အသုံးပြုသင့်ကြောင်းကို စာပြန်၍ ရှင်းပြပါ။
2. ဝက်ဘ်ဝန်ဆောင်မှုများမှ သင့် ဖုန်းနံပါတ်အား ဖယ်ရှားပါ။
ရည်ရွယ်ချက်မှာ ဝက်ဘ်ဆိုဒ်များမှ သင့်အား SMS စာတိုပေးပို့ခြင်း (ဥပမာ လုံခြုံရေးဆိုင်ရာတိုကင်များ သို့မဟုတ် လော့ဂ်ဂင်ကုဒ်များ) မှ ရှောင်ရှားရန်ဖြစ်သည်။ ထို့ကြောင့် သင့်ဖုန်းနံပါတ်ရှိသော ဝက်ဘ်ဝန်ဆောင်မှုများ (ဥပမာ Facebook၊ Google၊ Microsoft) သို့ လော့ဂ်ဂင်ဝင်ပြီးနောက် အောက်ပါအဆင့်များမှ တစ်ခုအား လုပ်ဆောင်ပါ။
- သင့်အကောင့်မှ သင့်ဖုန်းနံပါတ်အား လုံးဝ ဖယ်ရှား၍ ရမရအား စစ်ဆေးပါ။ ပုံမှန်အားဖြင့် "Account Settings"၊ "Profile"၊ "Contact Details" သို့မဟုတ် "Security" များ မှတစ်ဆင့် ပြုလုပ်နိုင်သည်။
- ဝန်ဆောင်မှုများအား သင့်အား SMS မှတစ်ဆင့် ဆက်သွယ်ခြင်း ခွင့်မပြုထားပါနှင့်။
- မှတ်ချက် အကယ်၍ လုံခြုံရေးဆိုင်ရာပြင်ဆင်မှုတွင် အဆင့်များစွာခံလုံခြုံရေးစနစ်အသုံးပြုမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လက်ရှိတွင် SMS အား အသုံးပြုထားပါက 🔒 အဆင့်များစွာခံလုံခြုံရေးစနစ်အတွက် Authenticator ကို အသုံးပြုရန်ပြင်ဆင်ပါ။ထဲတွင် ပါဝင်သော ညွှန်ကြားချက်များအား ဖတ်ရှပြီး SMS ာတိုများအား ဒုတိယလုံခြုံရေးအဆင့်အဖြစ် အသုံးပြုမည့်အစား "အချိန်ကန့်သတ်ထားပြီး တစ်ကြိမ်သာ အသုံးပြု၍ရသည့် စကားဝှက် (T-OTP)" အား မည်ကဲ့သို့ အသုံးပြုရမည်ကို လေ့လာသင်ယူပါ။
3. မည်သည့်အက်ပ်များမှ စာတိုပေးပို့မှုများအတွက် E2EE ပံ့ပိုးပေးထားသည်ကို လေ့လာပါ။
E2EE အက်ပ်များ မှတစ်ဆင့် စာတိုများ ပေးပို့ရန်အတွက် လမ်းညွှန်ကို ဖတ်ရှုပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင်အနေဖြင့် မည်သည့်အက်ပ်များသည် ယုံကြည်ရပြီး မည်သည့်အချိန်တွင် ပို၍လုံခြုံသောလမ်းကြောင်းတစ်ခုသို့ပြောင်းရန် အကြံပြုရမည်ကို သင်သိရှိမည်ဖြစ်သည်။
Sources : KrebsOnSecurity