📱 E2EE အက်ပ်များ မှတစ်ဆင့် စာတိုများ ပေးပို့ခြင်း။
| အမျိုးအစား | ပရိသတ် | ဦးစားပေးမှု | ရှုပ်ထွေးမှု | အင်အားစိုက်ထုတ်ရမှု | ကုန်ကျစရိတ် | UPDATE ပြုလုပ်ပြီး |
|---|---|---|---|---|---|---|
| ကျင့်ကြံလုပ်ဆောင်ခြင်း | 🧑 | ⭐⭐⭐⭐⭐ | ⭐ | 🧑 | 🆓 | 2021-10-19 |
စဥ်းစားပုံစဥ်းစားနည်း
📱 SMS မှတစ်ဆင့် စာတိုပေးပို့ခြင်းအား ရှောင်ကျဥ်ပါ။တွင် ရှင်းပြခဲ့သည့်အတိုင်း စာတို ဗြောင် များသည် လုံခြုံမှုမရှိပဲ ၎င်းတို့အား ကြားဖြတ်ဖတ်ရှုခြင်း သို့မဟုတ် လမ်းကြောင်းလွှဲခြင်းများ ပြုလုပ်နိုင်သည်။ ထို့ကြောင့် ၎င်းအစား ကျွန်ုပ်တို့အနေဖြင့် လုံခြုံသော ဆက်သွယ်ရေး လမ်းကြောင်းများကို အသုံးပြုသင့်သည်။
ညွှန်ကြားချက်များ
သင်ဘာသိသင့်သလဲ
E2EEဆိုသည်မှာ End-to-End Encrypted(အစမှအဆုံးအသွင်ဝှက်ခြင်း) အတွက် အတိုကောက်ဖြစ်သည်။ ဆိုလိုသည်မှာ စာတိုပေးပို့မှုထဲတွင်ရှိနေသောပစ္စည်းကိရိယာအား အသုံးပြုနေသည့် လူများ သာလျှင် စာတိုများကို ဖတ်ရှုနိုင်၊ ရေးသားနိုင်မည်ဖြစ်သည်။ အခြားတစ်ဖက်မှ စာတိုလက်ခံသူ၏ ဖုန်းသို့ စာတိုမရောက်ခင်တွင် ကြားဖြတ်ဖတ်ရှုပါက အဓိပ္ပာယ်မရှိသော ဒီဂျစ်တယ်ဆူညံသံများသာ "မြင်" ရမည်ဖြစ်သည်။- အက်ပ် တော်တော်များများမှ "အသွင်ဝှက်ထားသော စာတိုပေးပို့မှုများ" အား ပံ့ပိုးပေးထားသော်လည်း ၎င်းတို့အားလုံးသည်
E2EEမဟုတ်ကြပါ ... သို့မဟုတ် ၎င်းအား ပုံသေအဖြစ် ပံ့ပိုးမှုပေးမထားပါ။ ထို့ကြောင့် အောက်တွင် အက်ပ်များတွင် ၎င်းတို့၏ စာတိုပေးပို့မှုများအား ပုံသေအားဖြင့် အစမှအဆုံး အသွင်ဝှက်ခြင်းအား ပံ့ပိုးပေးထားသည့်အပေါ်တွင်မူတည်၍ မည်သည့် အက်ပ်အား အသုံးပြုရမည်ကို အကြံပြုသွားမည်ဖြစ်သည်။ E2EEမပံ့ပိုးထားခြင်းကြောင့် ၎င်းတို့အားအသုံးပြု၍ စာတိုပေးပို့ခြင်းသည် လုံးဝ မလုံခြုံပါ သို့မဟုတ် အသွင်မဝှက်ထားပါ ဟု မဆိုလိုပါ။ သို့သော် အခြားလူပုဂ္ဂိုလ်အဖွဲ့အစည်းတစ်ခုခုမှ (များသောအားဖြင့် ထို ဝန်ဆောင်မှု ကိုယ်တိုင်ပင်) သင်၏ စာတိုပေးပို့မှုများအား အသုံးပြုခွင့်ရှိနေမည်ဖြစ်သည်ဟု ဆိုလိုပါသည်။ ထို့ကြောင့် သင့်အနေဖြင့် Facebook (ဥပမာ Messenger)အား သင့် စာတိုပေးပို့မှုများအတွက် သင်ယုံကြည်ကောင်းယုံကြည်ပါလိမ့်မည်။ ၂၀၁၈ ခုနှစ်တွင် အစီရင်ခံစာတစ်ခုရှိခဲ့သည်။ ၎င်းအစီရင်ခံစာတွင် ဟက်ကာများမှ သန်း ၁၂၀ သော Facebook အကောင့်များမှ ကိုယ်ရေးသီးသန့် စာတိုများအား ရရှိသွားသည်ဟု ဖော်ပြခဲ့ဖူးသည်။ E2EE မပါခဲ့ပါက သင်၏ စာတိုပေးပို့မှုများသည် မကောင်းသောသူများထံသို့ ရောက်ရှိနိုင်သည့်အခွင့်အရေးမှာ နည်းပါးလှသော်လည်း လုံးဝမဖြစ်နိုင်တာ မဟုတ်ပါ။ E2EE အား အသုံးပြုခြင်းဖြင့် ထို အန္တရာယ်အား ဖယ်ရှားနိုင်သည်။ ထို့ကြောင့် ၎င်းအား ဖြစ်နိုင်သည့်အခြေအနေများတွင် အသုံးပြုရန် အကြံပြုရခြင်းဖြစ်သည်။
သင်ဘာလုပ်သင့်သလဲ

1. Signal အား သင့် စာတိုပေးပို့ခြင်းများအတွက် အသုံးပြုပါ။
သင့် စာတိုများအား တတ်နိုင်သောအချိန်များတွင် Signal မှတစ်ဆင့်သာ ပေးပို့ပါ။ 📱 Signal အား အသုံးပြုရန် ပြင်ဆင်ရန် နှင့် 📱 Signal အား လုံခြုံစွာ အသုံးပြုရန် အတွက် ညွှန်ကြားချက်များအတိုင်း လိုက်လံဆောင်ရွက်ပါ။

2. အခြားသော စာတိုပေးပို့ခြင်း အက်ပ်များအား E2EE သို့ ပုံသေအဖြစ်ပြောင်းပါ။
Signal သည် စာတိုပေးပို့ခြင်းအတွက် ပို၍ အကြံပြုလိုသော နည်းလမ်းဖြစ်သည်။ သို့သော် အခြားသော အက်ပ်များသည်လည်း E2EE စာတိုပေးပို့ခြင်းအား ပုံသေအဖြစ် ဝန်ဆောင်မှုပေးခြင်းများလည်းရှိသည်။ အောက်ဖော်ပြပါ အက်ပ်စာရင်းတွင်လည်း သင့်စာတိုများအား ဖတ်ရှုရန်အတွက် ၎င်းတို့တွင် အသွင်ဝှက်ခြင်းကီးများ မရှိကြပါ။
- Apple Messages - သို့သော် Apple ပစ္စည်းကိရိယာများတွင်သာ အသုံးပြု၍ ရသည်။
- Line - ၎င်း၏ E2EE အကောင်အထည်ဖော်ဆောင်ရေးအတွက် "Letter Sealing" အား ပုံသေအဖြစ် ဖွင့်ပေးထားသည်။ သို့သော် ၎င်းအား ပိတ်ထား၍လည်းရသည်။
- Rakuten Viber - တစ်ဦးမှတစ်ဦး စာတိုပေးပို့ခြင်း နှင့် အဖွဲ့ဖွဲ့၍စာတိုပေးပို့ခြင်း နှစ်ခုစလုံးသည် E2EE ဖြစ်သည်။
ဖော်ပြပါ အရည်အသွေးအား ပြည့်မှီသော အခြားသော သေးငယ်သည့် အက်ပ်များမှာ Wickr၊ Threema၊ Wire နှင့် Silence တို့ ဖြစ်ကြပါသည်။

3. ထိလွယ်ရှလွယ်ဖြစ်သောစကားပြောဆိုမှုများအတွက် ဖော်ပြပါ စာတိုပေးပို့ခြင်းအက်ပ်များအား အသုံးမပြုပါနှင့်။
အောက်ဖော်ပြပါ အက်ပ်များသည် E2EE စာတိုပေးပို့ခြင်းအား မပံ့ပိုးပေးထားသလို ပုံသေအဖြစ် သတ်မှတ်ရန်လည်း ပြုလုပ်၍ မရပါ။ စာတိုဖြင့် ပေးပို့သော ထိလွယ်ရှာလွယ်ဖြစ်သည့်သတင်းအချက်အလက်များအတွက် ထိုအက်ပ်များအား ရှောင်ကျဥ်လျှင် အကောင်းဆုံးဖြစ်ပေသည်။
- Facebook Messenger - "Secret Conversations" အား ပံ့ပိုးပေးထားသည်။ သို့သော် ပုံသေအဖြစ် E2EE ဝန်ဆောင်မှုမပေးထားပါ။
- Facebook WhatsApp - အသုံးပြုမှု တွင်ကျယ်ပြီး စာတိုပေးပို့ခြင်းနှင့် ဖုန်းခေါ်ဆိုမှုများအတွက် E2EE ဝန်ဆောင်မှုပေးထားသော်လည်း လတ်တလော ကိုယ်ရေးလုံခြုံမှု မူဝါဒပိုင်းဆိုင်ရာ အငြင်းပွားစရာများကြောင့် Facebook ၏ ကိုယ်ရေးလုံခြုံမှုအပေါ် အနာဂတ် ကတိကဝတ်များသည် မသေမချာဖြစ်နေရသည်။
- Google Hangouts/Talk/Chat - E2EE ပံ့ပိုးထားခြင်း မရှိပါ။
- KakaoTalk - "Secret Chat" အား ပံ့ပိုးပေးထားသည်။ သို့သော် ပုံသေအဖြစ် E2EE ဝန်ဆောင်မှုမပေးထားပါ။
- Microsoft Skype - "Private Conversation" အား ပံ့ပိုးပေးထားသည်။ သို့သော် ပုံသေအဖြစ် E2EE ဝန်ဆောင်မှုမပေးထားပါ။
- Microsoft Teams - Microsoft မှ Teams သို့ E2EE ယူဆောင်လာမည်ဟု ကြေညာထားသည်။ သို့သော် ၎င်းအား ထပ်မံဖွင့်ရမည့် ရွေးချယ်စရာအဖြစ် ပါဝင်လာနိုင်ပြီး တစ်ဦး မှ တစ်ဦး စာတိုပေးပို့ခြင်းအတွက်သာ ဖြစ်နိုင်ချေများသည်။
- SalesForce Slack - Slack သည် E2EE အား ပံ့ပိုးမည်မဟုတ်ပါ။
- Telegram - "Secret Chats" အား ပံ့ပိုးပေးထားသည်။ သို့သော် ပုံသေအဖြစ် E2EE ဖြင့် စာတိုပေးပို့ခြင်း မပြုလုပ်ပေးပါ။ ဖုန်းခေါ်ဆိုမှုများသည် အမြဲတမ်း E2EE ဖြစ်သည်။
- WeChat - မည်သည့် တရုတ်နိုင်ငံထုတ် အက်ပ်များမှ E2EE အား ပံ့ပိုးပေးမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဥပဒေအရ တားမြစ်ထားသောကြောင့်ဖြစ်သည်။
Source : ExpressVPN, Slack, Microsoft, PentaSecurity, Kaspersky