📱 E2EE အက်ပ်များ မှတစ်ဆင့် အသံဖြင့်ဖုန်းခေါ်ဆိုခြင်း။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ကျင့်ကြံလုပ်ဆောင်ခြင်း 🧑 ⭐⭐⭐⭐⭐ 🧑 🆓 2021-10-19

စဥ်းစားပုံစဥ်းစားနည်း

📱 မိုဘိုင်းလ် သို့မဟုတ် ကြိုးဖုန်းများ မှတစ်ဆင့် အသံဖြင့်ဖုန်းခေါ်ဆိုခြင်းအား ရှောင်ကျဥ်ပါ။တွင် ရှင်းပြခဲ့သည့်အတိုင်း ဖုန်းခေါ်ဆိုမှုများသည် လုံခြုံမှုမရှိပဲ ၎င်းတို့အား ကြားဖြတ်နားထောင်ခြင်းများ ပြုလုပ်နိုင်သည်။ ထို့ကြောင့် ၎င်းအစား ကျွန်ုပ်တို့အနေဖြင့် လုံခြုံသော ဆက်သွယ်‌ရေး လမ်းကြောင်းများကို အသုံးပြုသင့်သည်။

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

သင်ဘာလုပ်သင့်သလဲ

Pasted image 20210612234649.png

1. Signal အား သင့် အသံဖြင့်ဖုန်းခေါ်ဆိုခြင်းများအတွက် အသုံးပြုပါ။

သင့် အသံဖြင့်ဖုန်းခေါ်ဆိုမှုများအား တတ်နိုင်သောအချိန်များတွင် Signal မှတစ်ဆင့်သာ ခေါ်ဆိုပါ။ 📱 Signal အား အသုံးပြုရန် ပြင်ဆင်ရန် နှင့် 📱 Signal အား လုံခြုံစွာ အသုံးပြုရန် အတွက် ညွှန်ကြားချက်များအတိုင်း လိုက်လံဆောင်ရွက်ပါ။

2. အခြားသော အသံဖြင့်ဖုန်းခေါ်ဆိုခြင်း အက်ပ်များအား E2EE သို့ ပုံသေအဖြစ်ပြောင်းပါ။

Signal သည် အသံဖြင့်ဖုန်းခေါ်ဆိုခြင်းအတွက် ပို၍ အကြံပြုလိုသော နည်းလမ်းဖြစ်သည်။ သို့သော် အခြားသော အက်ပ်များသည်လည်း E2EE အသံဖြင့်ဖုန်းခေါ်ဆိုခြင်းအား ပုံသေအဖြစ် ဝန်ဆောင်မှုပေးခြင်းများလည်းရှိသည်။ အောက်ဖော်ပြပါ အက်ပ်စာရင်းတွင် ပါဝင်သော အက်ပ်များ မှ သင်၏ ဖုန်းခေါ်ဆိုမှုများအား ကြားဖြတ်နားထောင်ခြင်းအတွက် သင် စိုးရိမ်ရန်မလိုပါ။

3. ထိလွယ်ရှလွယ်ဖြစ်သော အသံဖြင့်ဖုန်းခေါ်ဆိုမှုများအတွက် ဖော်ပြပါ အက်ပ်များအား အသုံးမပြုပါနှင့်။

အောက်ဖော်ပြပါ အက်ပ်များသည် E2EE အသံဖြင့်ဖုန်းခေါ်ဆိုခြင်းအား မပံ့ပိုးပေးထားသလို ပုံသေအဖြစ် သတ်မှတ်ရန်လည်း ပြုလုပ်၍ မရပါ။ ဖုန်းခေါ်ဆိုရာတွင် ထိလွယ်ရှာလွယ်ဖြစ်သည့်သတင်းအချက်အလက်များပြောဆိုခြင်းအတွက် ထိုအက်ပ်များအား ရှောင်ကျဥ်လျှင် အကောင်းဆုံးဖြစ်ပေသည်။

Source : ExpressVPN, Zoom, Slack, Microsoft