💻-🖥️-📱 အမည်မဖော်ပဲ ဝက်ဘ်ဝန်ဆောင်မှုများကို အသုံးပြုပါ။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ကျင့်ကြံလုပ်ဆောင်ခြင်း 🧑 ⭐⭐⭐⭐ ⭐⭐ 🧑🧑 🆓 2021-09-24

စဥ်းစားပုံစဥ်းစားနည်း

အချို့သော သီးသန့် သို့မဟုတ် ပြည်သူလူထုအား ဆက်သွယ်ရသော လှုပ်ရှားမှုများ (ဥပမာ Facebook ပေါ်တွင် လူအခွင့်အရေးဆိုင်ရာလှုံ့ဆော်ရေးလုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်း)အတွက် သင်၏ အမည်နှင့် အထောက်အထားများကို ထို လှုပ်ရှားမှုများနှင့် သင်သည် ယှဥ်တွဲကပ်ပါနေစေချင်မည် မဟုတ်ပါ။ အထူးသဖြင့် အခြေခံလွတ်လပ်ခွင့် (လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာတောင်းဆိုခွင့် စသည်)များကို ခိုင်ခိုင်မာမာ အကာအကွယ်ပေးထားခြင်းမရှိသည့် တရားစီရင်ပိုင်ခွင့်နေရာများတွင် ဆိုရှယ်မီဒီယာ၊ အီးမေးလ်၊ သို့မဟုတ် ရှာဖွေမှုများအတွက် ဝက်ဘ်ဝန်ဆောင်မှုများ အသုံးပြုခြင်းကို အမည်မဖော်ပဲအသုံးပြုခြင်းသည် ပို၍ ကောင်းလိမ့်မည်ဖြစ်သည်.

သင်ဘာသိထားသင့်သလဲ

အမည်မဖော်ခြင်း နှင့် အမည်လွှဲခြင်း

ဝက်ဘ်ဝန်ဆောင်မှုတစ်ခုကို အမည်မဖော်ပြပဲ အသုံးပြုရန်အတွက် သင့်အနေဖြင့် အသုံးပြုနေစဥ်အတွင်းတွင် သင့်အား အထောက်အထားအတည်ပြုနိုင်သည့် သဲလွန်စ တစ်ခုမျှ မချန်ထားခဲ့ရန် လိုအပ်ပါသည်။ ဒီလိုဆိုရင် သင် ဝန်ဆောင်မှုအား အသုံးပြုရန် အကောင်ဖန်တီးခိုင်းခြင်း နှင့် လော့ဂ်ဂင်ဝင်ခိုင်းမည်ဆိုပါက မည်ကဲ့သို့ဖြစ်မည်နည်း? အကောင့်လိုအပ်သော ဝန်ဆောင်မှုများအတွက် ကျွန်ုပ်တို့သည် ၎င်းတို့အား အမည်မဖော်ပြပဲအသုံးပြုမည့်အစား အမည်လွှဲ၍ အသုံးပြုရမည် ဖြစ်သည်။

"အမည်မဖော်ခြင်း" နှင့် "အမည်လွှဲခြင်း" တို့၏ ကွဲပြားခြားနားချက်သည် သင် အမည်မဖော်ပြထားပါက သင့်၏ အသုံးပြုမှုများနှင့် တွဲလျက် အသုံးပြုသူ တစ်ဦးအား အတည်ပြုနိုင်သည့် သဲလွန်စများ မရှိပါ။ ဥပမာ 'အမည်မဖော်ပြထားသော' အသုံးပြုသူမှ ပေးပို့သော စာတိုသည် အမှန်တကယ်တွင် ပေးပို့သူသည် မည်သူမဆိုဖြစ်နိုင်သည်။ နောက်တစ်ကြိမ် ထို အမည်မဖော်ပြထားသောအသုံးပြုသူမှ စာတိုတစ်ခု ပေးပို့ပါက လက်ခံရရှိသူသည် ရှေ့တွင်ပေးပို့သူချင်း တူ မတူ ကို သိရှိရန်နည်းလည်းမရှိပါ။ ထိုစာကို ပေးပို့သူသည် အခြား မည်သူမဆိုဖြစ်နိုင်သည်! ထိုသို့ဖြစ်ရခြင်းမှာ ထို စာတို နှစ်ခုအား တူညီသော အမည်မဖော်ပြသည့်အသုံးပြုသူနှင့် ချိတ်ဆက်ရန် အမှတ်အသားများ တစ်ခုမျှ မရှိခြင်းကြောင့်ဖြစ်သည်။

"အမည်လွှဲထားသော" အသုံးပြုသူထံမှ စာတိုများ လက်ခံရရှိပါက ထို အသုံးပြုသူအား မည်သူမည်ဝါဆိုသည်ကို မသိနိုင်သော်ငြားလည်း ၎င်းတို့၏ စကရင်အမည် သို့မဟုတ် အခြားသော အမှတ်အသားများကို အမြဲတစေ တွေ့မြင်ရမည်ဖြစ်သည်။ ထိုကြောင့် အမည်လွှဲထားသော အသုံးပြုသူထံမှ စာတို နှစ်ခု လက်ခံရရှိပါက ပုံမှန်အားဖြင့် သင်သည် ထို စာတိုများအား အသုံးပြုသူအကောင့် တစ်ခုတည်းမှ ပေးပို့လာသည်ဟု မှတ်ယူနိုင်သည်။

၎င်းတို့၏ ကွဲပြားခြားနားချက်သည် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ဝက်ဘ်ဝန်ဆောင်မှု အများအပြားသည် အကောင့်တစ်ခု ဖန်တီးရန် သင်အား တောင်းဆိုကြလိမ့်မည်။ Facebook ကဲ့သို့သော် ဝန်ဆောင်မှုများသည် အသုံးပြုသူများကို အမည်မဖော်ပြခြင်းအား ခွင့်မပြုထားပါ။ အမည်လွှဲထားသော အကောင့်များကိုသာ ခွင့်ပြုထားသည်။ ထို့ကြောင့် စာရင်းသွင်းထားသော အကောင့်၏ အသုံးပြုမှုများအားလုံး နှင့် ထိုအကောင့်နှင့် ပတ်သက်ဆက်နွယ်မှုများအားလုံးကို ခြေရာခံထားလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သင်သည် Facebook သို့မဟုတ် အခြားသော ဝက်ဘ်ဝန်ဆောင်မှုများကို သင်၏ အမည်လွှဲထားသောအကောင့် အား သင်၏ ကိုယ်ပိုင် တစ်ကိုယ်‌ရေးသုံးအကောင့် သို့ ချိတ်ဆက်ခြင်းအား ဘယ်တော့မျှ ခွင့်မပြုရန် အလွန်အရေးကြီးလှသည်။

သင်မည်သူဆီမှ ပုန်းကွယ်နေတာပါလဲ?

မည်သည့်အဆင့်များ လိုအပ်ကြောင်းကို နားလည်ရန်အတွက် ကျွန်ုပ်တို့သည် မည်သူတို့ထံမှ ကျွန်ုပ်တို့၏ အထောက်အထားများကို ဖုံးကွယ်ထားရန်ကြိုးစားနေသည်ကို နားလည်ရန်လိုအပ်ပါသည်။

သင်ဘာပြင်ဆင်ထားသင့်သလဲ

ကျွန်ုပ်တို့အနေဖြင့် လက်ရှိအသုံးပြုနိုင်သော အကာအကွယ်များအားလုံး ထည့်သွင်းထားသော ကွန်ပျူတာ သို့မဟုတ် စမတ်ဖုန်း တစ်လုံးအတွက် အသုံးပြုရန်ပြင်ဆင်ကြမည်ဖြစ်သည်။ သင်၏ အသုံးပြုမှုများကို ဖုံးကွယ်ထားရန် အကောင်းဆုံး အဖြစ်နိုင်ဆုံး ကြိုးစားအားထုတ်မှု ပြုလုပ်မည်ဖြစ်သည်။ ထို့ကြောင့် သင်၏ ပစ္စည်းကိရိယာများ၊ ကွန်ရက်နှင့် အက်ပ်ပလီကေးရှင်းများကို သင်၏ ကိုယ်ရေးအထောက်အထားများ မပေါက်ကြားရလေအောင် ပြင်ဆင်ကြရအောင်။

1. ဟက်ကာများထံမှ သင်၏ အသုံးပြုမှုများကို ဖုံးကွယ်ပါ။

အကယ်၍ သင်အသုံးပြုနေသော ပစ္စည်းကိရိယာများသည် စိတ်မချရသောအခြေအနေတွင် ရှိနေပြီးဖြစ်ပါက ကျွန်ုပ်တို့၏ ကြိုတင်သတိပြုခြင်း နည်းလမ်းများသည် အကျိုးသက်ရောက်မှုရှိမည်မဟုတ်ပါ။ - ဥပမာ အကယ်၍ ရန်ပြုလိုသူများမှ နောက်ယောက်ခံစောင့်ကြည့်ခြင်း ဆော့ဖ်ဝဲလ် သို့မဟုတ် ကီးဘုတ်တွင်ရိုက်နှိပ်သည့်ကို သိရှိနိုင်သော ကီးလော့ဂ်ဂါများကို install လုပ်ထားပြီးဖြစ်ပြီး ပစ္စည်းကိရိယာများအဆင့် သို့မဟုတ် ဒေသဆိုင်ရာ ကွန်ရက်အဆင့်(Wifi အသုံးပြုသည့်နေရာ သို့မဟုတ် Router) တွင် သင်၏ အသုံးပြုမှုများကို နောက်ယောက်ခံလိုက်နေသည် ဆိုပါက။

ထို့ကြောင့် သင်၏ လုံခြုံရေးကို အသုံးပြုရန်ပြင်ဆင်သည့်အချိန်တွင် ခိုင်မာသောအခြေခံအုတ်မြစ်ပေါ်တွင်မှ ထပ်ဆင့် တည်ဆောက်နိုင်စေရန် သန့်ရှင်းပြီးသောအခြေအနေမှ စတင်ရန် အကြံပြုခြင်းဖြစ်သည်။ လက်တွေ့တွင် ဆိုလိုသည်မှာ သင်၏ ပစ္စည်းကိရိယာများကို စက်ရုံမှလာသည့်ဆက်တင်များသို့ ရှေးဦးစွာ ပြန်လည်သတ်မှတ်ရန် ဖြစ်သည်။ ထိုမှ တစ်ဆင့် သင်၏ ပစ္စည်းကိရိယာများကို လုံခြုံအောင်ပြုလုပ်ရန် သက်ဆိုင်ရာ လမ်းညွှန်များအတိုင်း လိုက်လံလုပ်ဆောင်ပါ။ အသစ်ပြန်လည်သတ်မှတ်ခြင်းအား လုပ်ဆောင်ရာတွင် သင် မဆုံးရှုံးလိုသော ဒေတာအချက်အလက်များကို back-up ပြုလုပ်ရန် မမေ့ပါနှင့်။

ကွန်ပျူတာအတွက်ကတော့၊ အနည်းဆုံးအနေဖြင့် [Windows]](https://www.pcmag.com/how-to/factory-reset-windows-10) သို့မဟုတ် macOS တွင် စက်ရုံမှလာသည့်ဆက်တင်များသို့ ပြန်လည်သတ်မှတ်ပါ။ ထို့နောက်
- ရှိနေသော update များ အားလုံးကို install လုပ်ပါ။
- အပြည့်အဝ Disk အသွင်ဝှက်ခြင်းကို ဖွင့်ပါ။
- Antivirus ဆော့ဖ်ဝဲလ်အား install လုပ်ပါ။

စမတ်ပစ္စည်းကိရိယာများအတွက်ကတော့၊ အနည်းဆုံးအနေဖြင့် Android သို့မဟုတ် iOS တွင် စက်ရုံမှလာသည့်ဆက်တင်များသို့ ပြန်လည်သတ်မှတ်ပါ။ ထို့နောက်
- ရှိနေသော update များ အားလုံးကို install လုပ်ပါ။
- အပြည့်အဝ Disk အသွင်ဝှက်ခြင်းကို ဖွင့်ပါ။
- ယုံကြည်ထိုက်သော နေရာများမှ အက်ပ်များကို install လုပ်ပါ။
- သင့် lock screen အား မွမ်းမံပြင်ဆင်အသုံးပြုပါ။

ကွန်ရက်လုံခြုံရေးအရ သင် ယုံကြည်သော ကွန်ရက်များကိုသာ ချိတ်ဆက်ခြင်း ပြုလုပ်ရန် အကြံပြုသည်။ (ထိုကြောင့် အများသုံး Wifi များ မသုံးပါနှင့်။)

လော‌လောလတ်လတ် မွမ်းမံပြင်ဆင်ထားသော ပစ္စည်းကိရိယာများ၊ကို ယုံကြည်ရသော ကွန်ရက်များတွင်သာ အသုံးပြုခြင်းဖြင့် သင်၏ ပစ္စည်းကိရိယာများ စိတ်ချရသည်ဟု သင် သတ်မှတ်နိုင်သည်။

2. သင့် ISP ထံမှ သင်၏ အသုံးပြုမှုများကို ဖုံးကွယ်ပါ။

သင့် ISP ထံမှ သင်၏ အင်တာနက်အသုံးပြုမှုများကို ဖုံးကွယ်ထားရန် သင်၏ DNS Lookups နှင့် တကယ့် အင်တာနက်အသုံးပြုမှုအသွားအလာ နှစ်ခုစလုံးကို ဖုံးကွယ်ရန် လိုအပ်ပါသည်။

  1. Cloudflare WART အား အသုံးပြုရန်ပြင်ဆင်ပြီးနောက် Cloudflare WARP သို့ ချိတ်ဆက်ပါ။ - သင်၏ ISP အနေဖြင့် သင်မည်သည့် ဆိုဒ်များကို သွားရောက်ကြည့်ရှုနေသည်ကို မြင်ရမည်မဟုတ်တော့ပဲ သင့်အနေဖြင့် CloudFlare ၏ WARP ဝန်‌ဆောင်မှုကို ချိတ်ဆက်ထားသည်ကိုသာ ၎င်းတို့အနေဖြင့် မြင်ရမည်ဖြစ်ပါသည်။

သင်သည် အခြားသော VPN ဝန်ဆောင်မှုကို အသုံးပြုနေပါက သင့် အင်တာနက်အသုံးပြုမှုအသွားအလာသည် သင့် ISP ထံမှ ဖုံးကွယ်ပြီးသားဖြစ်နေနိုင်သည်။ သို့သော် သင်၏ DNS ဆက်တင်များကို မွမ်းမံပြင်ဆင်ခြင်းများမပြုလုပ်ရသေးပါက သင် ဆိုဒ်တစ်ခုသို့ သွားရောက်ကြည့်ရှုသည့်အခါတိုင်း သင်၏ DNS lookup များသည် ယိုပေါက်တစ်ခုအဖြစ် ရှိနေနိုင်ပါသေးသည်။ - သင့်အနေဖြင့် သင်၏ ပစ္စည်းကိရိယာ + ကွန်ရက် မွမ်းမံပြင်ဆင်ထားမှုများကို DNS leak test ဖြင့် စစ်ဆေးနိုင်သည်။ အကယ်၍ စစ်ဆေးချက်အဖြေများမှ သင်၏ အသွင်ဝှက်ထားသော DNS ပံ့ပိုးသူများ (ဥပမာ 1.1.1.1 ရှိ Cloudflare၊ 8.8.8.8 နှင့် 8.8.4.4 ရှိ Google Public DNS သို့မဟုတ် 8.26.56.26 နှင့် 8.20.247.20 ရှိ Comodo)ကို မဖော်ပြပါက သင်အနေဖြင့် တစ်ခုအား အသုံးပြုရန်ပြင်ဆင်သင့်သည်။ - ဥပမာ WARP အသုံးပြုပြီး ၎င်း၏ လုံခြုံသော DNS mode ကို အသုံးပြုခြင်းဖြစ်သည်။

3. ဝက်ဘ်ဝန်ဆောင်မှုပေးသူများထံမှ သင့် အထောက်အထားကို ဖုံးကွယ်ပါ။

ယခုအဆင့်သည် အခက်ဆုံးအဆင့်ဖြစ်နိုင်ပြီး အမှားများလုပ်ရန် အလွယ်ဆုံးအဆင့် ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် Facebook သို့မဟုတ် Google ကဲ့သို့သော ဝက်ဘ်ဝန်ဆောင်မှုကို အသုံးပြုခြင်းမှ သင်၏ အထောက်အထားကို ပေါ်ပေါက်သွားပါက ၎င်းတို့သည် သင်၏ အထောက်အထားများကို ဘယ်တော့မှ မေ့သွားလိမ့်မည်မဟုတ်ပါ။

သင်အနေဖြင့် သိပ်ပြီးမစိုးရိမ်သည်လည်း ဖြစ်နိုင်သည်။ ဥပမာ Facebook သည် သင်၏ ကိုယ်ရေးအထောက်အထားကို သိရှိသော်လည်း သင်အနေဖြင့် Facebook သည် သင်၏ ရန်ပြုလိုများထံသို့ သင့် ကိုယ်ရေးအထောက်အထားများကို ထုတ်ဖော်မပေးသည်ကို သင်ယုံကြည်နေသည့်အတွက် ဖြစ်သည်။ သို့သော်လည်း Facebook ၏ လူမှုရေး algorithms မှတစ်ဆင့် သင့် ကိုယ်ရေးအထောက်အထား နှင့် လူမှုရေးကွန်ရက်၏ အချို့အပိုင်းအစများသည် ယိုစိမ့်လျက်ရှိသည်။

ဥပမာ အကယ်၍ Facebook အနေဖြင့် သင်၏ ကိုယ်ရေးကိုယ်တာ အကောင့်နှင့် "ဖုံးကွယ်ထားသော" အကောင့်များသည် လူတစ်ဦးတည်းနှင့် သက်ဆိုင်သည်ဟု သိရှိပြီး သင့် သူငယ်ချင်းများအား သင့် ဖုံးကွယ်ထားသော အကောင့်အား အကယ်၍ ၎င်းတို့အနေဖြင့် သင်သည်ထိုအကောင့်အနောက်တွင် ရှိနေသည်ဆိုသည်ကို မသိသော်ငြား "သိ မသိ" ကို မေးမြန်းနိုင်ချေရှိသည်။ အကယ်၍ သင့် သူငယ်ချင်းများ၏ အကောင့်များအနေဖြင့် စိတ်မချရသည့်အခြေအနေဖြစ်သွားပါက သင့်အား ရန်ပြုလိုသူများအနေဖြင့် ထို 'အကြံပြုထားသော သူငယ်ချင်းများ' ဝန်ဆောင်မှုကို အသုံးပြု၍ ဖုံးကွယ်ထားသောအကောင့်၏ အနောက်တွင် မည်သူမည်ဝါနှင့် သက်ဆိုင်သည်ကို ရှာဖွေတွေ့ရှိသွားနိုင်ချေရှိသည်။ ထို့ကြောင့် အမည်လွှဲထားသောအကောင့်၏နောက်ကွယ်တွင် သင်ဖြစ်ကြောင်းကို Facebook မှ ဘယ်သောအခါမျှမသိပါစေနှင့်။

အခြားသော ဝက်ဘ်ဝန်ဆောင်မှုများတွင်လည်း ပုံစံဆင်တူသော ပြဿနာများ ရှိသည်။ ဒါဆို သင်မည်သူမည်ဝါဆိုသည်ကို ၎င်းတို့ မည်ကဲ့သို့ သိသလဲ? အဘယ်ကြောင့်ဆိုသော် အမည်ကတ်တွဲရန် အမှတ်အသားများပေါင်းစုံကို ရောယှက်ပြီး အသုံးပြု၍ သင့်ကို နောက်ယောင်ခံလိုက်သည်။

နောက်ပြီး အခြားသော သင့်အား "လက်ဗွေရာ"ယူသော ဝန်ဆောင်မှုမျာ ဖြစ်သည်။ သင့်အနေဖြင့် သင်၏ လက်ရှိပြင်ဆင်ထားမှုများသည် မည်မျှ အမည်မဖော်ပြခြင်းဖြစ်နေသည်ကို EFF's Fingerprint Tester ဖြင့် စမ်းသပ်နိုင်သည်။

Pasted image 20210808162340.png

လက်ဗွေရာအသုံးပြုရခြင်းအား လုံခြုံမှု ရယူရန် အလွယ်ကူဆုံးနည်းလမ်းလည်းဖြစ်ပြီး ဝက်ဘ်ဝန်ဆောင်မှုများထံမှ သင့် IP လိပ်စာကို ကာကွယ်ရန် အတွက် ၎င်းတို့အား TOR (The Onion Router) Browser မှတစ်ဆင့် အသုံးပြုခြင်းပင်ဖြစ်သည်။

  1. TOR Browser တစ်ခု ကို အသုံးပြုရန်ပြင်ဆင် ပြီးနောက်
  2. သင် အသုံးပြုလိုသော ဝက်ဘ်ဝန်ဆောင်မှုများကို အမည်မဖော်ပြပဲ TOR ကွန်ရက်မှတစ်ဆင့် အသုံးပြုပါ။

ဝက်ဘ်ဝန်ဆောင်မှုသို့ မည်သည့်အထောက်အထားပြုနိုင်သော သတင်းအချက်အလက်များကိုမျှ မပေါက်ကြားစေရန် အောက်ပါ အလေ့အကျင့်များကို စိတ်ထဲတွင်ထားထားပါ။

အကယ်၍ သင်သည် Facebook အား အမည်မဖော်ပြပဲအသုံးပြုခြင်းအား စိတ်ဝင်စားပါက သင့်အကောင့်အား 🌐 Facebook အကောင့် တစ်ခုကို လုံခြုံအောင်ပြုလုပ်ပါ။ တွင် ဖော်ပြထားသော အကြံပြုချက်များအတိုင်း လုံခြုံအောင်ပြုလုပ်ထားပါ။

4. အခြားသော ဝက်ဘ်ဝန်ဆောင်မှု အသုံးပြုသူများထံမှ သင့် အထောက်အထားကို ဖုံးကွယ်ပါ။

အကယ်၍ သင်အသုံးပြုနေသော ဝက်ဘ်ဝန်ဆောင်မှုသည် အခြားသော အသုံးပြုသူများနှင့် အပြန်အလှန် ဆက်ဆံမှုများပြုလုပ်၍ ရပါက (ဥပမာ Facebook၊ Reddit)သင်သည် ထို ဝန်ဆောင်မှုတွင် တစ်ခုခု မတင်မှီတွင် အောက်ပါတို့ကို သေချာအောင်ပြုလုပ်ပါ။