💻-🖥️ Antivirus ဆော့ဖ်ဝဲလ် အား Install လုပ်ပါ။
| အမျိုးအစား | ပရိသတ် | ဦးစားပေးမှု | ရှုပ်ထွေးမှု | အင်အားစိုက်ထုတ်ရမှု | ကုန်ကျစရိတ် | UPDATE ပြုလုပ်ပြီး |
|---|---|---|---|---|---|---|
| ပြင်ဆင်မှု | 🧑/ | ⭐⭐⭐⭐ | ⭐ | 🧑 | 🆓 | 2021-10-07 |
စဥ်းစားပုံစဥ်းစားနည်း
သင့်အနေဖြင့် ကူးစက်ခံထားရသော USB stick၊ အီးမေးလ်တွင်ပူးတွဲပါသောအရာများ သို့မဟုတ် malware ဒေါင်းလုဒ်များ စသည်တို့ဖြင့် ကြုံတွေ့နိုင်သည်။ သင်၏ ပစ္စည်းကိရိယာကို ဗိုင်းရက်စ် နှင့် malware များ ရန်မှ အကာအကွယ်ပြုလုပ်ရန်အတွက် ကျွန်ုပ်တို့အနေဖြင့် antivirus ဆော့ဖ်ဝဲလ် install လုပ်ရန် အကြံပြုသည်။ အခမဲ့ ရွေးချယ်စရာများသည်လည်း ပုံမှန်အားဖြင့် လုံလောက်သော အကာအကွယ်ပေးလိမ့်မည်ဖြစ်သည်။
ညွှန်ကြားချက်များ
သင်ဘာလုပ်သင့်သလဲ
Windows နှင့် macOS တို့တွင် Antivirus ထောက်လှမ်းရှာဖွေခြင်း အတွက် အခမဲ့ နှင့် အခကြေးငွေပေးရသော အပိုင်း နှစ်ခုစလုံးတွင် ကောင်းမွန်သော ရွေးချယ်စရာ အများအပြားရှိသည်။
အကယ်၍ သင့်အနေဖြင့် အခမဲ့ ရွေးချယ်စရာအား ရှာဖွေနေပါက အချို့သော ပို၍ အဆင့်မြင့်သောဝန်ဆောင်မှုများကို သင် လက်လွှတ်ရလိမ့်မည်ဖြစ်သည်။ သို့သော် အောက်ပါ ရွေးချယ်စရာများထဲမှ တစ်ခုကို အသုံးပြုခြင်းဖြင့် အခကြေးငွေပေးရသော ကုန်ပစ္စည်းများကဲ့သို့ပင် ဗိုင်းရက်စ် နှင့် malware အကာအကွယ် များအတွက် တူညီသော အကျိုးများကို ခံစားနိုင်မည်ဖြစ်သည်။
Windows
- Kaspersky Security Cloud – Free - အကောင်းဆုံး malware ထောက်လှမ်းရှာဖွေခြင်း ဆော့ဖ်ဝဲလ်
- Bitdefender Antivirus Free Edition - အကောင်းဆုံးသော သတ်မှတ်ပြီးသည်နှင့် မေ့ထားနိုင်သည့် အခမဲ့ အကာအကွယ် ဆော့ဖ်ဝဲလ်
Microsoft တွင် တစ်ပါတည်းပါဝင်ပြီးသားဖြစ်သော Microsoft Defender သည်လည်း လုံလောက်သော ကာကွယ်မှု ပေးစွမ်းသည်ကိုလည်း သတိပြုမိစေလိုပါသည်။
macOS
- Bitdefender Antivirus Free Edition)- အကောင်းဆုံးသော သတ်မှတ်ပြီးသည်နှင့် မေ့ထားနိုင်သည့် အခမဲ့ အကာအကွယ် ဆော့ဖ်ဝဲလ်
- AVG AntiVirus for Mac - ရိုးရှင်းသည် သို့သော် အစွမ်းထက်သည်။