💻-🖥️-📱 Tor Browser အား အသုံးပြုရန် ပြင်ဆင်ပါ။
| အမျိုးအစား | ပရိသတ် | ဦးစားပေးမှု | ရှုပ်ထွေးမှု | အင်အားစိုက်ထုတ်ရမှု | ကုန်ကျစရိတ် | UPDATE ပြုလုပ်ပြီး | UPDATED |
| --------------------- |:--------:|:--------:|:----------:|:------:|:----:|:------------:|
| ပြင်ဆင်မှု | 🧑 | | | | | 2021-09-23 |
Last updated on : 2021-09-23

စဥ်းစားပုံစဥ်းစားနည်း
သင်၏ အင်တာနက်အသုံးပြုမှု အသွားအလာ ဖြတ်သန်းသွားသော နေရာအားလုံးသည် သင်၏ ဒေတာအချက်အလက် နှင့် အသုံးပြုမှုများကို ကြားဖြတ်နိုင်သည့် နေရာများဖြစ်သည်။ သင်၏ အင်တာနက်အသုံးပြုမှုအသွားအလာများကို သတင်းအချက်အလက်နှိုက်ခြင်းမှ ကာကွယ်ရန်အတွက် TOR Browser ကို အသုံးပြုနိုင်သည်။ TOR Browser သည် သင်၏ အသွားအလာများကို အသွင်ဝှက်ပေးသည့်အပြင် သင်သွားလိုသည့် ဆိုဒ်သို့ မရောက်မှီတွင် အခြားသော ဆုံမှတ်ကွန်ရက်သို့လည်း ပေးပို့ပေးသည်။ သင်၏ ကိုယ်ရေးအထောက်အထားကို အွန်လိုင်းတွင် ကာကွယ်နိုင်ရန် သင်ပြုလုပ်နိုင်သော လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး သင်၏ ဒေတာအချက်အလက်များကို ကြားဖြတ်ခြင်းမှလည်း ရှောင်ကျဥ်စေသည်။
လမ်းညွှန်ချက်များ
သင်ဘာသိထားသင့်သလဲ
- သင်၏ အင်တာနက်အသုံးပြုမှု အသွားအလာများကို ယူပြီး အခြားသော ကွန်ရက်များသို့ပို့ပေးခြင်းဖြင့် TOR အလုပ်လုပ်သည်။ ထို့ကြောင့် သင်၏ ပုံမှန် browser ကို အသုံးပြုမည့်အစား သင်၏ အင်တာနက်အသုံးပြုမှုအသွားအလာများကို ပုံမှန် ကွန်ရက်မှ မသွားစေရန် TOR အသုံးပြုနိုင်သော browser ကို install လုပ်ရန်လိုသည်။
- သင့် အထောက်အထားကို အကာအကွယ်ပြုရန် ထိုကဲ့သို့ အခြားသော ဆုံမှတ်ကွန်ရက်သည် အလွန်ကောင်းသည်။ သို့သော် သင်၏ အင်တာနက်အသွားအလာကို နှေးကွေးသွားစေသည်။
- TOR သည် အမည်မဖော်ပြပဲ အသုံးပြု၍ရသောကြောင့် မကြာခဏဆိုသလို ထိုအရာကို မကောင်းသော ရည်ရွယ်ချက်များဖြင့်လည်း အသုံးပြုကြသည်။ ထိုအရာသည် သင်အား တိုက်ရိုက်သက်ရောက်ခြင်း သို့မဟုတ် သင့်အား အန္တရာယ်ကျရောက်စေနိုင်ခြင်း မရှိပါ။ သို့သော် အချို့သော ဆိုဒ်များသည် TOR မှ တစ်ဆင့် အသုံးပြုခြင်းကို ခွင့်မပြုပါ။ CAPTCHA များကိုလည်း ပုံမှန်ထက် ပိုမြင်ရလိမ့်မည်ဖြစ်သည်။ ထိုကဲ့သို ထပ်ဆောင်းအဆင်မပြေမှုသည် ထပ်မံဖြည့်စွက်လိုက်သောလုံခြုံရေးအတွက် တန်ကောင်းတန်ပါလိမ့်မည်။
- အကယ်၍ သင် TOR အသုံးပြုပါက သင်၏ ISP မှလည်း သင်၏ အသုံးပြုမှုအား သံသယရှိသည် ဟုလည်း သတ်မှတ်နိုင်သည်။ သင် TOR အသုံးပြုပြီး ဘာ လုပ်နေသည်ကို ၎င်းတို့မှ မမြင်နိုင်သော်လည်း သင့်အနေဖြင့် TOR ကွန်ရက်ကို အသုံးပြုနေသည်ကိုတော့ မြင်နိုင်သည်။ ထို့ကြောင့် ထိုအချက်အား မပေါ်လွင်စေလိုပါက VPN ဝန်ဆောင်မှုအား ချိတ်ဆက်ပြီးမှ TOR အသုံးပြုနိုင်သော browser အား အသုံးပြုပါ။
- ပုံသေအားဖြင့် သင်၏ TOR browser မှ အသုံးပြုမှုများကိုသာ အကာအကွယ်ပေးထားခြင်းဖြစ်ပြီး သင်၏ အခြားသော အက်ပ် အသုံးပြုမှုများအတွက် အကာအကွယ်မပေးသည်ကို သတိရပါ။ ဥပမာ TOR မှတစ်ဆင့် Facebook အသုံးပြုရန်အတွက် သင်သည် Facebook အက်ပ်ကို မသုံးသင့်ပါ။ အက်ပ်သုံးမည့်အစား TOR browser မှတစ်ဆင့်
facebook.comသို့ချိတ်ဆက်ပါ။ အက်ပ်များကို TOR အသုံးပြုရန် ပြုလုပ်နိုင်သည်ကို မှတ်သားထားပါ။ သို့သော် ထိုအရာကို ဤနေရာတွင် မဖော်ပြတော့ပါ။
သင်ဘာပြင်ဆင်ထားသင့်သလဲ
TOR အသုံးပြုနိုင်သော browsers အတွက် ရွေးချယ်စရာ နှစ်ခုရှိသည်။
- The TOR Browser - ဆုံမှတ်ကွန်ရက်အတွက် ဆော့ဖ်ဝဲလ် တည်ဆောက်ခဲ့သော အဖွဲ့မှ တရားဝင် TOR Browser ဖြစ်သည်။
- Brave Browser - TOR mode ပါဝင်သော ကိုယ်ရေးလုံခြုံရေးပထမဦးစားပေး browser ဖြစ်သည်။
ဘယ်တစ်ခုကို သင်ရွေးချယ်ရမလဲ? Firefox သို့မဟုတ် Brave အား ရွေးချယ်ပါ။ တွင် အကြံပြုထားသည့်အတိုင်း Brave အား သင်၏ ပုံသေ browser အဖြစ် သင်ပြုလုပ်ခဲ့ပါက TOR mode တစ်ပါတည်း ပါဝင်သည့် အဆင်ပြေမှုသည် သင့်အတွက် မှန်သော ရွေးချယ်မှုဖြစ်စေလိမ့်မည်။
သို့သော် အကယ်၍ သင်သည် 'ပုံမှန်' browser နှင့် TOR browser ကို ခွဲခြားထားလိုပါက ကျွန်ုပ်တို့အနေဖြင့် TOR Browser ကို install လုပ်ရန် အကြံပြုသည်။
နောက်ဆုံးအချက်အနေဖြင့် စဥ်းစားရန်မှာ Brave သည် စာမျက်နှာများကို Google Chrome နှင့် MS Edge ကဲ့သို့ ပြသပေးပြီး TOR Browser ကတော့ Firefox ပေါ်တွင် တည်ဆောက်ထားခြင်းကြောင့် စာမျက်နှာများကို Mozilla Firefox ကဲ့သို့ ပြသပေးသည်။ ဆိုဒ်သဟဇာတဖြစ်မှုသည် TOR Browser ထက် Brave တွင် ပိုကောင်းသည်။
အထက်ပါအချက်များအပေါ်မူတည်၍ သင့်အတွက် အဆင်အပြေဆုံး TOR အသုံးပြုနိုင်သော browser ကို ရွေးချယ်ပါ။
သင်ဘာလုပ်သင့်သလဲ
1. TOR အသုံးပြုနိုင်သော Browser တစ်ခုကို Install လုပ်ပါ။
Browser နှစ်ခုစလုံးသည် Windows / Mac / Linux သို့မဟုတ် Android တို့တွင် အသုံးပြုနိုင်သည်။ iOS အနေဖြင့်ကတော့ အခုလက်ရှိတွင် TOR browsing ရွေးချယ်စရာ နှစ်ခုစလုံးကို မပံ့ပိုးပေးထားပါ။
သင်အသုံးပြုရန် ရွေးချယ်လိုက်သည့် browser ပေါ်မူတည်၍
- Brave အတွက် 💻-🖥️-📱 Brave သို့မဟုတ် Firefox အား install လုပ်ပါ။ တွင် ပါဝင်သည့် အကြံပြုချက်များအတိုင်း လိုက်လံလုပ်ဆောင်ပါ။
- TOR Browser ကို Windows / Mac / Linux သို့မဟုတ် Android အတွက် TOR project မှ ဒေါင်းလုဒ်ဆွဲပြီး install လုပ်ပါ။
2. TOR မှတစ်ဆင့် ဆိုဒ်တစ်ခုသို့ ချိတ်ဆက်ပါ။
TOR အသုံးပြုနိုင်သော Browser တစ်ခုကို Install လုပ်ပြီးသည် ဖြစ်သည့်အတွက် TOR အသုံးပြုရန် 💻-🖥️-📱 TOR ကွန်ရက်မှတစ်ဆင့် အင်တာနက်အသုံးပြုပါ။ တွင် ပါဝင်သည့် အကြံပြုချက်များအတိုင်း လိုက်လံလုပ်ဆောင်ပါ။