💻/🖥️ အသွင်ဝှက်ထားသော Vault ကို အသုံးပြုရန်ပြင်ဆင်ပါ။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ပြင်ဆင်မှု 🧑 ⭐⭐⭐⭐ ⭐⭐⭐ 🧑🧑 🆓 2021-09-25

Pasted image 20210617230745.png

အရေးကြီးသည်

သင့် ဖိုင်လ်များကို အသွင်ဝှက်ခြင်း ဆိုသည်မှာ သင်အပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ စကားဝှက်မရှိပါက ၎င်းဖိုင်လ်များကို အသုံးပြုခွင့်ရှိမည်မဟုတ်ပါ။ ထို့ကြောင့် သင်သည် သင်၏ အသွင်ဝှက်စကားဝှက်အား လုံခြုံသော နေရာတွင် သိုလှောင်သိမ်းဆည်းထားခြင်းသည် အခြေခံကျသည်။ အကောင်းဆုံးကတော့ Bitwarden တွင် သိုလှောင်ထားခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ပြန်လည်ရရှိနိုင်သည့်နည်းလမ်း တစ်ခုမျှ မရှိပါ။ ထို့ကြောင့် သင့် စကားဝှက် ပျောက်ဆုံးသွားပါက သင့် vault ထဲတွင် ရှိသော ဖိုင်လ်များသည်လည်း ထာဝရ ဆုံးရှုံးသွားလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သင်၏ အသွင်ဝှက်ထားသော vaults များ သို့မဟုတ် vault ထဲရှိ ဖိုင်လ်များကို backup များ ပြုလုပ်ထားရန် အကြံပြုသည်။ ၎င်းတို့အား သိုလှောင်သိမ်းဆည်းရာတွင်လည်း အနည်းဆုံး သင်၏ အသွင်ဝှက်ထားသော vault ကဲ့သို့ပင် လုံခြုံနေရမည်ဖြစ်သည်။

စဥ်းစားပုံစဥ်းစားနည်း

With အပြည့်အဝ Disk အသွင်ဝှက်ခြင်း ဖြင့် သင့်ကွန်ပျူတာအား ရုပ်ပိုင်းဆိုင်ရာအသုံးပြုခွင့် ရှိသော တစ်စုံတစ်ယောက်မှ သင့်ဒေတာအချက်အလက်များကို ကူးယူခြင်းကိုသာ ကာကွယ်နိုင်သည်။ သို့သော် အကယ်၍ ၎င်းတို့သည် သင့်ကွန်ပျူတာအား ဖွင့်ထားချိန်တွင် အသုံးပြုခွင့် ရရှိသွားပါက - ဥပမာ သင့် လော့ဂ်ဂင်စကားဝှက်အား ပေးရန် ဖိအားပေးခံရပါက - ထိုအချိန်တွင် သင့် စနစ်ပေါ်မှ ဒေတာအချက်အလက်များသည် စိတ်မချရသောအခြေအနေဖြစ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထပ်ဆောင်း အကာအကွယ်အလွှာတစ်ခု အသုံးပြုချင်သည်။ - သင့်ဖိုင်လ်များကို ထိန်းသိမ်းထားနိုင်သော မီးခံသေတ္တာတစ်ခုသဖွယ် စွမ်းဆောင်ပေးသော အသွင်ဝှက်ထားသော vault တစ်ခုကို အသုံးပြုချင်သည်။ လော့ခ်ချထားသော vault ထဲတွင် သင့်ဖိုင်လ်များကို ထိန်းသိမ်းထားခြင်းဖြင့် သင့် ပစ္စည်းကိရိယာသည် ပါဝါဖွင့်ထားသော်လည်း ၎င်းတို့အနေဖြင့် ထိုအရာအား အသုံးပြုခွင့်အား ရယူနိုင်မည်မဟုတ်ပါ။ သင်၏ မီးခံသေတ္တာအား ဖုံးကွယ်ထား၍ရသော နည်းလမ်းများစွာ ရှိသည့်အတွက် ၎င်းတို့ ဘယ်တော့မှ ရှာဖွေမတွေ့ရှိသည်လည်း ဖြစ်နိုင်သည်။

Pasted image 20210617230851.png

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

အခြားသော နည်းပညာများနည်းတူ သင့်ဖိုင်လ်များအား အသွင်ဝှက်ခြင်း နည်းပညာမှာလည်း ရွေးချယ်စရာ အများအပြားရှိသည်။ ကျွန်ုပ်တို့၏ အကြံပြုထားသော ကိရိယာများမှာ -

ကျွန်ုပ်တို့သည် VeraCrypt နှင့် Cryptomator အား အသုံးပြုရန် အကြံပြုလိုသည်။ အဆင့်မြင့် 👩‍💻 ထို စံနှုန်းများကို မှီသည့် အခြားသော ‌ရွေးချယ်စရာများအတွက် နည်းပညာ နှိုင်းယှဥ်ပြခြင်း အား ကြည့်ပါ။

သင်ဘာပြင်ဆင်ထားသင့်သလဲ

ကျွန်ုပ်တို့သည် မတူကွဲပြားသော နည်းပညာ နှစ်ခုအား အကြံပြုထားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ နှစ်ခုစလုံးသည် အသုံးပြုမှုပုံစံ တစ်ခုဆီအတွက် ပံ့ပိုးပေးထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်ရွေးချယ်သင့်သည့် တစ်ခုသည် သင့်အဖွဲ့အစည်းမှ ဖိုင်လ်များကို မည်ကဲ့သို့ သိုလှောင်ခြင်း၊ ဖိုင်လ်များနှင့် မည်ကဲ့သို့ အလုပ်လုပ်ခြင်း အပေါ်တွင် မှီတည်နေသည်။ ရွေးချယ်မှုသည် သင့်အနေဖြင့် ယုံကြည်ထိုက်သော ငြင်းဆိုနိုင်မှု‌ လိုအပ်ခြင်း မလိုအပ်ခြင်း အပေါ်တွင် များစွာ မူတည်နေသည်။

ယုံကြည်ထိုက်သော ငြင်းဆိုနိုင်မှု

ဘာကိုဆိုလိုသလဲ ဆိုတာ မသေချာဘူးလား? 🔒 ယုံကြည်ထိုက်သော ငြင်းဆိုနိုင်မှု ကို ရှင်းပြထားသော ဖြေရှင်းချက်အား ဖတ်ပါ။

ယုံကြည်ထိုက်သော ငြင်းဆိုနိုင်မှု ရှိခြင်းသည် သင့် ကွန်ပျူတာပေါ်တွင် ဖိုင်လ်များကို ဖုံးကွယ်ထားရန် အခြေခံကျသည် မကျသည်ကို စဥ်းစားပါ။

Cryptomator vs VeraCrypt

Cryptomator သို့မဟုတ် VeraCrypt တို့ကြားတွင် မည်သည့်တစ်ခုကို ရွေးချယ်သည်ဖြစ်စေ သင်ရွေးလိုက်သော ရွေးချယ်စရာဖြင့် သင်သည်

အကယ်၍ သင်သည် ယုံကြည်ထိုက်သော ငြင်းဆိုနိုင်မှု အား လိုအပ်ပါက သင်၏ ရွေးချယ်မှုသည် VeraCrypt ဖြစ်သင့်သည်။ သို့သော် VeraCrypt ဖြင့်ဆိုလျှင် သင့် ဖိုင်လ်များကို cloud ထဲတွင် sync လုပ်ခြင်းအား အကြံမပြုလိုပါ။ ထို့ကြောင့် ဖိုင်လ်များတွင် ပူးပေါင်းလုပ်ဆောင်ရန် ပို၍ ခက်ခဲသည်။ VeraCrypt သည် အသွင်ဝှက်ထားသော Drive များအား ဖန်တီးရာတွင် အသုံးဝင်သည်။ ဥပမာ သင့်ဖိုင်လ်အချို့ကိုသာ မဟုတ်ပဲ drives တစ်ခုလုံးကို အသွင်ဝှက်ခြင်း။

ထို့ကြောင့် အကယ်၍ သင်သည် ယုံကြည်ထိုက်သော ငြင်းဆိုနိုင်မှု အား မလိုအပ်ပါက သင်၏ ရွေးချယ်မှုသည် Cryptomator ဖြစ်သင့်သည်။ Cryptomator သည် အသုံးပြုသူအတွက်လွယ်ကူပြီး သင်ဖိုင်လ်များကို cloud သို့ sync လုပ်ရန်အတွက် တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုနည်းဖြင့် သင်၏ဖိုင်လ်များကို (ကွန်ပျူတာထဲ နှင့် cloud ထဲ နှစ်မျိုးစလုံးတွင်) အသွင်ဝှက်ထားနိုင်သည်။ ထို့အပြင် အခြားသောသူများကိုလည်း လုံခြုံစွာ ဝေမျှနိုင်ပြီး ၎င်းတို့အနေဖြင့် vault များကို ၎င်းတို့ ကိုယ်ပိုင်ကွန်ပျူတာများတွင် ဖိုင်လ်များဖြင့် အလုပ်လုပ်ရန် လော့ခ်ဖွင့်နိုင်သည်။

‌‌ရွေးချယ်စရာ နှစ်မျိုးစလုံးသည် သင့်အား အဝေးမှအသုံးပြုခွင့်ကို ပိတ်ရန် လုံးဝဥဿုံ ခွင့်ပြုထားခြင်းမရှိပါ။ သို့သော် အကယ်၍ သင်သည် 🔒 Bitwarden အကောင့်တစ်ခု အသုံးပြုရန်ပြင်ဆင်ပြီး စကားဝှက်အတွက် အလေ့အထကောင်းများကို ကျင့်သုံးပါက သင်၏ အ‌ရေးပေါ်ဆက်သွယ်ရန် အဆက်အသွယ် အနေဖြင့် သင်၏ စကားဝှက်အား အသုံးပြုခွင့်အား ဖယ်ရှားထားနိုင်မည်ဖြစ်သည်။ သင့်အနေဖြင့်လည်း လော့ဂ်ဂင်ဝင်နိုင်မည် မဟုတ်ပါ အဘယ်ကြောင့်ဆိုသော် သင့်သည် မှတ်သားရန် ရှည်လျားလွန်းပြီး ရှုပ်ထွေးလွန်းသော စကားဝှက်ကို အသုံးပြုရမည် ဖြစ်သောကြောင့်ဖြစ်သည်။

သင်ဘာလုပ်သင့်သလဲ

သင့် အဖွဲ့အစည်းအလုပ်လုပ်ပုံနှင့် ကိုက်ညီနိုင်မည့် VeraCrypt သို့မဟုတ် Cryptomator တစ်ခုခုအား ရွေးချယ်ပြီးသည်နှင့် VeraCrypt သို့မဟုတ် Cryptomator အား အသုံးပြုရန် ဆက်လက်လုပ်ဆောင်ပါ။

အချို့သော အခြေအနေများတွင် နှစ်မျိုးစလုံး အား အသုံးပြုရကောင်း အသုံးပြုရနိုင်သည်။ သို့သော် အရေးကြီးဆုံးတစ်မျိုးနှင့် စတင်ပါ။ ထို့နောက် သင့်အနေဖြင့် ဒုတိယ တစ်မျိုးအား ထည့်သွင်းသင့် မသင့်ကို နောက်ပိုင်းမှ စဥ်းစားနိုင်သည်။

VeraCrypt အား အသုံးပြုပါ။

ပထမဆုံးအနေဖြင့်

ထို့နောက် သင်၏ အသုံးပြုသည့်ပုံစံအပေါ် မူတည်၍ အောက်ပါ လမ်းညွှန် တစ်ခုခုသို့ သွားပါ။

Cryptomator အား အသုံးပြုပါ။

ပထမဆုံးအနေဖြင့်