🔒 စကားဝှက်အတွက် အလေ့အထကောင်းများကို ကျင့်သုံးပါ။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ကျင့်ကြံလုပ်ဆောင်ခြင်း 🧑 ⭐⭐⭐⭐⭐ ⭐ 🧑 🆓 2021-09-20

စဥ်းစားပုံစဥ်းစားနည်း

သင်၏ တံခါးမကြီးသည် ၎င်းအား သော့ခတ်ထားမှသည့်ကာလအတွင်းသာ အကာအကွယ်အပေးနိုင်သည်။ သင်၏ ဒေတာအချက်အလက် နှင့် စနစ်များသည်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။ ခိုင်မာ‌သော ကုဒ်ကို အသုံးပြုခြင်းဖြင့် တစ်စုံတစ်ယောက်မှ ဖျက်ဆီးဝင်‌ရောက်နိုင်သည့် အခွင့်အရေးကို လျော့ချပေးမည်ဖြစ်သည်။ အကယ်၍ သင်သည် ထို သော့အား ပျောက်ရှပြီး တစ်စုံတစ်ယောက်မှ ရှာဖွေတွေ့ရှိသွားခဲ့သည်ရှိသော် ကမ္ဘာ့အခိုင်မာဆုံးသော့အိမ်သည်ပင်လျှင် အလိုမရှိသောဧည့်သည်ကို အပြင်တွင်ဆက်လက်ထားထားနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် သင်၏ ဒေတာအချက်အလက် နှင့် စနစ်များကို လုံခြုံအောင် ပြုလုပ်ရန် သင့်အနေဖြင့် စကားဝှက်အတွက် အလေ့အထကောင်းများကို ကျင့်သုံးရပါလိမ့်မည်။

ညွှန်ကြားချက်များ

သင်ဘာလုပ်ထားပြီးသင့်သလဲ

သင်၏ ပြင်ဆင်မှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အောက်ပါတို့ကို သင်ပြုလုပ်ပြီးဖြစ်သင့်သည်။

  1. 🔒 စကားဝှက်ဆိုင်ရာအလေ့အထများကို ခိုင်ခံ့အောင်ပြုလုပ်ပါ။အား မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို သင်လေ့လာပြီးဖြစ်ရမည်။
  2. အားနည်းသော စကားဝှက်များအားလုံးကို 🔒 ခိုင်မာသော စကားဝှက်များ ထုတ်ပါ။၍ အစားထိုးပါ။
  3. 🔒 စားပွဲတင်ကွန်ပျူတာတွင် Bitwarden အသုံးပြုရန်ပြင်ဆင်ပါ။ပြီး သင်၏ စကားဝှက်များအားလုံးကို BitWarden တွင် သိုလှောင်ပါ။

သင့်အနေဖြင့် ထို အဆင့်များကို ပြီးဆုံးအောင် မပြုလုပ်ရသေးပါက ၎င်းတို့အား ရှေးဦးစွာ ပြီးဆုံးအောင် ပြုလုပ်ပါ။

သင်ဘာဆက်လုပ်နေရမလဲ

1. စကားဝှက်မန်နေဂျာတစ်ခုကို သီးသန့်အသုံးပြုပါ။

  1. သင်၏ အွန်လိုင်းအကောင့်များကို ဝင်ရန်အတွက် သင်ကိုယ်တိုင် စကားဝှက်များကို ရိုက်နှိပ်ထည့်သွင်းဝင်ရောက်ခြင်း မပြုလုပ်သင့်တော့ပါ။
  2. သင်၏ အွန်လိုင်းအကောင့် တစ်ခုခုသည် သင့် စကားဝှက်မန်နေဂျာသို့ မထည့်သွင်းရသေးပါက ဝန်ဆောင်မှုအား အသုံးမပြုခင်တွင် ချက်ချင်း ၎င်းစကားဝှက်အား သင့် စကားဝှက်မန်နေဂျာတွင် ထည့်သွင်းပါ။
  3. သင် ယခင်ကအသုံးပြုနေသော စကားဝှက်အ‌ဟောင်းများကို အစားထိုးရန်အတွက် Bitwarden ဖြင့် 🔒 ခိုင်မာသော စကားဝှက်များ ထုတ်ပါ။ရန် သတိရပါ။

2. Bitwarden သို့ အကောင့်အသစ်များ ထည့်သွင်းပါ။

သင့်အနေဖြင့် အကောင့်တစ်ခုအတွက် စကားဝှက်အသစ်တစ်ခုအား ပေးရန်လိုအပ်လာပါက သင်သည် အောက်ပါအတိုင်းပြုလုပ်သင့်သည်။

  1. BitWarden ဖြင့် 🔒 ခိုင်မာသော စကားဝှက်များ ထုတ်ပါ။
  2. ထို့နောက် BitWarden တွင် အသစ် / ပြင်ဆင်ထားသော ကိုယ်ရေးအချက်အလက် အဖြစ် သိုလှောင်ထားပါ။

3. ကင်မရာများနှင့် စောင့်ကြည့်နေသော မျက်လုံးများကို သတိရှိပါ။

သင်၏ စကားဝှက်များကို သင်အနေဖြင့် သီးသန့် လျှို့ဝှက်စွာ အချိန်တိုင်း ထားထားသင့်သည်။ ထိလွယ်ရှလွယ်အဖြစ်ဆုံးအချိန်သည် ပစ္စည်းကိရိယာတစ်ခုခုအတွင်းသို့ သင်၏ စကားဝှက်အား ရိုက်ထည့်သောအချိန် ဖြစ်သည်။ ထို့ကြောင့် အောက်ပါအတိုင်း သေချာအောင်ပြုလုပ်ပါ။

  1. သင်သည် ပစ္စည်းကိရိယာတစ်ခုခုကို လော့ခ်ဖွင့်နေချိန်တွင် ထို ပစ္စည်းကိရိယာထဲသို့ သင် ဘာ ရိုက်ထည့်လိုက်သည် ဆိုသည်ကို မည်သူမျှ မမြင်အောင် ပြုလုပ်ပါ။
  2. သင့်ဖုန်းအား လော့ခ်ဖွင့်နေချိန်တွင် မည်သည့် CCTV ကင်မရာများမှ မှတ်တမ်းယူခြင်းမရှိသည်ကို သေချာအောင်ပြုလုပ်ပါ။

4. သင်၏ စကားစုစကားဝှက်များကို ပြင်ပတစ်နေရာရာတွင် သိုလှောင်ထားပါ။

အကောင်းဆုံးအခြေအနေသည် ထို စကားစုစကားဝှက်ကို သင်၏ မှတ်ဉာဏ်တွင် မှတ်ထားခြင်းဖြစ်သည်။ သို့သော် အကယ်၍ ထို စကားစုစကားဝှက်အား မေ့သွားနိုင်သည့် အခွင့်အရေးရှိပါက စာရွက်ပေါ်တွင်ချရေးမှတ်ထားပြီး မည်သူမျှ အသုံးပြုခွင့်မရှိသည့် လုံခြုံသောနေရာတစ်ခုတွင် သိုလှောင်သိမ်းဆည်းထားရန် အကြံပြုပါသည်။

5. စကားဝှက်များကို လုံခြုံသောနည်းလမ်းဖြင့်သာ ဝေမျှပါ။

အကောင်းဆုံးအခြေအနေသည် မည်သူတစ်ဦးတစ်ယောက်နှင့်မှ စကားဝှက်များကို ဝေမျှမသုံးစွဲလျှင်ဖြစ်သည်။ သို့သော် အချို့သော အချိန်များတွင် ထိုကဲ့သို ဝေမျှရန် လိုအပ်လာနိုင်သည်။

  1. အကယ်၍ သင်သည် Bitwarden organisation ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပါက ၎င်း၏ တစ်ပါတည်းပါဝင်ပြီးသားဖြစ်သည့် စကားဝှက်များအားမျှဝေခြင်းဝန်ဆောင်မှုကို အသုံးပြု၍ စကားဝှက်ကို အဖွဲ့များကြား ဝေမျှသုံးစွဲနိုင်သည်။
  2. အကယ်၍ သင်သည် တစ်စုံတစ်ယောက်အား ခေတ္တယာယီသာ အသုံးပြုခွင့် ပေးလိုပါက
    1. စကားဝှက်အား SMS မှတစ်ဆင့် ဝေမျှပါ။ 📱 SMS အသုံးပြု၍ စာတိုပေးပို့ခြင်းအား ‌ရှောင်ကျဥ်ပါ။
    2. စာတိုအား တစ်ဖက်လူမှ ရရှိကြောင်း အတည်ပြုပြီးသည်နှင့် ချက်ချင်းပြန်ဖျက်ပါ။
    3. အခြားတစ်ဖက်မှလူသည်လည်း စကားဝှက်အားသိုလှောင်သိမ်းဆည်းရာတွင် သင်ကဲ့သို့ပင် သတိကြီးကြီးဖြင့် ပြုလုပ်ကြောင်းကို သေချာအောင်ပြုလုပ်ပါ။
    4. ထိုလူမှ အသုံးပြုခွင့်မလိုအပ်တော့သည်နှင့် တစ်ပြိုင်နက် BitWarden အသုံးပြု၍ 🔒 ခိုင်မာသော စကားဝှက်များ ထုတ်ပါ။ ထို့နောက် အကောင့် စကားဝှက်ကို ပြန်လည်ပြင်ဆင်ပါ။ သင်၏ Bitwarden လော့ဂ်ဂင်ကိုယ်ရေးအချက်အလက်ကိုလည်း အသစ်ထုတ်ထားသော စကားဝှက်ဖြင့် ပြန်လည်ပြင်ဆင်ရန် မမေ့ပါနှင့်။

6. စကားဝှက်လုံခြုံရေးစိစစ်မှုအား ပြုလုပ်ပါ။

သင်၏ စကားဝှက်များ စိတ်ချရသည်ကို သေချာစေရန် စကားဝှက်လုံခြုံရေးဆိုင်ရာစိစစ်မှုကို ၃ လ မှ ၆ လ တစ်ကြိမ် ပြုလုပ်ခြင်းကို သင်၏ ပြက္ခဒိန်တွင် မှတ်သားထားပါ။

  1. သင့်တွင် Premium Bitwarden အကောင့်ရှိပါက vault များအားလုံးအတွက် Vault Health Report ထုတ်ပါ။

Pasted image 20210607171836.png

  1. သင့်တွင် Premium Bitwarden အကောင့်မရှိပါက have i been pwned ဖြင့် စစ်ဆေးပါ။

7. စိတ်မချရသော PIN / စကားစုစကားဝှက်များကို တုံ့ပြန်ပါ။

အကယ်၍ တစ်စုံတစ်ယောက်မှ သင် PIN သို့မဟုတ် စကားစုစကားဝှက်ကို ထည့်သွင်းနေခြင်းအား မြင်သွားခဲ့ပါက (သို့မဟုတ် CCTV တစ်ခုမှ သင် ထည့်သွင်းနေစဥ်တွင် မှတ်တမ်းယူထားသည်ကို သင် သတိထားမိပါက) ထို PIN သို့မဟုတ် စကားစုစကားဝှက်ကို ပြောင်းလဲပါ။

  1. PIN အသစ်တစ်ခုအတွက် 🔒 ခိုင်မာသော PIN တစ်ခုအား ထုတ်ခြင်း။ကို ဖတ်ရှုပါ။
  2. စကားစုစကားဝှက် အသစ်တစ်ခုအတွက် 🔒 ခိုင်မာသော စကားစုစကားဝှက်များ ထုတ်ပါ။ကို ဖတ်ရှုပါ။