📱 လုံခြုံသော Browser တစ်ခု အသုံးပြုရန်ပြင်ဆင်ပါ။
အမျိုးအစား | ပရိသတ် | ဦးစားပေးမှု | ရှုပ်ထွေးမှု | အင်အားစိုက်ထုတ်ရမှု | ကုန်ကျစရိတ် | UPDATE ပြုလုပ်ပြီး |
---|---|---|---|---|---|---|
ပြင်ဆင်မှု | 🧑 | ⭐⭐⭐⭐ | ⭐⭐ | 🧑🧑 | 🆓 | 2021-09-29 |
စဥ်းစားပုံစဥ်းစားနည်း
Browsers များသည် ကျွှန်ုပ်တို့အနေဖြင့် အင်တာနက်အသုံးပြုရန်အတွက် အသုံးပြုရသော အက်ပ်ပလီကေးရှင်းများ ဖြစ်ပါသည်။ လုံခြုံရေး နှင့် ကိုယ်ရေးလုံခြုံမှု နှစ်ခုစလုံးအတွက် ကောင်းမွန်သော Browser ကို အသုံးပြုခြင်းအားဖြင့် ကျွန်ုပ်တို့၏ အွန်လိုင်းအသုံးပြုမှုများနှင့် ဒေတာအချက်အလက်များကို အခြားလူပုဂ္ဂိုလ်အဖွဲ့အစည်းများမှ နောက်ယောက်ခံစောင့်ကြည့်ခြင်း၊ ခိုးယူခြင်းများမှ အကာအကွယ်ပေးနိုင်ပါသည်။ Brave နှင့် Firefox တို့မှာ ထိုကဏ္ဍများတွင် စွမ်းဆောင်ရည်အကောင်းဆုံးသော browsers များဖြစ်ကြပါသည်။ ထို့အပြင် အသုံးပြုရလွယ်ကူမှုမှာလည်း အတော်လေးကောင်းမွန်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် ထို browsers နှစ်ခုထဲမှ တစ်ခုအား ရွေးချယ်အသုံးပြုရန် အကြံပြုခြင်းဖြစ်သည်။ သင့် ဒေတာအချက်အလက်များအား စုဆောင်းထားလေ့ရှိသော Google Chrome အား ဖယ်ရှားပါ။ တစ်ဆက်တည်းမှာပင် လုံခြုံရေးနှင့် ဝန်ဆောင်မှုများတွင် နောက်ကောက်ကျနေသော Microsoft Edge အား ဖယ်ရှားပါ။ရန် သို့မဟုတ် လုံခြုံရေးဝန်ဆောင်မှုများတွင် နောက်ကောက်ကျနေသော Apple Safari ကိုလည်း ပိတ်ထားပါ။
ညွှန်ကြားချက်များ
သင်ဘာပြင်ဆင်ထားသင့်သလဲ
လုံခြုံစေရန်အတွက် မည်သည့် browser အား အသုံးပြုရန်ပြင်ဆင်မည်ကို ရွေးချယ်ပါ - Firefox နှင့် Brave။ သင့် ဆုံးဖြတ်ချက်ချရန်အတွက် အကူအညီရယူရန် ကျွန်ုပ်တို့ လမ်းညွှန် 💻-🖥️-📱 Firefox သို့မဟုတ် Brave အားရွေးချယ်ပါ။အား ဖတ်ရှုပါ။
သင်ဘာလုပ်သင့်သလဲ
1. Browser ကို install လုပ်ပါ။
"Browser အား ဖုန်းတွင် install လုပ်ပါ။" လမ်းညွှန်အတိုင်း လိုက်လံပြုလုပ်ရန် အတွက် 💻-🖥️-📱 Brave သို့မဟုတ် Firefox ကို install လုပ်ပါ။ အား ဖတ်ရှုပါ။
သင် browser ကို install လုပ်ပြီးသည်နှင့် ယခု လမ်းညွှန်အား သင့် browser အသစ်တွင် ဖွင့်ပါ! ထိုသို့ပြုလုပ်ခြင်းဖြင့် အောက်တွင်ရှိသော အပိုင်းများရှိ လင့်ခ်များကို နှိပ်လိုက်ရုံဖြစ်သည်။
2. ကိုယ်ပိုင်သီးသန့်ဖြစ်ပြီး လုံခြုံသော DNS
🤖 ANDROID တွင် Brave အတွက်သာ အသုံးပြု၍ ရသည်။ သို့သော် သင့်၏ ဆိုက်ဒ်ကြည့်ရှုမှုများကို နောက်ယောက်ခံစောင့်ကြည့်ခံရခြင်းမှ ကာကွယ်ရန်အတွက် 💻-🖥️ သင့် browser တွင် ကိုယ်ပိုင်သီးသန့်ဖြစ်သော DNS ကို အသုံးပြုရန်ပြင်ဆင်ပါ။ ပြုလုပ်ရန် ညွန်ကြားချက်များအတိုင်း လိုက်လံလုပ်ဆောင်ပါ။ အခြားသော ပေါင်းစပ်မှုများအားလုံးအတွက် သင်၏ဖုန်းပေါ်ရှိ ကွန်ရက်ဆိုင်ရာ အသုံးပြုမှုများအားလုံးကို တူညီသော အကာအကွယ်ပေးသည့် 💻/🖥️/📱 Cloudflare WARP ကို အသုံးပြုရန် ကျွန်ုပ်တို့အကြံပြုသည်။
3. အင်တာနက်ကြည့်ရှုမှု မှတ်တမ်းကို သင့်ဖုန်းတွင် မှတ်တမ်းတင်ထားခြင်းကို ကာကွယ်ပါ။
သင့် သွားရောက်ကြည့်ရှုလေ့ရှိသော ဆိုက်ဒ်များမှာ ထိလွယ်ရှလွယ်ဖြစ်ပါက ထိုအရာများအတွက် မှတ်တမ်းမှတ်ရာ ရှိမနေခြင်းသည် အကောင်းဆုံးဖြစ်ပါလိမ့်မည်။💻/🖥️/📱 သင့် အင်တာနက်ကြည့်ရှုမှုမှတ်တမ်းအား သိုလှောင်ခံရခြင်းအား ကာကွယ်ပါ။ရန် ရွေးချက်စရာများကို စဥ်းစားပါ။
4. အင်တာနက်ကြည့်ရှုမှု မှတ်တမ်းကို အဝေးမှ မှတ်တမ်းတင်ထားခြင်းကို ကာကွယ်ပါ။
Browsers နှစ်ခုစလုံးသည် နောက်ယောက်ခံလိုက်ခြင်း နှင့် မနှစ်မျို့သော content များမှ ကာကွယ်မှုပေးခြင်းအတွက် အဆင့်အမျိုးမျိုး ပါဝင်သည်။ ညွန်ကြားချက်များအတိုင်းလိုက်လံလုပ်ဆောင်ရန်အတွက် 💻-🖥️-📱 Browser ထဲရှိ trackers များကို ပိတ်ဆို့တားဆီးထားပါ။ကို ဖတ်ရှုပါ။
5. လုံခြုံရေးဆိုင်ရာ Extensions ထည့်သွင်းပါ။
Brave သည် ၎င်း၏ မိုဘိုင်းလ်အက်ပ် အတွက် extensions များကို ပံ့ပိုးမပေးထားပါ။ သို့သော် နောက်ဆုံးပေါ် Firefox ကတော့ ပံ့ပိုးပေးထားပါသည်။ ထို့ကြောင့် သင့်အနေဖြင့် 💻/🖥️/📱 Firefox အား လုံခြုံရေးဆိုင်ရာ Extensions များဖြင့် မြှင့်တင် ပြီးနောက် ကြော်ငြာများလည်း ပိတ်ဆို့ထားနိုင်သည်။!
6. ရွေးချယ်နိုင်သည်: Google Search ကို Brave Search ဖြင့် အစားထိုးပါ။
သင့်အနေဖြင့် 🌐 Google အသုံးပြုမှု မှတ်တမ်းကို ဖျက်ဆီးပါ။ ခြင်းကို မပြုလုပ်လိုပါက ကျွန်ုပ်တို့အနေဖြင့် သင့်ရှာဖွေမှုမှတ်တမ်းများအား မှတ်တမ်းမပြုစုသော ကိုယ်ပိုင်သီးသန့်ဖြစ်သော browser ကို အသုံးပြုရန် အကြံပြုလိုသည်။ 💻-🖥️-📱 Google Search ကို Brave Search ဖြင့် အစားထိုးပါ။
7. ရွေးချယ်နိုင်သည်: ကိုယ်ရေးလုံခြုံမှုဆိုင်ရာ အဆင့်မြင့် ဆက်တင်များကို သတ်မှတ်ပါ။
Browser တစ်ခုစီတိုင်းအတွက် ရှေ့တွင် မခြုံငုံမိသေးသော ဆက်တင်များ ကျန်ရှိနေသေးသည်။
Brave တွင် Telemetry၊ လုံခြုံရေးဆိုင်ရာဆက်တင်များ နှင့် ဆိုရှယ်မီဒီယာ ပိတ်ဆို့တားဆီးခြင်း
- ညာဘက်အပေါ်ထောင့်တွင်ရှိသော အစက် သုံးစက်ကို နှိပ်ပါ။ ထို့နောက် "Settings" ကို နှိပ်ပါ။
- အောက်သို့ ဆွဲချပြီး "Privacy and Security" ကို နှိပ်ပါ။
- အောက်ပါ ဆက်တင်များ သင့်တွင် ရှိသည်ကို သေချာအောင်ပြုလုပ်ပါ။
- Safe Browsing ကို "On" ပြုလုပ်ထားပါ။
- Do Not Track ကို "On" ပြုလုပ်ထားပါ။
- Close tabs on exit ကို "On" ပြုလုပ်ထားပါ။ - အကယ်၍ သင်သည် မည်သည့် မှတ်တမ်းတစ်ခုမျှ မထိမ်ချန်ထားခဲ့ချင်ပါက
- HTTPS Everywhere ကို "On" ပြုလုပ်ထားပါ။
- Automatically send ... to Brave ကို "Off" ပြုလုပ်ထားပါ။
- Ad block ကို "On" ပြုလုပ်ထားပါ။
- Fingerprinting Protection ကို "On" ပြုလုပ်ထားပါ။
- Auto-complete searches and URLs ကို "Off" ပြုလုပ်ထားပါ။ - အလိုအလျောက်ဖြည့်စွက်ပေးခြင်းသည် သင်၏ ရှာဖွေမှုများကို ပေါက်ကြားစေသည်။
- အောက်သို့ ဆက်လက်ဆွဲချပြီး Social Media Block အပိုင်းတွင် သင် မည်သည်တို့ကို ပိတ်ထားလိုသည်ကို စဥ်းစားဆုံးဖြတ်ပါ။
- မှတ်ချက်: သင့် အင်တာနက်အသုံးပြုမှုအား မည်သူမည်ဝါ့ ဆီမှ ဖုံးကွယ်ရန်လိုအပ်သည့် အခြေအနေအပေါ်မူတည်၍ ဆိုရှယ်မီဒီယာ ကုမ္ပဏီများမှ သင့်အား အင်တာနက်တစ်ခွင် နောက်ယောက်ခံလိုက်ခြင်းကို ပိတ်ဆို့တားဆီးလျှင် အကောင်းဆုံးဖြစ်မည်။ ၎င်းတို့အနေဖြင့် သင် မည်သူမည်ဝါ ဆိုသည်ကို 'မြင်' နိုင်သည့် လော့ဂ်ဂင် ခလုတ်များနှင့် embed လုပ်ထားသော content များ ပံ့ပိုးပေးထားပြီး ထိုမှတစ်ဆင့် ဆိုရှယ်မီဒီယာ ကုမ္ပဏီများဆီသို့ သင် ထို စာမျက်နှာများကို ကြည့်ရှုနေကြောင်းကို ပြန်လည်သတင်းပေးပို့သည်။ ထိုအရာသည် သင့်အတွက် ပြဿနာဖြစ်နေပါက ထို ကုမ္ပဏီများ ကို ပိတ်ဆို့ပါ။ - သို့သော် သင့်အနေဖြင့် လုပ်ဆောင်ချက်များနှင့် content များအား ဆုံးရှုံးမည်ဖြစ်သည်။
- မှတ်ချက်: သင့် အင်တာနက်အသုံးပြုမှုအား မည်သူမည်ဝါ့ ဆီမှ ဖုံးကွယ်ရန်လိုအပ်သည့် အခြေအနေအပေါ်မူတည်၍ ဆိုရှယ်မီဒီယာ ကုမ္ပဏီများမှ သင့်အား အင်တာနက်တစ်ခွင် နောက်ယောက်ခံလိုက်ခြင်းကို ပိတ်ဆို့တားဆီးလျှင် အကောင်းဆုံးဖြစ်မည်။ ၎င်းတို့အနေဖြင့် သင် မည်သူမည်ဝါ ဆိုသည်ကို 'မြင်' နိုင်သည့် လော့ဂ်ဂင် ခလုတ်များနှင့် embed လုပ်ထားသော content များ ပံ့ပိုးပေးထားပြီး ထိုမှတစ်ဆင့် ဆိုရှယ်မီဒီယာ ကုမ္ပဏီများဆီသို့ သင် ထို စာမျက်နှာများကို ကြည့်ရှုနေကြောင်းကို ပြန်လည်သတင်းပေးပို့သည်။ ထိုအရာသည် သင့်အတွက် ပြဿနာဖြစ်နေပါက ထို ကုမ္ပဏီများ ကို ပိတ်ဆို့ပါ။ - သို့သော် သင့်အနေဖြင့် လုပ်ဆောင်ချက်များနှင့် content များအား ဆုံးရှုံးမည်ဖြစ်သည်။
Firefox တွင် ပါရှိသော Telemetry
- ညာဘက်အပေါ်ထောင့်တွင်ရှိသော အစက် သုံးစက်ကို နှိပ်ပါ။ ထို့နောက် "Settings" ကို နှိပ်ပါ။
- အောက်သို့ ဆွဲချပြီး "Data Collection" ကို နှိပ်ပါ။
- အားလုံးကို ပိတ်လိုက်ပါ။
8. အခြားသော browsers များကို ပိတ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း။
အခြားအသုံးများသော browser များသည် ဆိုးသည် မဟုတ်ပါ။ သို့သော် သင့်အနေဖြင့် ဒီနေရာအထိ ရောက်လာပြီဖြစ်သည့်အတွက် သင့် browser အား လုံခြုံအောင်ပြုလုပ်ရသည်မှာ ထပ်ဆောင်း ပြုပြင်မွမ်းမံပြင်ဆင်ခြင်းများ မည်မျှပြုလုပ်ရကြောင်းကို သိရှိပြီဖြစ်သည်။ အခြား browser များတွင်မူ ထိုကဲ့သို့ အဆင့်များ လုပ်ဆောင်ရခြင်းမှာ ပိုမို ရှည်လျား အချိန်ကြာခြင်း သို့မဟုတ် ရလဒ်မှာ ပို၍ ဆိုးသွားတတ်သည်။ ထို့ကြောင့် မတော်တဆသော်လည်းကောင်း အလေ့အထဖြစ်နေခြင်းကြောင့်သော်လည်းကောင်း အခြား browser များအသုံးပြုမိခြင်းမှ ရှောင်ကျဥ်ရန်အတွက် ထို browsers များကို သင့် ဖုန်းမှ ဖယ်ရှားရန် ကျွန်ုပ်တို့ အကြံပြုသည်။
- Google Chrome အား ဖယ်ရှားပါ။ - ပုံမှန် ဆော့ဖ်ဝဲလ် uninstall လုပ်နည်း ကို အသုံးပြုသည်။
- Microsoft Edge အား ဖယ်ရှားပါ။ - ပုံမှန် ဆော့ဖ်ဝဲလ် uninstall လုပ်နည်း ကို အသုံးပြုသည်။
- Apple Safari ကိုလည်း ပိတ်ထားပါ။- Uninstall ပြုလုပ်၍ မရသဖြင့် ၎င်းအား ပိတ်ထားရန် လှည့်ဖြားခြင်းနည်းလမ်း တစ်ခု အသုံးပြုသည်။
သင့်အနေဖြင့် အခြားသော browser တစ်ခုခုကို အသုံးပြုရန် လိုအပ်ပါက Firefox အသုံးပြုရန်ပြင်ဆင်အပြီးတွင် Brave ကို အသုံးပြုရန်ပြင်ဆင်ထားသင့်ကြောင်း ကျွန်ုပ်တို့ အကြံပြုပါသည်။ သင်၏ ဒုတိယ browser အတွက် ယခု လမ်းညွှန်အတိုင်းပြုလုပ်ထားပါက မည်သည်ကို အသုံးပြုသည်ဖြစ်စေ သင့်အနေဖြင့် လုံခြုံနေမည်ဖြစ်သည်။
9. အမြဲသုံး browser အဖြစ် သတ်မှတ်ပါ။
Android တွင် Brave အား အမြဲသုံးအဖြစ် သတ်မှတ်ပါ။
- ညာဘက်အပေါ်ထောင့်တွင်ရှိသော အစက် သုံးစက်ကို နှိပ်ပါ။ ထို့နောက် "Set as Default Browser" ကို နှိပ်ပါ။
- "Browser App" ကို နှိပ်ပါ။
- "Brave" ကို ရွေးပါ။
- "back" ကို နှိပ်ပါ။ - OK ပြီးပါပြီ!
Android တွင် Firefox အား အမြဲသုံးအဖြစ် သတ်မှတ်ပါ။
- ညာဘက်အပေါ်ထောင့်တွင်ရှိသော အစက် သုံးစက်ကို နှိပ်ပါ။ ထို့နောက် "Settings" ကို နှိပ်ပါ။
- "Set as Default Browser" ကို နှိပ်ပါ။
- "Firefox" ကို ရွေးပြီး "Set as Default" ကို နှိပ်ပါ။
iOS တွင် browser ကို အမြဲသုံးအဖြစ် သတ်မှတ်ပါ။
- Settings ကို ဖွင့်ပါ။
- အောက်သို့ဆွဲချပြီး သင်အသုံးပြုလိုသော browser ကို နှိပ်ပါ။ (ဥပမာ Brave)
- "Default Browser" ကို နှိပ်ပါ။
- သင်အသုံးပြုလိုသော browser ကို နှိပ်ပါ။ (ဥပမာ Brave) - ပြီးပါပြီ!
10. သင့်ကွန်ပျူတာထဲတွင် လုံခြုံသော browser ကို install လုပ်ပါ။
သင်ထိုကဲ့သို့ မပြုလုပ်ရသေးလျှင် သင့်ကွန်ပျူတာတွင် အင်တာနက်အသုံးပြုသောအခါ အလားတူ အကျိုးကျေးဇူးများ နှင့် အကာအကွယ်များ ရရှိနိုင်စေရန်အတွက် 💻-🖥️ လုံခြုံသော browser အသုံးပြုရန်ပြင်ဆင်ပါ။ ပြုလုပ်ရမည့် အဆင့်များမှာလည်း ဆင်တူပါသည်။ ထို့ကြောင့် ဒုတိယ အကြိမ်ဖြစ်သည့်အလျောက် ပိုမြန်မည် ဖြစ်ပါသည်။