💻/🖥️/📱 Cryptomator အား install လုပ်ပါ။

Pasted image 20210618144045.png
Last updated on : 2021-09-26

ညွှန်ကြားချက်များ

သင်ဘာလုပ်သင့်သလဲ

1. Cloud Sync ရွေးချယ်စရာတစ်ခုကို install လုပ်ပါ။

Cryptomator သည် များသောအားဖြင့် Cloud Drive များတွင် ရှိသော ဖိုင်လ်များကို အသွင်ဝှက်ရာတွင် အသုံးပြုသည့်အတွက် သင့်အနေဖြင့် သင့် ဒေတာအချက်အလက်များအား သိုလှောင်ရာတွင် အသုံးပြုသည့် cloud ဝန်ဆောင်မှု ပံ့ပိုးပေးသူ အပေါ်မူတည်၍ Cloud Sync ရွေးချယ်စရာတစ်ခုကို install လုပ်ချင်ပါလိမ့်မည်။

အခြား cloud ဝန်ဆောင်မှု ပံ့ပိုးပေးသူများသည် Dropbox ကိုလည်း ပံ့ပိုးပေးထားသည်။ သို့သော် ၎င်းအား မည်ကဲ့သို့ အသုံးပြုရန် ပြင်ဆင်ရမည်ကို သင်၏ ပံ့ပိုးသူထံမှ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

အကယ်၍ သင်သည် ဖိုင်လ်များကို sync မပြုလုပ်လိုပဲ cloud တွင်သာ သိုလှောင်လိုချင်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဖိုင်လ်များသည် အသွင်ဝှက်ထားသော်လည်းပဲ သင့် ကွန်ပျူတာတွင် ၎င်းဖိုင်လ်များကို မထားချင်သောကြောင့် ဖြစ်နိုင်သည်။ ထိုအရာအတွက် သင်သည် Windows သို့မဟုတ် macOS တွင် Cyberduckအား install လုပ်နိုင်သည်။

2. သင့် ကွန်ပျူတာတွင် install လုပ်ပါ။

  1. တရားဝင် စာမျက်နှာ သို့သွားရောက်ပါ။
  2. သင့်တွင် (Windows သို့မဟုတ် macOS) မှန်ကန်သော ဗားရှင်းရှိသည်ကို အတည်ပြုပါ။ "Download" ကို နှိပ်ပါ။
    Pasted image 20210618144159.png
  3. installer အား ‌ဒေါင်းလုဒ်ဆွဲပြီး ဖွင့်ပါ။ ထို့နောက် အဆင့်တိုင်းတွင် "Accept"၊ "Next"၊ "Install" သို့မဟုတ် "Finish" နှိပ်ခြင်းဖြင့် ညွှန်ကြားချက်များအတိုင်း လိုက်နာပါ။
  4. install ပြုလုပ်ပြီးသည်နှင့် Cryptomator ပွင့်သွားမည်ဖြစ်သည်။ "အသုံးပြုခွင့်အား ခွင့်ပြုပေးရန်" တောင်းဆိုချက် တွေ့ရပါလိမ့်မည်။ "Allow Access" ကို နှိပ်ပါ။
    Pasted image 20210618145046.png
    5.ကောင်းပြီ! သင် Cryptomator ကို install လုပ်ပြီးပြီဖြစ်ပြီး Cryptomator ဖြင့် Cloud Drive အား အသွင်ဝှက်ရန် အဆင့်သင့်ဖြစ်ပြီ ဖြစ်သည်။
    Pasted image 20210618145208.png

3. (ရွေးချယ်နိုင်သည်) သင့်ဖုန်းတွင် install လုပ်ပါ။ (💵)

Cryptomator သည် မိုဘိုင်းလ် တွင်လည်း အသုံးပြုနိုင်သည်။ iOS အက်ပ်သည် အခမဲ့ဖြစ်ပြီး Android အက်ပ်ကတော့ ၁၀ ယူရို ကျသင့်ပါသည်။

မှတ်ချက်: သင့် NGO အတွက် ကုန်ကျစရိတ်သည် အခက်အခဲတစ်ခု ဖြစ်နေပါက Android ဗားရှင်းအား အခြားသော ပစ္စည်းကိရိယာ ၅ ခုတွင် အကယ်၍ ၎င်းတို့သည် သင်၏ "family" ထဲတွင် ရှိပါက install လုပ်နိုင်သည်။ ထို့ကြောင့် Family Library အား အသုံးပြုရန်ပြင်ဆင်ပြီး သင့် အဖွဲ့ဝင်များအား မိသားစုဝင်များအဖြစ် ထည့်သွင်းနိုင်သည်။ အက်ပ်ကို ၎င်းတို့နှင့် မျှဝေသုံးစွဲနိုင်သည်။ ထိုအရာသည် ကိုယ်ရေးကိုယ်တာသုံး Google အကောင့်များတွင်သာ အလုပ်ဖြစ်သည်။ [email protected] လိပ်စာဖြင့် အကောင့်များအတွက် အလုပ်မဖြစ်ပါ။