🔒 Bitwarden အကောင့်တစ်ခု အသုံးပြုရန်ပြင်ဆင်ပါ။

Last updated on : 2021-06-11

ညွှန်ကြားချက်များ

သင်ဘာသိထားသင့်သလဲ

  1. Free Basic Plan သည် အတော်ပင် ပြည့်စုံနေပြီဖြစ်သည်။ သင့်အဖွဲ့အစည်းအနေဖြင့် လိုအပ်နေသော အရေးကြီးဆုံးအရာသည် စကားဝှက်များကို အလွယ်တကူ ဝေမျှနိုင်စွမ်းနှင့် အရေးပေါ်ဆက်သွယ်ရန်အတွက် သတ်မှတ်ထားရှိခြင်း တို့ဖြစ်သည်။ သင့်အတွက်အရေးကြီးဆုံးကတော့ 🔒 အဆင့်များစွာခံလုံခြုံရေးစနစ် ကို အသုံးပြုပါ။ စီမံခန့်ခွဲရန်အတွက် သင့်အနေဖြင့် သီးခြား အက်ပ် တစ်ခုလိုအပ်ပါလိမ့်မည်။
  2. ယခု လမ်းညွှန်သည် အလုပ်ကိစ္စများတွင် အသုံးပြုရန်အတွက် Bitwarden ကို အသုံးပြုရန်ပြင်ဆင်ခြင်းအတွက် ဖြစ်ပါသည်။ သင့်အနေဖြင့် Free Basic Plan ကို အသုံးပြုလျက်ရှိပါက သင်၏ ကိုယ်ပိုင်သီးသန့်ဖြစ်သော စကားဝှက်များကို ထည့်ထားနိုင်သည်။ သို့သော် သင့်အဖွဲ့အစည်းအနေဖြင့် Business Planကို အသုံးပြုလျက်ရှိပါက သင့်အနေဖြင့် အလုပ်နှင့် ကိုယ်ရေးကိုယ်တာအသုံးပြုခြင်းများ ရောထေးမသွားစေရန် သင်၏ ကိုယ်ရေးကိုယ်တာသုံးစကားဝှက်များအတွက် သီးခြား Bitwarden အကောင့် (free plan ဖြင့်) ဖွင့်ပြီး အသုံးပြုရန် ကျွန်ုပ်တို့ အကြံပြုသည်။
  3. အခြေခံအသုံးပြုရန်ပြင်ဆင်ခြင်း ပြုလုပ်ပြီးပါက သင့်အနေဖြင့် 🔒 စားပွဲတင်ကွန်ပျူတာတွင် Bitwarden အသုံးပြုရန်ပြင်ဆင်ပါ။ သို့မဟုတ် သင့် စမတ်ဖုန်းထဲတွင် 🔒 မိုဘိုင်းလ်ဖုန်းတွင် Bitwarden အသုံးပြုရန်ပြင်ဆင်ပါ။

သင်ဘာပြင်ဆင်ထားသင့်သလဲ

သင့်စကားစုစကားဝှက်ကို အသင့်ထားရှိထားပါ။Have your Passphrase Ready

သင် Diceware အသုံးပြုပြီး ချရေးထားခဲ့သော စကားစုစကားဝှက်ကို သင်မှတ်မိပါသလား? BitWarden အတွက် ထို စကားစုစကားဝှက်ကို အသုံးပြုရမည်ဖြစ်သည်။

သင့်အနေဖြင့် ခိုင်မာသော စကားစုစကားဝှက်တစ်ခုကို မထုတ်ရသေးသော်လည်းကောင်း မမှတ်မိသော်လည်းကောင်း 🔒 ခိုင်မာသော စကားစုစကားဝှက်များ ထုတ်ပါ။ ကို ဖတ်ရှုပြီး ညွှန်ကြားချက်များအတိုင်း လိုက်လံဆောင်ရွက်ပါ။

သင်ဘာလုပ်သင့်သလဲ

1. အကောင့်တစ်ခုဖွင့်ပါ။

  1. သင်၏အဖွဲ့အစည်းသည် Business Plan ကို အသုံးပြုလျက်ရှိသလား သို့မဟုတ် သင့်အနေဖြင့် Free Basic အကောင့်များကို အသုံးပြုပါမည်လား?

    1. သင့်အဖွဲ့အစည်းအနေဖြင့် 🔒 အဖွဲ့အစည်းအတွက် BitWardne အသုံးပြုရန်ပြင်ဆင်ပါ။ ပြီးပါက သင့်အလုပ် အီးမေးလ်မှတစ်ဆင့် အဖွဲ့အစည်းအား ပူးပေါင်းရန် ဖိတ်ခေါ်စာတစ်စောင် သင် ရရှိပါလိမ့်မည်။ သင်၏ အကောင့်အသုံးပြုရန်စတင်ပြင်ဆင်ရန်အတွက် လင့်ခ် ကို နှိပ်ပါ။

အီးမေးလ်သည် ယခုကဲ့သို့ ပုံစံမြင်ရပါလိမ့်မည်။

Pasted image 20210607220658.png

ထို့နောက် အီးမေးလ်ထဲတွင်ပါရှိသော "Join Organisation Now" ကို နှိပ်ပြီးနောက် "Create Account" ကိုရွေးပါ။

Pasted image 20210607220625.png

  1. သင့်အဖွဲ့အစည်းမှ Free Basic Plan ကို အသုံးပြုနေပါက ဝန်ထမ်းများအားလုံးအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အကောင့်များကို အသုံးပြုရန်ပြင်ဆင်ရမည်ဖြစ်သည်။ အကောင့်တစ်ခုဖွင့်ခြင်းဖြင့် သင် စတင်လုပ်ဆောင်နိုင်သည်။
  2. Create Account စာမျက်နှာတွင်,
    1. "Email Address" နေရာတွင် သင့် အလုပ် အီးမေးလ်ကိုထည့်ပါ၊။
    2. "Your Name" တွင် သင့်နာမည်ကို ဖြည့်စွက်ပါ။
    3. စကားစုစကားဝှက်ကို သင်၏ "Master Password" အနေဖြင့် အသုံးပြုပါ။
    4. Master password ကို နောက်တစ်ခါထပ်ရိုက်ထည့်ပါ။
    5. သင်၏ Master Password အတွက် သဲလွန်စ တစ်ခု သတ်မှတ်ပါ။
    6. Terms of Service ကို အမှန်ခြစ်ပြီးနောက် "Submit" ကို နှိပ်ပါ။

Pasted image 20210607220151.png

2. သင့် Vault အတွင်းသို လော့ဂ်ဂင် ဝင်ပါ။

ဂုဏ်ယူပါတယ်။! သင့်အနေဖြင့် vault အတွင်းသို လော့ဂ်ဂင် ဝင်ရန် အဆင်သင့်ဖြစ်ပြီဖြစ်သည်။

Pasted image 20210607222640.png

ယခုပုံစံကဲ့သို့ မြင်ရပါလိမ့်မည်။

Pasted image 20210607222719.png

3. လုံခြုံရေးဆိုင်ရာ ရွေးချယ်စရာများကို သတ်မှတ်ပါ။

ဝက်ဘ် Vault မှ တစ်ဆင့် Settings သို့သွားပါ။ > ထို့နောက် Options ကို ရွေးပါ။

Pasted image 20210607231848.png

  1. "Vault Timeout"နေရာတွင် အသုံးမပြုမှုကြောင့် စကားဝှက် ထပ်ခါ ထပ်ခါ ပြန်ရိုက်ရခြင်း မဖြစ်စေရန် သင်၏အသုံးပြုသောပုံစံပေါ်မူတည်၍ အချိန်ပြည့်၍ရပ်တန့်ခြင်း(timeout) ကို အနှိမ့်ဆုံးတွင် သတ်မှတ်ထားပါ။
  2. "Vault Timeout Action" နေရာတွင် "Lock" အဖြစ် ဆက်လက်ထားရှိရန် အကြံပြုပါသည်။