📱 Android - Shelter အား အသုံးပြုရန် ပြင်ဆင်ပါ။

Last updated on : 2021-10-14

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

  1. ဤ အက်ပ်သည် Samsung သို့မဟုတ် XiaoMi ဖုန်းများတွင် အလုပ်မလုပ်ပါ။
  2. Shelter သည် Android ၏ "Work Profile" အား အသုံးချခြင်းဖြစ်သည်။ - စဥ်းစားပုံမှာ သင့်ဖုန်း၏ "Personal" အပိုင်းအား အသုံးပြုနေစဥ်မှာပဲ သင်သည် သင့် ထိလွယ်ရှလွယ်ဖြစ်သည့်အက်ပ်များအားလုံးကို သင့်ဖုန်း၏ "Work" အပိုင်းတွင် သီးခြားထားထားပြီး ၎င်းအား လော့ခ်ချထားနိုင်ရန် ဖြစ်သည်။
  3. ဖုံးကွယ်ထားသော / ထိလွယထိလွယ်ရှလွယ်ဖြစ်သော အက်ပ်များသည် "Work Profile" ထဲတွင် နေထိုင်နေမည်ဖြစ်သည်။ ထိလွယ်ရှလွယ်မဖြစ်သည့် အက်ပ်များနှင့် တည်ကြက်အက်ပ်များကမူ သင့် "Personal Profile" တွင် နေထိုင်နေမည်ဖြစ်သည်။
  4. အက်ပ်သည် work profile အား "Shelter" ခေါ်ဆိုပြီး သင့် personal profile ကို "Main" ဟု ခေါ်ဆိုသည်။

သင်ဘာလုပ်သင့်သလဲ

1. Shelter အား Install လုပ်ပါ။

  1. Google Play Store မှတစ်ဆင့် "Shelter" အက်ပ်ကို install လုပ်ပါ။
  2. "Shelter" အက်ပ်ကို ဖွင့်ပြီး အောက်ပါပုံပါအတိုင်း ပေါ်လာသော ဖော်ပြချက်တွင် "continue" ကို နှိပ်ပါ။
    Pasted image 20210608172433.png
  3. သင့်အတွက် work profile တစ်ခု အသုံးပြုရန် ပြင်ဆင်ပေးမှုကို ခွင့်ပြုပေးပါ။
    Pasted image 20210608172443.png
  4. ၎င်း လုပ်ငန်းစဥ်သည် အောက်တွင် ဖော်ပြထားသည့် ပုံအတိုင်း ရပ်တန့်နေနိုင်သည်။ - အကယ်၍ သင့် အသိပေးချက်များထဲတွင် "Click here to finish setting up Shelter" ကို တွေ့ပါက သင် ရပ်တန့်နေသည်ကို သိနိုင်သည်။
    Pasted image 20210608172532.png
  5. သင့် အသိပေးချက်များထဲတွင် "Click here to finish setting up Shelter" ကို တွေ့ပါက ၎င်းအား နှိပ်ပါ။
    Pasted image 20210608172610.png
  6. Shelter သည် အသုံးပြုရန်ပြင်ဆင်ပြီးဖြစ်သွားပါပြီ။
    Pasted image 20210608172704.png

2. "MAIN" နှင့် "SHELTER" tab များကို ကြည့်ရှုစစ်ဆေးပါ။

  1. "MAIN" tab ထဲတွင် သင်၏ လက်ရှိ အက်ပ်များအားလုံးကို တွေ့မြင်နိုင်သည်။
    Pasted image 20210608172853.png
  2. "SHELTER" tab အား ကြည့်ရှုစစ်ဆေးပါက ပုံသေအက်ပ်အချို့ အသုံးပြုရန်ပြင်ဆင်ပြီးသည်ကို သင်တွေ့မြင်နိုင်မည်ဖြစ်သည်။
    Pasted image 20210608172916.png

3. သင့် အက်များကို ပုံတူပွားပါ။

📱 Android - Clone Apps with Shelter ဖြင့် အက်ပ်များကို ပွားပါ။ တွင် ပါသော ညွှန်ကြားချက်များအတိုင်း လိုက်လံဆောင်ရွက်ပြီး "Shelter Profile" သို့ သင့်အက်ပ်များကို ပွားပါ။