📱 Android - Xiaomi သို့မဟုတ် Redmi တွင် အက်ပ်များကို ဖုံးကွယ်ပါ။

Last updated on : 2021-10-10

အရေးကြီးသည်။

ထိုဖုန်းများကို ထုတ်လုပ်သူသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရားစီရင်ပိုင်ခွင့်ထဲတွင် ရှိနေသည်။ - အကယ်၍ သင့်အား ရန်ပြုလိုသူများတွင် တရုတ်အာဏာပိုင်များ ပါဝင်ပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ထုတ်လုပ်ထားသခြင်းမဟုတ်သည့် ဖုန်းဖြင့် သင့်ဖုန်းအား အစားထိုးသင့်သည်။ သို့မဟုတ် အနည်းဆုံး(အဆင့်မြင့်အတွက်သာ 👩‍💻) ပြင်ပမှ ယုံကြည်ရသော ROM တစ်ခုခုကို ထည့်သွင်းခြင်း။

ညွှန်ကြားချက်များ

သင်ဘာလုပ်သင့်သလဲ

Xiaomi / RedMi အတွက် ရွေးချယ်စရာသည် အတော်လေး အဆင့်မြင့်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အက်ပ် vault တစ်ခုကို ပွားထားခြင်းကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ အက်ပ်သည် "App Lock" ဖြစ်နေပါက သင်အနေဖြင့် ၎င်းအား ထပ်ဆောင်း PIN ကုဒ်တစ်ခုဖြင့် အကာအကွယ်ပြုလုပ်နိုင်သည်။ App Lock ထဲတွင် ရှိနေသော အက်ပ်များမှ အသိပေးချက်များအားလုံးကိုလည်း သင့်အနေဖြင့် ဖုံးကွယ်ထားနိုင်သည်။

Pasted image 20210608185928.png

အက်ပ်တစ်ခုကို ဖုံးကွယ်ရန်
1. settings အက်ပ်ပလီကေးရှင်းကို ဖွင့်ပါ။
2. Apps သို့သွားပါ။
3. App lock ကို နှိပ်ပါ။
4. အကယ်၍ သင်သည် ယခု အကြိမ်သည် ပထမဦးဆုံး App lock အသုံးပြုခြင်းဖြစ်ပါက "Turn on" ကို နှိပ်ပါ။
5. အက်ပ်ပလီကေးရှင်းအား လော့ခ်ဖွင့်ရန်အတွက် အသုံးပြုနိုင်သော pattern ကို သတ်မှတ်ပါ။
6. သင်ဖုံးကွယ်လိုသော အက်ပ်ပလီကေးရှင်းကို ရွေးပြီး စကရင်တွင် ဖော်ပြသော လမ်းညွှန်ချက်များအတိုင်း ဆက်လက်လုပ်ဆောင်ပါ။
7. အက်ပ်ပလီကေးရှင်းများမှ ပေးပို့သော အသိပေးချက်များတွင် ပါဝင်သောအကြောင်းအရာများကို ဖုံးကွယ်ထားလိုပါက ညာဘက်ထောင့်တွင်ရှိသည့် settings ကို နှိပ်ပါ။ (ဂီယာစက်သွားပုံစံနှင့်တူသည်။)
8. Hide notification content ကို နှိပ်ပါ။
9. ပေးပို့သော အသိပေးချက်များတွင် ပါဝင်သောအကြောင်းအရာများကို ဖုံးကွယ်ထားလိုသည့် အက်ပ်ပလီကေးရှင်းများကို ရွေးပါ။
10. အကယ်၍ သင်သည် မှတ်စုတစ်ခုကို ဖုံးကွယ်ထားလိုပါက မှတ်စုတစ်ခုအား ကြာရှည်စွာဖိနှိပ်ပြီး "encrypt your note" ကို ရွေးပါ။
11. ပြီးပါပြီ။

Pasted image 20210609001941.png

https://u01.appmifile.com/images/2018/09/14/18e16cb6-a909-4606-9dcb-0f179ca75a49.jpg

ဖုံးကွယ်ထားသော အက်ပ်များကို အသုံးပြုရန်အတွက်
1. ယခုအပိုင်း၏အစတွင် ဖော်ပြထားသော ပုံတွင်ပါသည့်အတိုင်း home စကရင်ပေါ်တွင် သင့်လက်နှစ်ချောင်းကို ဖြန့်ပါ။
2. သင့် App Lock စကားဝှက်ထည့်သွင်းရန် တောင်းဆိုသော စာတိုတစ်ခုကို သင်တွေ့ပါလိမ့်မည်။
3. စကားဝှက်ကို ထည့်သွင်းပါ။
4. ပြီးပါပြီ။

အကယ်၍ သင် ဆက်လက်လုပ်ဆောင်ရန် အခက်အခဲရှိပါက Mi လမ်းညွှန်အတိုင်းလိုက်လံဆောင်ရွက်ပါ။ သို့မဟုတ် 📱 အက်ပ် Icon အမည်ကို ပြောင်းလဲပါ။မှ လမ်းညွှန်ချက်များကို အသုံးပြုပါ။