💻/🖥️ Windows 10 - အသုံးမပြုသော အက်ပ်များကို uninstall လုပ်ပါ။
အမျိုးအစား | ပရိသတ် | ဦးစားပေးမှု | ရှုပ်ထွေးမှု | အင်အားစိုက်ထုတ်ရမှု | ကုန်ကျ | UPDATE ပြုလုပ်ပြီး |
---|---|---|---|---|---|---|
ပြင်ဆင်မှု | 🧑/🏗️ | ⭐⭐ | ⭐ | 🧑 | 🆓 | 2021-09-14 |
စဥ်းစားပုံစဥ်းစားနည်း
အသုံးမပြုသော သို့မဟုတ် မလိုအပ်သော အက်ပ်လီကေးရှင်းများကို ကွန်ပျူတာတွက် ဆက်လက်ထားရှိထားခြင်းသည် ကွန်ပျူတာ၏ အရင်းအမြစ်များကို နေရာယူထားရုံသာမက ၎င်းတို့သည် ထိလွယ်ရှလွယ်ဖြစ်သော ဒေတာအချက်အလက်များလည်း ပါဝင်နိုင်ပြီး ကွန်ပျူတာစနစ်အား အဝေးမှ ဝင်ရောက်အသုံးပြုနိုင်စေရန် ဖြစ်နိုင်ချေရှိသော နည်းလမ်းများကို ပေးထားသကဲ့သို့ ဖြစ်စေသည်။
ညွှန်ကြားချက်များ
သင်ဘာလုပ်သင့်သလဲ
သင့် ကွန်ပျူတာတွင် install ပြုလုပ်ထားသော အက်ပ်လီကေးရှင်း စာရင်းကို တစ်ခုချင်းစီ စစ်ဆေးကြည့်ရှုပြီး မလိုအပ်သောအရာများကို ဖယ်ရှားပါ။
- Taskbar ရှိ search box တွင် "Control Panel"ဟု ရိုက်ထည့်ပါ။ ထို့နောက် ပေါ်လာသော ရှာဖွေမှုရလဒ်များထဲမှ ရွေးပါ။
- Programs ကို ရွေးပါ။ > Programs and Features အား နှိပ်ပါ။
- ပရိုဂရမ်များ စာရင်းကို တစ်ခုချင်းစီ ကြည့်ရှုပြီး သင် ဖယ်ရှားလိုသော ပရိုဂရမ် ကို right-click နှိပ်ပါ။ ထို့နောက် Uninstall သို့မဟုတ် Uninstall/Change ကို ရွေးချယ်ပါ။
- Uninstall ပြုလုပ်ခြင်း လုပ်ငန်းစဥ်အား ပြီးဆုံးအောင်လုပ်ဆောင်ရန်အတွက် ကွန်ပျူတာတွင် ပြသော ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။
Sources : Microsoft