🔒 အဆင့်များစွာခံလုံခြုံရေးစနစ်အားအသုံးပြုပါ။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ကျင့်ကြံလုပ်ဆောင်ခြင်း 🧑 ⭐⭐⭐⭐ ⭐⭐ 🧑🧑 🆓 2021-09-19

စဥ်းစားပုံစဥ်းစားနည်း

သင်၏ အကောင့်များကို စကားဝှက်တစ်လုံးတည်းနှင့် အသုံးပြုခွင့်ရသည်ထက် မည်သည့်အရာက ပိုကောင်းပါသလဲ? အကောင့်ပိုင်ရှင် သင့်အနေဖြင့် သင်တစ်ယောက်တည်းသာ အသုံးပြုခွင့်ရှိသော ဒုတိယ "သော့အိမ်" ရှိခြင်းပါပဲ။ အသုံးပြုသူတစ်ယောက်အား မကြိုဆိုခင်မှာ 'စိန်ခေါ်မှုပေါင်းများစွာ' ထည့်သွင်းထားခြင်းကို )အဆင့်များစွာခံလုံခြုံရေးစနစ် (MFA) ဟု ခေါ်ပါသည်။ ခိုင်မာသော စကားဝှက်တစ်ခု ရှိခြင်း ပြီးလျှင် အဆင့်များစွာခံလုံခြုံရေးစနစ်သည် သင့် အကောင့်အား လုံခြုံအောင် သင်ပြုလုပ်နိုင်သော အကောင်းဆုံးအရာတစ်ခုဖြစ်ပါသည်။

အွန်လိုင်းဝန်ဆောင်မှုများတွင် အဆင့်များစွာခံလုံခြုံရေးစနစ်အတွက် Authenticator ကို အသုံးပြုရန်ပြင်ဆင်ခြင်းဆိုသည့် အကြံပြုချက်တွင် ပါရှိသည့်အတိုင်း သင်၏ ထိလွယ်ရှလွယ်အဖြစ်ဆုံးသော အကောင့်များတွင် ဒုတိယ လုံခြုံရေးအဆင့် ထည့်သွင်းရန် ကျွန်ုပ်တို့အနေဖြင့် အကြံပြုသည်။

ညွှန်ကြားချက်များ

သင်ဘာပြင်ဆင်ထားသင့်သလဲ

🔒 အဆင့်များစွာခံလုံခြုံရေးစနစ်အတွက် Authenticator ကို အသုံးပြုရန်ပြင်ဆင်ပါ။ အား ပြီးဆုံးအောင် လုပ်ဆောင်ထားရမည်။

သင်ဘာလုပ်သင့်သလဲ

1. သင်၏ ထိလွယ်ရှလွယ်ဖြစ်သော ဝန်ဆောင်မှုများအားလုံးကို စာရင်းတစ်ခုပြုလုပ်ပါ။

သင် အပိုထပ်ဆောင်း လုံခြုံရေးများ ထပ်ထည့်လိုသော ဆိုဒ်များ / အက်ပ်များ / ဝန်ဆောင်မှုများ အားလုံးကို စာရင်းတစ်ခုပြုလုပ်ပါ။ ဥပမာ ရန်ပြုလိုသူတစ်ဦးမှ အကယ်၍ အသုံးပြုခွင့်ရသွားသော် သင့်အား ချိန်းခြောက်ခြင်း၊ ထိခိုက်အောင်ပြုလုပ်ခြင်းများကို ပြုလုပ်နိုင်သည့် အရာအားလုံးကို ထို စာရင်းတွင် ထည့်သွင်းရမည်ဖြစ်သည်။ စာရင်းတွင် ထည့်သွင်းမှုများတွင် အီးမေးလ်၊ ဆိုရှယ်မီဒီယာ၊ အလုပ်နှင့်သက်ဆိုင်သော အကောင့်များ နှင့် ငွေနှင့်ပတ်သတ်သောအရာများ ကို ပုံမှန်တွေ့ရလေ့ရှိသည်။

2. 2FA လမ်းညွှန်တွင် သင်၏ ဝန်ဆောင်မှုများကို ရှာဖွေပါ။

Pasted image 20210804134851.png

2FA လမ်းညွှန် သို့သွားပြီးနောက် သင့်စာရင်းတွင်ရှိသော မည်သည့်ဝန်‌ဆောင်မှုသည် 2FA ပံ့ပိုးမှုပေးထားသည်ကို ကြည့်ပါ။ နည်းပညာကုမ္ပကြီးများအများစုသည် ထိုအရာအား ပံ့ပိုးမှုပေးထားပါသည်။

Pasted image 20210804134922.png
ဥပမာ ရှာဖွေရန်နေရာတွင် "Face" ဟု ရိုက်ရှာကြည့်ပါက Facebook မှ "SMS - စာတို", "Hardware တိုကင်" နှင့် "ဆော့ဖ်ဝဲလ် တိုကင်များ" ကို ပံ့ပိုးထားသည်ကို တွေ့ရပါသည်။

ကျွန်ုပ်တို့ အသုံးပြုရန်ပြင်ဆင်ပြီးသော Authenticator များ သည် ဆော့ဖ်ဝဲလ် တိုကင်ကို ထောက်ပံ့ပေးသည်။ ထို့ကြောင့် သင် ဂရုပြု၍ ကြည့်ရှုရမည့်အရာသည် ✅ ဖြစ်သည်။

အဆင့်မြင့်: 💻-🖥️-📱 ဝန်ထမ်းများကို Yubikeys များ ထုတ်ပေးခြင်း ကို သင့်အဖွဲ့အစည်းမှ ပြုလုပ်ပြီးပါက Hardware တိုကင် သည် မည်သည့် သော့များ အသုံးပြု၍ရကြောင်းကို ဖော်ပြပေးပါသည်။

3. သင်၏ ထိလွယ်ရှလွယ်ဖြစ်သော အက်ပ်များနှင့် ဆိုဒ်များ အားလုံးတွင် 2FA ထည့်သွင်းပါ။

ထိုအရာကို ပံ့ပိုးထားသော ဝန်ဆောင်မှုများ (ဥပမာ Twitter, Gmail, Office 365)အတွက် "Docs" စာအုပ်ပုံ icon ကို နှိပ်ပြီးနောက် ဒုတိယအဆင့်ဖြင့် ဝန်ဆောင်မှုအား လုံခြုံအောင် ပြုလုပ်ရန်အတွက် ညွှန်ကြားချက်များအတိုင်း လိုက်လံလုပ်ဆောင်ပါ။

ထိုလုပ်ငန်းစဥ်အား သင့်ကို အနည်းဆုံးတစ်ကြိမ် လမ်းညွှန်နိုင်ရန် 🔒 Facebook အတွက် နှစ်ဆင့်ခံလုံခြုံရေးစနစ်အသုံးပြုရန်ပြင်ဆင်ပါ။ လမ်းညွှန်တစ်ခု ကျွန်ုပ်တို့တွင် ရှိသည်။

4. လော့ဂ်ဂင်ဝင်ရန် Authenticator ကုဒ်ကို အသုံးပြုပါ။

နောက်ပိုင်းတွင် သင် 2FA ဖြင့် လုံခြုံအောင်ပြုလုပ်ထားသော ဝန်ဆောင်မှု တစ်ခုကို လော့ဂ်ဂင် ဝင်ပါက သင်၏ ဒုတိယလုံခြုံရေးအဆင့်ကို ကျော်လွှားရန် (ဥပမာ သင့် Authenticator အက်ပ်မှ ထုတ်ပေးသော အချိန်ကန့်သတ်ထားသည့် တစ်ကြိမ်သာအသုံးပြုနိုင်သော စကားဝှက်) သင့်အား ဖော်ပြတောင်းဆိုပါလိမ့်မည်။ ထိုအခါတွင်

  1. Authenticator အက်ပ်ကို သင့်ဖုန်းတွင် ဖွင့်ပါ။
  2. သင် လော့ဂ်ဂင်ဝင်လို‌သော အကောင့်ကို ရွေးချယ်ပါ။
  3. ပေးထားသော အချိန်အတွင်းတွင် ကူးယူထည့်သွင်းခြင်း သို့မဟုတ် ကုဒ်အား ရိုက်နှိပ်ထည့်သွင်းခြင်း ပြုလုပ်ပါ။
  4. သင် အောင်မြင်စွာ လော့ဂ်ဂင် ဝင်သွားပါပြီ။