🔒 Browser ဖြင့် အင်တာနက်အသုံးပြုနေစဥ်တွင် BitWarden အားအသုံးပြုပါ။

Last updated on : 2021-06-19

စဥ်းစားပုံစဥ်းစားနည်း

သင်ဘာသိထားသင့်သလဲ

  1. မှတ်ထားပေးပါ။ BitWarden လော့ခ်ကျနေချိန် (သို့မဟုတ် အကောင့်ထွက်သွားလျှင်) ၎င်း၏ ဝန်ဆောင်မှုများ (ဥပမာ စကားဝှက်အပြောင်းအလဲများကို အလိုအလျောက်သိရှိခြင်း၊ စကားဝှက်များကို မှတ်သားရန် အသိပေးဖော်ပြခြင်း၊ အလိုအလျောက်ဖြည့်စွက်ပေးခြင်း) စသည်တို့သည် အလုပ်လုပ်တော့မည် မဟုတ်ပါ။ လော့ခ်ကျနေသည် ဆိုသည်မှာ လော့ခ်ကျနေခြင်းဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် ထိုအရာအပေါ် စိတ်ကျေနပ်မှုမရှိပါက 🔒 စားပွဲတင်ကွန်ပျူတာတွင် Bitwarden အသုံးပြုရန်ပြင်ဆင်ပါ။တွင် ဖော်ပြထားသည်များထဲမှ "2. လုံခြုံရေးဆိုင်ရာ ဆက်တင်များကို သတ်မှတ်ပါ။" အောက်တွင်ဖော်ပြထားသည့်အတိုင်း ဆက်တက်များကို ပြောင်းလဲနိုင်သည်။

သင်ဘာပြင်ဆင်ထားသင့်သလဲ

  1. နေ့စဥ် မည်ကဲ့သို့ အသုံးပြုရမည်ကို လေ့လာသင်ယူရန် 1 minute Quick Start ဗီဒိယို ကိုကြည့်ပါ။

သင်ဘာလုပ်သင့်သလဲ

အကျဥ်းချုပ်အားဖြင့် browser ဖြင့် အင်တာနက်စသုံးသည့်အခါ

1. သင့် Extension မှတစ်ဆင့် Bitwarden သို့ လော့ဂ်ဂင်ဝင်ပါ။

Pasted image 20210608003727.png

2. အကောင့်တစ်ခုထဲသို့ လော့ဂ်ဂင်ဝင်ပါ။

သင် လော့ဂ်ဂင်ဝင်လိုသော ဝက်ဘ်ဆိုဒ်တစ်ခုသို့ သွားသောအခါ BitWarden သည် သင့်တွင် ထို ဝက်ဘ်ဆိုဒ်များနှင့် ပတ်သက်၍ သင် သိုလှောင်ထားသော စကားဝှက်များ ရှိမရှိ ကို ပြောပြပေးပါလိမ့်မည်။

Pasted image 20210608012744.png

အပေါ်တွင်ဖော်ပြထားသော BitWarden icon တွင် ပေါ်နေသော 1 သည် လက်ရှိ ဆိုဒ်အတွက် လော့ဂ်ဂင်ကိုယ်ရေးအချက်အလက် တစ်ခု ရှိသည်ကို ဖော်ပြပါသည်။

အကယ်၍ သင်သည် ဆက်တင်များထဲတွင် "Enable Auto-fill on Page Load" ကို ဖွင့်ထားပါက၊ အောက်တွင်ဖော်ပြထားသည့်အတိုင်း လော့ဂ်ဂင်ဝင်ရန် စာမျက်နှာသို့ သင် ရောက်သည်နှင့် Bitwarden သည် သင့်အတွက် အချက်အလက်များကို ဖြည့်စွက်ပေးသွားလိမ့်မည်ဖြစ်သည်။

Pasted image 20210608013229.png

သို့မဟုတ်ပါက extension မှ သင်၏ လော့ဂ်ဂင်ကိုယ်ရေးအချက်အလက်ကိုရွေးပြီး စကားဝှက် / အသုံးပြုသူအမည်အသေးစိတ်များကို ကူးယူထည့်သွင်းနိုင်သည်။

Pasted image 20210608013432.png

3. (အလိုအလျောက်) ကိုယ်ရေးအချက်အလက် အသစ်များ ထည့်သွင်းခြင်း

သင့်အနေဖြင့် လော့ဂ်ဂင်ကိုယ်ရေးအချက်အလက်အသစ် တစ်ခုကို ထည့်သွင်းလိုပါက ဝန်ဆောင်မှုအတွက် စာရင်းသွင်းခြင်းလုပ်ငန်းစဥ်ကို အစမှ လုပ်ဆောင်ပါ။

ထို ဝန်ဆောင်မှုမှ သင့်အား စကားဝှက်အသစ်တစ်ခု ပေးရန် ဖော်ပြတောင်းဆိုပါလိမ့်မည်။ ဤနေရာတွင် သင်သည် BitWarden အား စကားဝှက်တစ်ခုထုတ်ပေးရန် အကူအညီတောင်းရမည်ဖြစ်သည်။ 🔒 ခိုင်မာသော စကားဝှက်များ ထုတ်ပါ။တွင် အခြားသော အဆင့်များကို ကြည့်ရှုပါ။

  1. ပုံမှန်အားဖြင့် အောက်တွင် ဖော်ပြထားသည့်အတိုင်း "ရှုပ်ထွေးမှု" အဆင့် တစ်ခုရှိသော စကားဝှက်အား သတ်မှတ်ပေးရန် ဖော်ပြတောင်းဆိုပါလိမ့်မည်။
    Pasted image 20210608005601.png

  2. ဝက်ဘ်ဆိုဒ်မှ လက်ခံသည့် အရှုပ်ထွေးဆုံးသော စကားဝှက်အတွက် BitWarden ၏ စကားဝှက်ထုတ်ပေးသော ဝန်ဆောင်မှု အား အသုံးပြုပါ။
    Pasted image 20210608005639.png

  3. ဝက်ဘ်ဆိုဒ်သို့ ကူးယူထည့်သွင်းပြီး အကောင့်ကို ဖန်တီးပါ / စကားဝှက်အသစ်ကို မှတ်သားသိမ်းဆည်းလိုက်ပါ။
    Pasted image 20210608005610.png

  4. အရေးကြီးသည် နောက်အဆင့်တစ်ခုတွင် ဖော်ပြထားသည့်အတိုင်း အကယ်၍ BitWarden မှ သင့်အား စကားဝှက်ကို မှတ်သားသိမ်းဆည်းခြင်းပြုလုပ်ရန် မတောင်းဆိုပါခဲ့ပါက သင်ယခုပင်ဖွင့်လိုက်သော အကောင့်အတွက် လော့ဂ်ဂင်ကိုယ်ရေးအချက်အလက်ကို သင်ကိုယ်တိုင်ထည့်သွင်းပါ၊ သို့မဟုတ် နောက်တစ်ဆင့်တွင် ဖော်ပြထားသည့်အတိုင်း စကားဝှက်ကို ပြန်လည်သတ်မှတ်ပေးပါ။

4. (သင်ကိုယ်တိုင်) ကိုယ်ရေးအချက်အလက် အသစ်များ ထည့်သွင်းခြင်း

သင်ကိုယ်တိုင် ကိုယ်ရေးအချက်အလက်တစ်ခုကို ထည့်သွင်းရန် လိုအပ်ခဲ့ပါက - ဥပမာ ဝက်ဘ်ဆိုဒ်တစ်ခုတွင် သင့် အကောင့်ရှိနှင့်နေပြီးဖြစ်နေပေမယ့် သင်

ပထမဦးစွာ အောက်ပါပုံအတိုင်း မြင်တွေ့ရ‌စေရန် BitWarden Extension ၏ အပေါ်ညာဘက်ထောင့်တွင်ရှိသော "+" ခလုတ်ကို နှိပ်ပါ။

Pasted image 20210608010701.png

"နာမည်" အတွက် သင် လော့ဂ်ဂင်ဝင်လျှင် မှတ်မိနိုင်မည့် မည်သည့်အရာမဆို အသုံးပြုနိုင်သည်။ များသောအားဖြင့် ဝန်ဆောင်မှု၏အမည်ကို ထည့်သွင်းလေ့ရှိကြသည်။ "အသုံးပြုသူအမည်" တွင် ယခုအကောင့်အတွက် သင်အသုံးပြုခဲ့သော အသုံးပြုသူအမည်ကို အသုံးပြုပါ။

အကယ်၍ စကားဝှက်အား ထုတ်ထားပြီးပြီးချင်း ဖြစ်ပါက သင့် clip-board ထဲတွင်ရှိနေနိုင်သေးသည်။ အကယ်၍ မရှိပါက "Generator" ၏ အောက်ရှိ "စကားဝှက် မှတ်တမ်း"တွင် သင်ရှာတွေ့နိုင်သည်။
Pasted image 20210608011017.png

ထိုနေရာမှ သင်အသုံးပြုခဲ့သော စကားဝှက်ကို ကူးယူပြီး သင် ထည့်သွင်းနေသော ကိုယ်ရေးအချက်အလက်တွင် စကားဝှက်အား ထည့်သွင်းပါ။

Pasted image 20210608011055.png

5. အသစ် သို့မဟုတ် ပြောင်းလဲလိုက်သော စကားဝှက်များကို မှတ်သားသိမ်းဆည်းပါ။

အကယ်၍ Bitwarden သည် စကားဝှက်အသစ် / ပြောင်းလဲလိုက်သော စကားဝှက်ကို ရှာဖွေတွေ့ရှိပါက မှတ်သားသိမ်းဆည်းရန် သင့်အား ဖော်ပြတောင်းဆိုပါလိမ့်မည်။ ထိုအခါ သင်ပြုလုပ်ချင်ပါက "Yes, Save Now" ကို ရွေးပါ။

Pasted image 20210608003806.png