🔒 စကားဝှက်ဆိုင်ရာအလေ့အထများကို ခိုင်ခံ့အောင်ပြုလုပ်ပါ။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ပြင်ဆင်မှု 🧑 ⭐⭐⭐⭐⭐ ⭐⭐ 🧑🧑🧑 🆓 2021-09-10

စဥ်းစားပုံစဥ်းစားနည်း

စကားဝှက် လုံခြုံရေးဆိုသည်မှာ သင့်စကားဝှက်၏ ခိုင်မာမှု သာလျှင်မက သင် မည်သည့်ပုံစံ ဖြင့်အသုံးပြုသနည်းဆိုသည့် အချက်ပါ အရေးကြီးသည်။ ဥပမာ သင့်အနေဖြင့် စကားဝှက်တစ်ခုတည်းကို အကောင့်ပေါင်းစုံတွင်အသုံးပြုပါက အကယ်၍ အကောင့်တစ်ခုခုသည် စိတ်မချရသည့်အခြေအနေဖြစ်သွားခဲ့လျှင် အခြားအကောင့်များပါ ထိခိုက်သွားမည်ဖြစ်သည်။ သို့သော်လည်း သီးခြားစကားဝှက်တစ်ခုစီ အကောင့်တစ်ခုစီအတွက် မှတ်ထားဖို့ရာ လုံးဝမဖြစ်နိုင်ပါ။ ထို့ကြောင့် သင့်အနေဖြင့် ခိုင်မာသောစကားဝှက်ကို အသုံးပြုခြင်းဖြင့် ရရှိနိုင်သော လုံခြုံရေးဆိုင်ရာအကျိုးကျေးဇူးများကို အများဆုံးရရှိနိုင်ရန်အတွက် ကောင်းသောတစ်ကိုယ်ရည်အလေ့အထများကျင့်သုံးခြင်း နှင့် စကားဝှက်မန်နေဂျာအသုံးပြုခြင်းတို့ ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်သည်။

ညွှန်ကြားချက်များ

အကျဥ်းချုပ်

အပေါ်ယံခြုံငုံသောအဆင့်မှစ၍ အောက်ပါ အဆင့်များသည် သင့်အား တူတူခေါ်ဆောင်ပြသသွားမည့် အဆင့်များဖြစ်ပါသည်။

  1. ‌ရွေးချယ်နိုင်သည် - Mozilla Firefox or Brave Browser ကို install လုပ်ပါ - ခန့်မှန်းခြေ ၁၀ မိနစ်
  2. စကားစုစကားဝှက်များ ဖန်တီးပါ။ - ခန့်မှန်းခြေ ၁၀ မိနစ်
  3. သင့် ကွန်ပျူတာအား လုံခြုံအောင်ပြုလုပ်ပါ။ - ခန့်မှန်းခြေ ၃ မိနစ်
  4. စကားဝှက်မန်နေဂျာ တွင် အကောင့်တစ်ခုဖွင့်ပါ။ - ခန့်မှန်းခြေ ၂၀ မိနစ်
  5. သင့် browser and စမတ်ဖုန်း တွင် Bitwarden အား install လုပ်ပါ။ - ခန့်မှန်းခြေ ၃၀ မိနစ်
  6. ရှိပြီးသား စကားဝှက်များကို အစားထိုးပါ။ - အကောင့်တစ်ခုလျှင် ခန့်မှန်းခြေ ၃ မိနစ်

သင်ဘာသိထားသင့်သလဲ

Pasted image 20210607160651.png

  1. သင်၏ ပစ္စည်းကိရိယာများ၊ စနစ်များ နှင့် အကောင့်များအား ကာကွယ်ရန်အတွက် သင့်အနေဖြင့် သင် တစ်ဦးတည်းသာ သိသော "လျို့ဝှက်ကုဒ်" တစ်ခုအသုံးပြုသင့်သည်။
  2. ရွေးချယ်နိုင်သည် "လျို့ဝှက်ကုဒ်" အနေဖြင့် အမျိုးအစား ၃ မျိုး ရှိသည်။
    1. PIN ကုဒ်များ - ဥပမာ 6234 နှင့် BX9623 တို့သည် ကုဒ်အတိုများဖြစ်ပြီး များသောအားဖြင့် ကိန်းဂဏန်းများဖြစ်လေ့ရှိသည်။ ထိုကုဒ်များကို သင့်အနေဖြင့် ရုပ်ပိုင်းဆိုင်ရာအသုံးပြုနိုင်သော ပစ္စည်းကိရိယာများကိုသာ လော့ခ်ဖွင့်ရာတွင် အသုံးပြုလေ့ရှီသည်။ ထို့ကြောင့် ထို PIN ကုဒ်များမှာ မည်သည့်အခါတွင်မှ အင်တာနက်နက်ခ်ဝေါ့ခ် ပေါ်တွင် အသုံးပြုခြင်း မရှိပါ။ ထိုကဲ့သို့ အသုံးပြုခြင်းမရှိသည့်အတွက် ထို PIN ကုဒ်များမှာ အင်တာနက်ပေါ်မှ အင်အားပြင်းသောတိုက်ခိုက်မှုများကြောင့် ထိခိုက်လွယ်ခြင်းမရှိပါ (ဥပမာ ဖြစ်နိုင်ခြေရှိသော လျှို့ဝှက်ကုဒ်များကို မျိုးစုံပေါင်းစပ်ပြီး မှန်းဆခြင်းအား အလိုအလျောက်ဖြစ်အောင်ပြုလုပ်ထားခြင်း)
    2. စကားဝှက်များ - ဥပမာ M0nk3y47 နှင့် D3xb#K&45ZVgrhAFxhr!4hLo သည် အက္ခရာအစဥ်၊ နံပါတ်များ နှင့် သင်္ကေတများဖြစ်ပြီး ရှည်နိုင်သမျှရှည်၊ ရှုပ်ထွေးနိုင်သမျှရှုပ်ထွေး သည့်အရာဖြစ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် စကားဝှက်များသည် အင်အားပြင်း‌သောတိုက်ခိုက်မှုများမှ ကာကွယ်ရန် အသုံးပြုခြင်းဖြစ်သည်။
    3. စကားစုစကားဝှက်များ - ဥပမာ BreakMonkeyWakeEurope သည် လူသားများအတွက် မှတ်သားရန် လွယ်ကူသော အထူးအမျိုးအစား စကားဝှက်ဖြစ်ပြီး စက်ပစ္စည်းများအတွက် မှန်းဆရန် ခက်ခဲသည်။ ၎င်းသည် ကျပန်းရွေးထားသော စကားလုံးများဖြင့် စကားစုတစ်ခုဖြစ်အောင် ပြုလုပ်တည်ဆောက်ထားခြင်းဖြစ်သည်။ စကားစုစကားဝှက်အား သင့်အနေဖြင့် စကားဝှက်မန်နေဂျာအသုံးမပြုပဲ စကားဝှက်အား မဖြစ်မနေမှတ်သားထားရမည့် အခြေအနေများတွင် ၎င်းအားအသုံးပြုသင့်သည်။
  3. သင့်စကားဝှက်များအားလုံး ကို ဖွင့်ရာတွင် အသုံးပြုရန်အတွက် စကားစုစကားဝှက်တစ်ခုကို ကျွန်ုပ်တို့ ဖန်တီးသွားမည်။ ၎င်းသည် အင်မတန် အစွမ်းထက်ခြင်းကြောင့် ထိုအရာကို Master စကားဝှက်ဟုလည်း အသိများကြသည်။ ထိုအရာသည် တတ်နိုင်သလောက် အခိုင်မာဆုံး စကားစုစကားဝှက် ဖြစ်ရန်လိုအပ်သည်။

သင်ဘာပြင်ဆင်ထားသင့်သလဲ

  1. အလုပ်နှင့်သက်ဆိုင်သော သင့် ကွန်ပျူတာ၊ စမတ်ဖုန်း နှင့် အင်တာနက်ချိတ်ဆက်မှုများ အသုံးပြုရန်ပြုလုပ်ပါ။
  2. သင့်အနေဖြင့် Mozilla Firefox နှင့် Brave Browser အား အသုံးပြုမနေပါက 💻-🖥️ လုံခြုံသော Browser ကို အသုံးပြုရန်ပြင်ဆင်ပါ။ အား ယခု လမ်းညွှန်ချက်အား ဆက်လက်မဖတ်ခင် သွား‌ရောက်ဖတ်ရှုပါ။

သင်ဘာလုပ်သင့်သလဲ

1. လုံခြုံသော စကားစုစကားဝှက်များ ဖန်တီးပါ။

အထက်တွင်ဖော်ပြထားသည့်အတိုင်း စကားစုစကားဝှက်များ သည် သာမာန်ရိုးရှင်းသော စကားဝှက်များထက်ပို၍သာလွန်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ လူသားများအတွက်မှတ်ရလွယ်ပြီး ကွန်ပျူတာ အနေဖြင့် မှန်းဆရန် ခက်ခဲသောကြောင့်ဖြစ်သည်။ ထိုကြောင့် သင့်အနေဖြင့် စကားစုစကားဝှက် တစ်ခုကိုသာ မှတ်သားထားရန်လိုသည်။ ထို့နောက် ကွန်ပျူတာအား အခြားသော စကားဝှက်များကို စကားဝှက်မန်နေဂျာမှတစ်ဆင့် သင့်အစား မှတ်သားခိုင်းထားနိင်သည်။

လမ်းညွှန်ချက်များအတွက် 🔒 ခိုင်မာသော စကားစုစကားဝှက်များ ထုတ်ပါ။ ကို ကြည့်ပါ။

2. သင့် ကွန်ပျူတာအတွက် လုံခြုံသောစကားစုစကားဝှက်များကို အသုံးပြုပါ။

သင် ဖန်တီးထားသော စကားစုစကားဝှက်တစ်ခုကို သင့် စကားဝှက်မန်နေဂျာအတွက် Master စကားဝှက်တစ်ခု အဖြစ် အသုံးပြုသွားမည်ဖြစ်သည်။

သင့် အလုပ်ကွန်ပျူတာတွင် အသုံးပြုသူအကောင့်ရှိပါက သင့် ကွန်ပျူတာများကို လုံခြုံအောင်ပြုလုပ်ရန်အတွက် ထပ်ဆောင်း စကားစုစကားဝှက်များကို ထုတ်ထားရန် ကျွန်ုပ်တို့ အကြံပြုသည်။. Microsoft မှထုတ်သော Windows 10 အားအသုံးပြုရန် ညွှန်ကြားချက်များ အတိုင်းလိုက်လံလုပ်ဆောင်ပါ။

မှတ်ချက် Microsoft သည် သင့် ကွန်ပျူတာတွင် စကားဝှက် ပြောင်းလဲရန်အတွက် အလွန်ရှုပ်ထွေးခြင်း ဖြစ်စေတတ်သည်။ အဘယ်ကြောင့်ဆိုသော် စကားဝှက်ကို microsoft အကောင့်နှင့်ချိတ်ဆက်ထားပြီး ဖုန်းနံပါတ်လည်း လိုအပ်သည်။ ထိုသို့ဖြစ်ပြီး ဖုန်းနံပါတ်သည်လည်း သင်ပိုင်သော ဖုန်းနံပါတ် မဟုတ်ခဲ့လျှင် အကောင့်ပိုင်ရှင်/ဖုန်းနံပါတ်ပိုင်ရှင်နှင့် အတူတွဲကာ စကားစုစကားဝှက်ကို သတ်မှတ်ပါ။

3. စကားဝှက်မန်နေဂျာတစ်ခု အသုံးပြုရန်ပြင်ဆင်ပါ။

လမ်းညွှန်ချက်များအတွက် 🔒 Bitwarden အကောင့်တစ်ခု အသုံးပြုရန်ပြင်ဆင်ပါ။ ကို ကြည့်ပါ။

4. သင့် Browser တွင် Bitwarden Extension အား install လုပ်ပါ။

မှတ်ချက် သင့်အနေဖြင့် Mozilla Firefox နှင့် Brave Browser အား အသုံးပြုမနေပါက 💻-🖥️ လုံခြုံသော Browser ကို အသုံးပြုရန်ပြင်ဆင်ပါ။ အား ယခု လမ်းညွှန်ချက်အား ဆက်လက်မဖတ်ခင် သွား‌ရောက်ဖတ်ရှုပါ။

Bitwarden extension သည် အောက်တွင်ဖော်ပြထားသော browser များတွင် ထည့်သွင်း၍ရသည်။ သို့သော် Brave နှင့် Firefox တို့အနေဖြင့် လုံခြုံရေးဆိုင်ရာအကျိုးကျေးဇူးများ ထပ်ဆောင်း အများအပြား ပံ့ပိုးပေးထားသည့်အတွက် ယခု လမ်းညွှန်မှ ထို ၂ ခုထဲမှ တစ်ခုကိုသာ အသုံးပြုရန် အကြံပြုသည်။ သင့်အနေဖြင့် နောက်ထပ် browser တစ်ခု အသုံးပြုလိုပါက ယခု လမ်းညွှန်အား ဆက်လက်ဖတ်ရှုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်များမှာ browser တစ်ခုဆီအတွက် အတူတူသာဖြစ်သည်။

Pasted image 20210607232603.png

လမ်းညွှန်ချက်များအတွက် 🔒 စားပွဲတင်ကွန်ပျူတာတွင် Bitwarden အသုံးပြုရန်ပြင်ဆင်ပါ။ ကို ကြည့်ပါ။

Bitwarden Extension အား browser တွင် ထည့်သွင်းပြီးပါက အခြေခံအသုံးပြုပုံများကို လေ့လာရန်အတွက် YouTube ပေါ်ရှိ Bitwarden Browser Extension Quick Start မှ တစ်ဆင့် ကြည့်ပါ။

5. သင့် စမတ်ဖုန်းထဲတွင် Bitwarden အား install လုပ်ပါ။

လမ်းညွှန်ချက်များအတွက် 🔒 မိုဘိုင်းလ်ဖုန်းတွင် Bitwarden အသုံးပြုရန်ပြင်ဆင်ပါ။ ကို ကြည့်ပါ။

6. သင်၏ အားနည်း‌သော စကားဝှက်များ "အားလုံး" ကို အစားထိုးပါ။

အခု သင့်အနေဖြင့် မည်ကဲ့သို့ 🔒 ခိုင်မာသော စကားဝှက်များ ထုတ်ပါ။ ကို သိရှိသွားပြီဖြစ်သောကြောင့် ထိုပိုမို ခိုင်မာသော စကားဝှက်များမှ အကျိုးကျေးဇူးရနိုင်ရန် သင်၏ လက်ရှိ စကားဝှက်များ အားလုံးကို ယခု နည်းလမ်းဖြင့် သင့်ထုတ်ထားသော စကားဝှက်များဖြင့် အစားထိုးပါ။

ဒီအရာသည် အချိန်အနည်းငယ်ယူပါလိမ့်မည်။ သို့သော် သင့်ကိုယ်သင် နှင့် သင့်အဖွဲ့အစည်းအား ကာကွယ်ရန် အတွက် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်ပါသည်။ အောက်ပါအတိုင်းပြုလုပ်ရန် ကျွန်ုပ်တို့ အကြံပြုသည်။

  1. သင်၏ စကားဝှက် ပေါက်ကြားဖူးသော အကောင့်များမှ စတင်ပါ။ - ဤနေရာကိုနှိပ်ပါ။
  2. သင် အလုပ်အတွက် အသုံးပြုသော အကောင့်များကိုလည်း အထက်ပါနည်းအတိုင်း ဆက်လက်လုပ်ဆောင်ပါ။
  3. သင်၏အကြောင်းနှင့်ဆိုင်သော ထိလွယ်ရှာလွယ်အဖြစ်ဆုံး ဒေတာအချက်အလက်များ ရှိသော အကောင့်များအတွက်လည်း ဆက်လက်လုပ်ဆောင်ပါ။
  4. ထို့နောက် ပေါက်ကြားဖူးသည့် တူညီသော စကားဝှက်များ အသုံးပြုထားသော အကောင့်များ ရှိခဲ့ပါက အားလုံးကို ပြောင်းလဲပါ။
  5. နောက်ဆုံးအနေဖြင့် သင့်တွင် အခြားသော အွန်လိုင်းဝန်ဆောင်မှုများတွင် အကောင့်များရှိခဲ့ပါက အထက်ပါနည်းအတိုင်း ဆက်လက်လုပ်ဆောင်ပါ။

မှတ်ချက် သင့်အနေဖြင့် စကားဝှက်အဟောင်းကို အစားထိုးရန် စကားဝှက်အသစ်ထုတ်ပါက လော့ဂ်ဂင် ပရိုဖိုင်အသစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် BitWarden ထဲတွင် သိုလှောင်ပါ။