🔒 အဖွဲ့အစည်းအတွက် BitWarden ကို အသုံးပြုရန်ပြင်ဆင်ပါ။
အမျိုးအစား | ပရိသတ် | ဦးစားပေးမှု | ရှုပ်ထွေးမှု | အင်အားစိုက်ထုတ်ရမှု | ကုန်ကျစရိတ် | UPDATE ပြုလုပ်ပြီး |
---|---|---|---|---|---|---|
ပြင်ဆင်မှု | 🏗️ | ⭐⭐⭐ | ⭐⭐ | 🏗️ | 🔁💵💵 | 2021-09-21 |
စဥ်းစားပုံစဥ်းစားနည်း
စကားဝှက်မန်နေဂျာများသည် မည်သည့် ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာ အလေ့အကျင့်များအတွက်မဆို အခြေခံကျသည်။ ထို့ကြောင့် သင်၏ အဖွဲ့အစည်းရှိ ဝန်ထမ်းများအားလုံးအတွက် စကားဝှက်မန်နေဂျာတစ်မျိုးကို ပံ့ပိုးပေးရန် ကျွန်ုပ်တို့ အကြံပြုခြင်းဖြစ်သည်။ ထိုနည်းဖြင့် ဝန်ထမ်းများအနေဖြင့် အချင်းချင်း အကြံပေးခြင်း နှင့် တစ်ဦးနှင့်တစ်ဦးဆီမှ မည်ကဲ့သို့အကောင်းဆုံးအသုံးပြုရမည်ကို သင်ယူနိုင်ကြမည်ဖြစ်သည်။ အဖွဲ့အစည်းအနေဖြင့်လည်း ပို၍ အဆင့်မြင့်သောဝန်ဆောင်မှုများဖြစ်သည့် အရေးပေါ်အသုံးပြုခွင့် နှင့် လုံခြုံစွာစကားဝှက်များမျှဝေခြင်း စသည်တို့ကို အသုံးပြုနိုင်မည်ဖြစ်သည်။
ထို့ကြောင့် သင့် အဖွဲ့အစည်းအတွက် 🔒 Bitwarden အကောင့်တစ်ခု အသုံးပြုရန်ပြင်ဆင်ပါ။ရန် ကျွန်ုပ်တို့ အကြုံပြုသည်။
ညွှန်ကြားချက်များ
သင်ဘာသိထားသင့်သလဲ
BitWarden ၏ အခမဲ့ဗားရှင်းမှာတော့ စကားဝှက်မန်နေဂျာတစ်ခုမှ ပံ့ပိုးပေးရမည့် အခြေခံကျသော ဝန်ဆောင်မှုများ ပါဝင်ပါသည်။ သို့သော် teams ဗားရှင်းမှာတော့ အဖွဲ့အစည်းများအတွက် ၎င်းတို့၏ စကားဝှက်လုံခြုံရေးကို စီမံခန့်ခွဲနိုင်စေရန်အတွက် အလွန်အသုံးဝင်သော ထပ်ဆောင်း ဝန်ဆောင်မှုများလည်း ပါဝင်ပါသည်။ BitWarden teams ဗားရှင်း သည် အဖွဲ့အစည်းများကို အောက်ပါ ဝန်ဆောင်မှုများ ပံ့ပိုးပေးထားသည်။
- စကားဝှက်များကို လုံခြုံစွာ ဝေမျှခြင်း - အဖွဲ့အစည်းအဆင့်တွင် စကားဝှက်များကို ဝေမျှနိုင်သည့်အတွက် ၎င်းတို့အနေဖြင့် အခြားသော ဆက်သွယ်ရေးလမ်းကြောင်းများမှ တစ်ဆင့် ဝေမျှရန် မလိုအပ်ပါ။
- သီးခြားအသုံးပြုသူအုပ်စုများအတွက် အသုံးပြုခွင့်ကို ကန့်သတ်ထားနိုင်ခြင်း - အဖွဲ့၏ စကားဝှက်များကို သက်ဆိုင်ရာအဖွဲ့များသာ အသုံးပြုခွင့်ရှိအောင် ပြုလုပ်ထားခြင်းဖြစ်သည်။
- ဝင်ရောက်အသုံးပြုထားသော မှတ်တမ်းအား စိစစ်သုံးသပ်နိုင်ခြင်း - မည်သူမှ မည်သည့်စကားဝှက်အား မည်သည့်အချိန်တွင် အသုံးပြုဝင်ရောက်ထားကြောင်းကို တွေ့မြင်နိုင်ပါသည်။
ထိုအကျိုးခံစားခွင့်များသည် premium အကျိုးခံစားခွင့်များအဖြစ်ပါဝင်ပြီး အသင်းအဖွဲ့ထဲရှိ အသုံးပြုသူအားလုံးလည်း ထိုအကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်သည်။
- ကိုယ်ရေးကိုယ်တာအရေးပေါ် အသုံးပြုခွင့် - အရေးပေါ်အခြေအနေတစ်ခုခု ကြုံရပါက ဝန်ထမ်းတစ်ဦး၏ စကားဝှက်များကို လွှဲယူရန် အရေးပေါ်ဆက်သွယ်ရန်အချက်အလက်ကို အသုံးပြုရန်ပြင်ဆင်ထားနိုင်သည်။ ဝန်ထမ်းသည် စိတ်မချရသည့်အခြေအနေ ကျရောက်နေသော အချိန် နှင့် ၎င်းတို့၏ စကားဝှက်များကို ချက်ချင်း ပြန်လည်သတ်မှတ်ရန် လိုအပ်သော အခြေအနေများတွင် အသုံးဝင်သည်။
- နှစ်ဆင့်ခံလုံခြုံရေးစနစ် တစ်ပါတည်း ပံ့ပိုးပေးထားခြင်း - အချိန်ကန့်သတ်ထားသည့် တစ်ကြိမ်သာအသုံးပြုနိုင်သော စကားဝှက်များကိုလည်း ပံ့ပိုးပေးထားသည်။ အကယ်၍ သင့်အဖွဲ့အစည်းအနေဖြင့် အဆင့်များစွာခံလုံခြုံရေးစနစ်အား အသုံးပြုမည်ဆိုပါက အသုံးဝင်မည်ဖြစ်သည်။
- Vault Health အစီရင်ခံစာများ - သင်၏ ဝန်ထမ်းအနေဖြင့် ၎င်းတို့၏ စကားဝှက်များ မည်သည့်အချိန်တွင် စိတ်မချရသည့်အခြေအနေ ဖြစ်သွားသည်ကိုသော်လည်းကောင်း၊ အားနည်းသော စကားဝှက်မာျးကို သော်လည်းကောင်း၊ ဆိုဒ်အများအပြားတွင် သုံးစွဲထားခြင်းသည်ကိုသော်လည်းကောင်း တွေ့မြင်နိုင်သည်။
- YubiKey ပံ့ပိုးမှု - hardware လုံခြုံရေးသော့များကို အသုံးပြုနိုင်ခြင်းဖြစ်သည်။ 💻-🖥️-📱 ဝန်ထမ်းများကို Yubikeys များ ထုတ်ပေးမည်ဆိုမှသာ အသုံးဝင်မည်ဖြစ်သည်။
ထိုဝန်ဆောင်မှုများကို အားလုံးအတူတစ်ခါတည်းပေါင်း၍ အသုံးပြုပါက သင့်ဝန်ထမ်းများ၏ အွန်လိုင်းအကောင့်များကို ကာကွယ်ပေးရာတွင် ခရီးအတော်ပေါက်မည်ဖြစ်သည်။
သင်ဘာပြင်ဆင်ထားသင့်သလဲ
အထက်တွင် ဖော်ပြထားသော ဝန်ဆောင်မှုများအပေါ်မူတည်၍ သင့်အဖွဲ့အစည်းအတွက် ရွေးချယ်စရာ သုံးခု ရှိပါသည်။
- BASIC -
အခမဲ့
- စကားဝှက်အား စီမံခန့်ခွဲခြင်းဆိုင်ရာ အခြေခံ ဝန်ဆောင်မှုများ အားလုံးပါဝင်သည်။ သို့သော် အဆင့်မြင့် ဝန်ဆောင်မှုများ တစ်ခုမျှမပါဝင်ပါ။ ထို့ကြောင့် အရေးပေါ်အသုံးပြုခွင့်၊ နှင့် အဖွဲ့ဝင်များကြား စကားဝှက် ဝေမျှသုံးစွဲခြင်းများ မပါဝင်ပါ။ - PREMIUM -
၁၀ ဒေါ်လာ / အသုံးပြုသူ / တစ်နှစ်
- စကားဝှက်အား စီမံခန့်ခွဲခြင်းဆိုင်ရာ အခြေခံ ဝန်ဆောင်မှုများ အားလုံးပါဝင်ပြီး အရေးပေါ်အသုံးပြုခွင့် လည်း ပါဝင်သည်။ သို့သော် အသင်းအဖွဲ့အခြေခံသုံးစွဲနိုင်သည့် အဖွဲ့ဝင်များကြား စကားဝှက် ဝေမျှသုံးစွဲခြင်း ကဲ့သို့သော ဝန်ဆောင်မှု မပါဝင်ပါ။ - TEAMS -
၆ ဒေါ်လာ / အသုံးပြုသူ / တစ်နှစ်
- Premium တွင် ပါဝင်သော ဝန်ဆောင်မှုများ အားလုံးပါဝင်ပြီး အဖွဲ့ဝင်များကြား စကားဝှက် ဝေမျှသုံးစွဲခြင်း ကဲ့သို့သော ဝန်ဆောင်မှု လည်း ပါဝင်သည်။
သင့်အတွက်အကောင်းဆုံးရွေးချယ်စရာသည် သင်၏ လိုအပ်ချက်များနှင့် ထို ဝန်ဆောင်မှုများအတွက် အသုံးစရိတ်သုံးစွဲလိုမှုတွင် မူတည်နေသည်။
လူအားလုံး၏ master စကားဝှက်ကို သတ်မှတ်ထားသောလူတစ်ဦးအား အရေးပေါ်အသုံးပြုခွင့်ကို ပေးထားခြင်းဖြင့် သင်ကိုယ်တိုင် စီမံခန့်ခွဲနိုင်သည်ကို မှတ်သားထားပါ။ သို့သော် ၎င်းကြောင့် စီမံခန့်ခွဲပေးရသည့်လူတစ်ဦးအနေဖြင့် အလုပ်ပိုနိုင်သည့်အပြင် အကယ်၍ တစ်စုံတစ်ယောက်မှ ၎င်း၏ master စကားဝှက်အား ပြောင်းလဲထားသောလည်း သတ်မှတ်ထားသောလူအား ဝေမျှပေးရန် မေ့သွားနိုင်သည့် အမှားမျိုးများလည်း ဖြစ်နိုင်သည်။
မိမိကိုယ်ကိုအသုံးပြုရသည့် စကားဝှက်များကို စီမံရခြင်းထက် စကားဝှက်များကို လုံခြုံစွာ ဝေမျှသုံးစွဲခြင်းကို စီမံရခြင်းသည် ပိုမို၍ခက်ခဲသည်။ ကျွန်ုပ်တို့အနေဖြင့် ထိုကဲ့သို့ မပြုလုပ်ရန် အခိုင်အမာအကြံပြုသည်။ အဘယ်ကြောင့်ဆိုသော် ထိုစကားဝှက်များကို ကောင်းမွန်စွာ စီမံခန့်ခွဲ့ခြင်းမပြုလုပ်နိုင်ပါက အခြားသော ထပ်ဆောင်း လုံခြုံရေးဆိုင်ရာအန္တရာယ်များ ဖြစ်ပေါ်စေနိုင်ပါသည်။
အကျိုးအမြတ်မယူသော အဖွဲ့အစည်းများအနေဖြင့် စျေးနှုန်းများအတွက် လျှော့စျေး ၃၀% ရယူရန် တောင်းဆိုနိုင်သည်။
သင်ဘာလုပ်သင့်သလဲ
သင့်အဖွဲ့အစည်းအနေဖြင့် BASIC၊ PREMIUM သို့မဟုတ် TEAMS အကောင့်အမျိုးအစား တစ်ခုခုကို ဝန်ထမ်းများအား ပံ့ပိုးပေးမည်ဟု ဆုံးဖြတ်ပြီးပါက အောက်ပါအဆင့်များအတိုင်း လိုက်လံဆောင်ရွက်ပါ။
1. အကောင့်များအားလုံး
အကောင့်အမျိုးအစားအပေါ်မမူတည်ပဲ ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ ပစ္စည်းကိရိယာများတွင် BitWarden အား install လုပ်ထားရန် လိုအပ်ပါသည်။ အကယ်၍ TEAMS အမျိုးအစားအား ရွေးချယ်ခဲ့ပါက BitWarden အား အသုံးပြုရန် သင့်ဝန်ထမ်းများကို ဖိတ်ခေါ်ရမည်ဖြစ်သည်။ သို့မဟုတ် ၎င်းတို့ကို အလုပ်အီးမေးလ်ဖြင့် စာရင်းသွင်းခိုင်းပါ။
သက်ဆိုင်ရာ လမ်းညွှန်များမှာ
- 🔒 Bitwarden အကောင့်တစ်ခု အသုံးပြုရန်ပြင်ဆင်ပါ။
- 🔒 စားပွဲတင်ကွန်ပျူတာတွင် Bitwarden အသုံးပြုရန်ပြင်ဆင်ပါ။
- 🔒 မိုဘိုင်းလ်ဖုန်းတွင် Bitwarden အသုံးပြုရန်ပြင်ဆင်ပါ။
2. Premium အကောင့်များ : အရေးပေါ်လုပ်ထုံးလုပ်နည်း
တစ်ဦးချင်းအသုံးပြုသူများအတွက် အကျိုးကျေးဇူးများအပြင် premium အကောင့်များတွင် ပံ့ပိုးထားသည့် အသုံးအဝင်ဆုံး ဝန်ဆောင်မှုမှာ "အရေးပေါ်အသုံးပြုခွင့်" ဖြစ်ပါသည်။ ထိုအရာကို သင်တို့၏ လုံခြုံရေးဆိုင်ရာအလေ့အကျင့်များထဲတွင် အပြည့်အဝ ထည့်သွင်းအသုံးပြုလိုပါက သင့် အဖွဲ့အစည်းအနေဖြင့် အောက်ပါတို့ကို စဥ်းစားရမည် ဖြစ်သည်။
- သတ်မှတ်ထားသော လူတစ်ဦး - ထိုသူသည် အခြား ဝန်ထမ်း၏ စကားဝှက်များကို အရေးပေါ်အသုံးပြုခွင့်ရှိသောသူဖြစ်သင့်သည်။ ထိုသူသည် အဖွဲ့အစည်းတစ်ခုလုံးတွင် တစ်ဦးတည်း ဖြစ်စရာမလိုပါ။ သို့သော် ၎င်းအနေဖြင့် အသင့်အနေအထားရှိနေပြီး ၎င်းအနေဖြင့် တာဝန်ရှိသည့်အရာကိုလည်း နားလည်သိရှိနေရမည်ဖြစ်သည်။
- အခြေအနေတစ်ခုဖြစ်ပေါ်သည်နှင့် ချက်ချင်းဆောင်ရွက်ရမည့် အခြေအနေများ - မည်သည့် အခြေအနေများတွင် အရေးပေါ်အခြေအနေများအတွက် သတ်မှတ်ထားသော လူ သည် အခြားဝန်ထမ်းများ၏ စကားဝှက်များကို အသုံးပြုခွင့် တောင်းဆိုမည်ကို ဆွေးနွေးပြီး သဘောတူညီချက်ရယူပါ။
- အသုံးပြုခွင့် ထိန်းချုပ်မှု - ၎င်းတို့တွင် ဖတ်ရှုခွင့်တစ်ခုတည်းသာ ရှိသင့်သလား? သို့မဟုတ် ထို BitWarden အကောင့်အား ၎င်းတို့ ကိုယ်ပိုင်အကောင့်ကဲ့သို့ ထိန်းချုပ်မှုအား လက်လွှဲပြောင်းယူခွင့် ပေးမည်လား?
- အလိုအလျောက်ခွင့်ပြုခြင်း - BitWarden သည် BitWarden အကောင့်ပိုင်ရှင်ထံသို့ အရေးပေါ်အသုံးပြုခွင့်အား ခွင့်ပြုပေး မပေးကို တောင်းဆိုသည့်စာကို ပေးပို့မည်ဖြစ်သည့်အတွက် အချိန်တစ်ခုသတ်မှတ်ထားပြီး ထိုအချိန်ကျော်သွားပါက အသုံးပြုခွင့်ကို အလိုအလျောက် ခွင့်ပြုပေးသွားခြင်းကို လည်း သတ်မှတ်ထားနိုင်သည်။ ထိုအရာသည် လူများအနေဖြင့် အသုံးပြုခွင့်တောင်းခံချက်အား ခွင့်ပြုမပေးနိုင်တော့သည့် အခြေအနေသို့ ကျရောက်နေချိန်များအတွက် အသုံးဝင်သည်။
အသုံးပြုရန်ပြင်ဆင်ခြင်း လုပ်ငန်းစဥ်သည် အောက်ပါအတိုင်းဖြစ်သည်။
3. Teams အကောင့်များ
စီးပွားရေးအကောင့်များတွင် အသုံးအဝင်ဆုံးသော ဝန်ဆောင်မှုမှာ စကားဝှက်များကို ဝေမျှနိုင်ခြင်းနှင့် ၎င်းစကားဝှက်များ၏ အသုံးပြုခွင့်များကိုလည်း စီမံခန့်ခွဲနိုင်ခြင်းဖြစ်သည်။
၎င်းဝန်ဆောင်မှုအား အခြေခံအကျဆုံးအသုံးပြုနိုင်သည့် ပုံစံမှာ တစ်ဦးတစ်ယောက်ဆီအသုံးပြုခြင်း မဟုတ်ပဲ [email protected]
ဖြင့် စာရင်းသွင်းပြီး အဖွဲ့အစည်းအနေဖြင့် အသုံးပြုနေသည့် ဝက်ဘ်ဝန်ဆောင်မှုများအတွက် စကားဝှက်များကို ဝေမျှရာတွင် ထိုဝန်ဆောင်မှုအားအသုံးပြုနိုင်သည်။
ပို၍ အဆင့်မြင့်သော ဝန်ဆောင်မှုများအား အသုံးပြုနိုင်သည့် ပုံစံမှာ အသွင်ဝှက်ထားသော vault များကို အသင်းအဖွဲ့များကြား cloud မှ တစ်ဆင့် ဝေမျှခြင်းအားလည်း ထိန်းချုပ်မှုများ ပြုလုပ်နိုင်သည်။ Cryptomator နှင့် Bitwarden တို့အား ပေါင်းစပ်အသုံးပြုပြီး Cloud ထဲရှိ ထိလွယ်ရှလွယ်ဖြစ်သော ဖိုင်လ်များ ကို အသင်းအဖွဲ့တစ်ခုအနေဖြင့် စီမံခန့်ခွဲခြင်းပြုလုပ်နိုင်သည်။