🔒 ခိုင်မာသော စကားစုစကားဝှက်များ ထုတ်ပါ။

Last updated on : 2021-09-12

စဥ်းစားပုံစဥ်းစားနည်း

စကားစုစကားဝှက်များ သည် သာမာန်ရိုးရှင်းသော စကားဝှက်များထက်ပို၍သာလွန်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ လူသားများအတွက်မှတ်ရလွယ်ပြီး ကွန်ပျူတာ အနေဖြင့် မှန်းဆရန် ခက်ခဲသောကြောင့်ဖြစ်သည်။ ထိုကြောင့် သင့်အနေဖြင့် စကားစုစကားဝှက် တစ်ခုကိုသာ မှတ်သားထားရန်လိုသည်။ ထို့နောက် ကွန်ပျူတာအား အခြားသော စကားဝှက်များကို စကားဝှက်မန်နေဂျာမှတစ်ဆင့် သင့်အစား မှတ်သားခိုင်းထားနိင်သည်။

ညွှန်ကြားချက်များ

1. စကားစုစကားဝှက် အလုံး‌ရေမည်မျှ လိုအပ်သည်ကို ဆုံးဖြတ်ပါ။

သင့် စကားဝှက်မန်နေဂျာနှင့် သင်အသုံးပြုသော စကားဝှက်မန်နေဂျာမပါလျှင် အသုံးပြုခွင့်မရှိသည့် ပစ္စည်းကိရိယာများ အားလုံးတွင် အသုံးပြုရန်အတွက် စကားစုစကားဝှက် တစ်ခု သင်လိုအပ်ပါလိမ့်မည်။

ထို့ကြောင့် သင့်အနေဖြင့် လက်ပ်တော့ပ် (Laptop) သို့မဟုတ် စားပွဲတင်ကွန်ပျူတာ (Desktop) တစ်ခုခု အသုံးပြုပါက ထို ပစ္စည်းကိရိယာများကို အသုံးပြုခွင့်ရရန် ကျွန်ုပ်တို့ စကားစုစကားဝှက်တစ်ခု ဖန်တီးကြပါမည်။ထိုကဲ့သို့မဟုတ်ပါက သင့် ကွန်ပျူတာအား လော့ခ်ဖွင့်ရာတွင် အသုံးပြုသော စကားဝှက်ကို ရှာရမည့် စကားဝှက်မန်နေဂျာအား အသုံးပြုမရပဲ ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။ :)

သင့် စမတ်ပစ္စည်းကိရိယာများတွင် စကားစုစကားဝှက်မဟုတ်ပဲ PIN ကုဒ်များ အသုံးပြုကြသည်။ ထို့ကြောင့် သင်အနေဖြင့် ၎င်းတို့အတွက် စကားစုစကားဝှက်များ ဖန်တီးရန်မလိုအပ်ပါ။

2. သင့်စကားစုစကားဝှက်သည် မည်မျှရှည်လျားသင့်သည်ကို ဆုံးဖြတ်ပါ။

သင့် စကားစုစကားဝှက်၏အရှည်သည် စကားလုံးမည်မျှ စကားစုတွင် ပါဝင်သည်ပေါ်မူတည်၍ ထိုစကားစုစကားဝှက်၏ ခိုင်မာမှု နှင့် မှန်းဆရန်ခက်ခဲမှုကို တိုက်ရိုက်အဆုံးအဖြတ်ပေးသည်.

ကိုးကားရန်အတွက်:
- စကားလုံး ၆ လုံးသည် အင်မတန်ခိုင်မာသော စကားစုစကားဝှက်ဖြစ်ပါသည်။
- စကားလုံး ၅ လုံးသည် ခိုင်မာသော စကားစုစကားဝှက်ဖြစ်ပါသည်။
- စကားလုံး ၄ လုံးသည် လက်ခံ၍ ရသော စကားစုစကားဝှက်ဖြစ်ပါသည်။
- စကားလုံး ၃ လုံးသည် အားနည်းသော စကားစုစကားဝှက်ဖြစ်ပါသည်။

ဥပမာ အမေရိကန်ဒေါ်လာ ၁၀၀၀ အောက်ရှိသော ကွန်ပျူတာများသည် တစ်စက္ကန့်လျှင် စကားဝှက်ပေါင်း ၁ သန်း မှန်းဆနိုင်သည်။ ထိုနှုန်းအတိုင်းဆိုလျှင် စကားလုံး ၃ လုံးပါ စကားစုစကားဝှက်အား ဖော်ရန် ပျှမ်မျှအားဖြင့် ၂၈၈ ရက်သာ လိုသည်။ သို့သော် စကားလုံး ၆ လုံးပါ စကားဝှက်အား‌ ဖော်ရန် နှစ်ပေါင်း ၄ သိန်းကြာမည်ဖြစ်သည်။

ထို့ကြောင့် သင့်အနေဖြင့် မည်သည့် လုံခြုံရေးအဆင့်အထိ လိုအပ်သည်ကို ဆုံးဖြတ်ရန် သင့်မှာသာ တာဝန်ရှိသည်။

3. Diceware အသုံးပြုပါ။

စကားစုစကားဝှက်များအား ထုတ်ဖို့အတွက် ကျွန်ုပ်တို့ Diceware အသုံးပြုကြမည် ဖြစ်သည်။ ထိုနည်းလမ်းသည် အမှန်တကယ် ကျပန်းဖြစ်သော စကားစုများကို ရွေးချယ်ရန် နည်းလမ်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မှန်းဆ၍မလွယ်ကူသော စကားစုများကို ထုတ်ရန် လူသားများကို မှီခို၍မရသောကြောင့် ဖြစ်သည်။ သို့သော်လည်း မြန်မာဘာသာဖြင့် အသုံးပြု၍ရသော ဗားရှင်းသည် အွန်လိုင်းတွင် မရနိုင်ပါ။ အကယ်၍ သင့်အနေဖြင့် မြန်မာဘာသာဖြင့် စကားစုစကားဝှက်အား ထုတ်ရန် လိုအပ်ပါက စာရွက်အဘိဓာန်အားအသုံးပြုပြီး ထို စကားလုံးများကို မြန်မာဘာသာပြန်ဆို၍အသုံးပြုရန် ကျွန်ုပ်အကြံပြုပါသည်။ Google Translate မသုံးလျှင်အကောင်းဆုံးဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့် စကားဝှက်သည် ဘာသာပြန်ဆိုမှု မှတ်တမ်းတွင် ပါဝင်နေမည်ဖြစ်ခြင်းကြောင့် ဖြစ်သည်။

  1. Diceware ဝန်ဆောင်မှုသို့ သွားပါ။
  2. သင့် စကားစုစကားဝှက်အတွက် လိုအပ်သော စကားလုံးအရေအတွက်ပေါ် မူတည်၍ "Number of Dice Rolls" အား ရွေးချယ်ပါ။

Pasted image 20210607214550.png

  1. "> Roll Dice!" အားနှိပ်ပါ။
  2. သင့်စကားဝှက်အား မြန်မာဘာသာဖြင့် လိုအပ်ပါက ထို ထုတ်ထားသော စကားလုံးများအား အခုပင် ဘာသာပြန်ဆိုလိုက်ပါ။ စကားလုံးများသည် အဆင်ချောမှုမရှိပါက စကားဝှက်အသစ်တစ်ခု ထပ်ထုတ်ပါ။
  3. သင့် စကားစုစကားဝှက်အား သင် လျှို့ဝှက်ထားလေ့ရှိသော စာရွက်တစ်ရွက်ပေါ်တွင် ချရေးပါ။ UseCapitalisedWordsWithoutSpaces ကဲ့သို့ စကားလုံးတစ်ခုအစတွင် အက္ခရာအကြီးဖြင့် ရေးရန်နှင့် ကြားတွင် နေရာမခြားရန် ကျွန်ုပ်တို့အကြံပြုသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သဟဇာတ အဖြစ်ဆုံးနှင့် မှန်းဆရန်ပို၍ခက်ခဲသောကြောင့် ဖြစ်သည်။ စကားစုစကားဝှက်အား အလုံခြုံဆုံးသော နေရာတွင် သိုလှောင်ထားခြင်း သို့မဟုတ် စကားစုစကားဝှက်အား သင်မှတ်ထားပြီးပါက ဖျက်ဆီးပစ်ခြင်း ပြုလုပ်ပါ။
  4. သင်ထုတ်ထားသော စကားလုံးများအတွက် ထိုစကားလုံးများကို အခြေခံ၍ ပုံပြင်လေးများဖြင့် သင့်ကိုယ်သင်မှတ်သားထားခြင်းသည် သင့်အား စကားစုစကားဝှက်အား မှတ်မိစေရန် အကူအညီဖြစ်စေပါသည်။
  5. သင်ထုတ်ရန်လိုအပ်သော စကားစုစကားဝှက်တစ်ခုစီတိုင်းအတွက် ယခု လုပ်ငန်းစဥ်အတိုင်း ထပ်မံလုပ်ဆောင်ပါ။