📱 ဝန်ထမ်းများအတွက် SIM ကဒ်များကို မှတ်ပုံတင်ပါ။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ပြင်ဆင်မှု 🏗️ ⭐⭐⭐ 🏗️ 🔁💵💵 2021-10-23

အရေးကြီးသည်။

ဖုန်းနံပါတ်တစ်ခုသည် သီးသန့်ဖြစ်သည်ဟု စဥ်းစားသတ်မှတ်နိုင်ပြီး အကယ်၍ ၎င်းအား အများသူငှာမြင်နိုင်သောနေရာတွင် စာရင်းမသွင်းထားပါက ၎င်း၏ ပိုင်ရှင်အား မည်သူမည်ဝါဆိုသည်ကို အထောက်အထားအတည်မပြုနိုင်ပါ။ သို့သော် တစ်စုံတစ်ယောက်မှ ဖုန်းနံပါတ်အား ၎င်းတို့၏ ဖုန်းစာအုပ်ထဲတွင် ထည့်သွင်းသိုလှောင်ပြီး နာမည်တစ်ခု တွဲကပ်လိုက်သည်နှင့် တစ်ပြိုင်နက် - သင့် အဆက်အသွယ်များ၏ အမည်ကို သင်၏ ဖုန်းမှ အဆက်အသွယ်စာရင်းအား အသုံးပြု၍ ရယူသော ဝန်ဆောင်မှုတိုင်းသို့ ထို နံပါတ်နှင့် အမည် ချိတ်ဆက်မှုအား တင်ပြီးသားဖြစ်သွားလိမ့်မည်။ (ဥပမာ WhatsApp၊ Telegram၊ Signal၊ Google Contacts စသည်ဖြင့်)။ အချို့သောအခြေအနေများတွင် ထို နံပါတ်သည် ဖုန်းနံပါတ်များအတွက် "ဖုန်းစာအုပ်" အဖြစ် အလုပ်လုပ်သော အများသူငှာအသုံးပြုနိုင်သည့် ဒေတာဘေ့စ်များသို့လည်း ရောက်သွားနိုင်သည်။

ထို့ကြောင့် အကယ်၍ နံပါတ်တစ်ခုအား အခြားသောသူများနှင့် မျှဝေထားပါက နံပါတ်နှင့် အမည်တို့သည် အတူတကွ သိမ်းဆည်းထားခံရလိမ့်မည်ဖြစ်သည်။ ထိုနံပါတ်အား ကြာကြာ အသုံးပြုလေလေ အာဏာပိုင်များ သို့မဟုတ် သာမာန်ပြည်သူလူထုက ထိုနံပါတ်သည် မည်သူနှင့် သက်ဆိုင်ကြောင်းကို ပို၍ သိလေလေဖြစ်သည်။

ထို့ကြောင့် အကယ်၍ ဖုန်းနံပါတ်မှ တစ်ဆင့် သင် မည်သူမည်ဝါဆိုသည်ကို အထောက်အထားအတည်ခံရခြင်းနှင့် နောက်ယောက်ခံလိုက်ခံရခြင်း မဖြစ်လိုပါက ဖုန်းနံပါတ် ၂ ခု အသုံးပြုသင့်သည်။ တစ်ခုမှာ ဖုန်းကွန်ရက်သို့ ချိတ်ဆက်ရန် (၎င်းသည် မိုဘိုင်းလ် ကွန်ရက်သို့ ချိတ်ဆက်၍ရသော ကြိုတင်‌ငွေပေးချေရသော SIM ကဒ်ဖြစ်သည်။) ဖြစ်ပြီး ဒုတိယတစ်ခုမှာ 📱 Signal အား လုံခြုံစွာ အသုံးပြုရန်အတွက် ဖုန်းနံပါတ်ဖြစ်သည်။ ဖုန်းနံပါတ်အား Signal တွင် စာရင်းသွင်းပြီးပါက ဖုန်းထဲတွင် ထို SIM ကဒ် မပါပဲ Signal အား အသုံးပြုနိုင်သည်။ ထို့ကြောင့် အများသူငှာတွေ့မြင်နိုင်သော နံပါတ်အား Signal တွင် စာရင်းသွင်းပြီးသည်နှင့် ဒုတိယတစ်ခုအား မိုဘိုင်းလ်ကွန်ရက်ချိတ်ဆက်ရန် အသုံးပြုနိုင်သည်။ ထို SIM ကဒ်၏ နံပါတ်အား လျှို့ဝှက်ချက်အနေဖြင့်ထားထားပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ မမျှဝေပါနှင့်။ သာမာန်ဖုန်းကွန်ရက်မှတစ်ဆင့် ဖုန်းခေါ်ဆိုခြင်းများ သို့မဟုတ် စာတိုပေးပို့ခြင်းများ မပြုလုပ်သင့်ပါ။

ယခုအကြံပြုချက်သည် အောက်တွင် ဖော်ပြထားသည့်အတိုင်း SIM ကဒ်အား အမည်မဖော်ပြပဲရယူ၍ရမှသာ အဆင်ပြေမည်ဖြစ်သည်။ အသုံးပြုရန်ပြင်ဆင်ခြင်းအတွက် အသေးစိတ်အချက်အလက်များအတွက် The Intercept လမ်းညွှန်ကို မှီငြမ်းနိုင်သည်။

စဥ်းစားပုံစဥ်းစားနည်း

SIM ကဒ်များတွင် ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် စာတိုပေးပို့မှုများအတွက် ပစ္စည်းကိရိယာအား အသုံးပြုနေသည်ကို ပြသပေးသည်သာမက မိုဘိုင်းလ်ကွန်ရက်နှင့် ချိတ်ဆက်မှုရှိသည့်အချိန်တိုင်းတွင် ထိုပစ္စည်းကိရိယာသည် မည်သည့်နေရာ တွင်ရှိနေကြောင်းကိုပါ ပြသပေးသည့် အထောက်အထားပြအမှတ်အသားများ ပါရှိသည်။ တယ်လီကွန်းကုမ္ပဏီများသည် ၎င်းတို့၏ တာဝါတိုင်ကွန်ရက်ကိုအသုံးပြုကာ ဖုန်း၏ တည်နေရာကို အတော်အတန်တိကျစွာ နောက်ယောက်ခံလိုက်နိုင်ပြီး ၎င်းအား မှတ်တမ်းလည်းတင်ထားနိုင်သည်။ အကယ်၍ သင်၏ လုပ်ဖော်ကိုင်ဖက်များထဲမှ တစ်ဦးဦးမှ မိုဘိုင်းလ်ဖုန်းဖွင့်ထားပြီး အပြင်ထွက်ပါက ၎င်းတို့၏ တည်နေရာကိုလည်း နောက်ယောင်ခံလိုက်ခံရနိုင်သည်။ အကယ်၍ နောက်ပိုင်းတွင် သင့် လုပ်ဖော်ကိုင်ဖက်သည် တရားမဝင်စုဝေးသည့်နေရာသို့ အချိန်တူတူ ရောက်ရှိနေခဲ့သည်ကို တွေ့ရှိသွားခဲ့ပါက ၎င်းတို့အပေါ်တွင်လည်း အန္တရာယ်တစ်စုံတစ်ရာကျရောက်နိုင်သည်။

ပို၍ တည့်တိုးဖော်ပြရလျှင် အကယ်၍ တစ်စုံတစ်ယောက်သည် လုံခြုံ‌ရေးအေဂျင်စီများ၏ ပစ်မှတ်ဖြစ်နေပြီး ပုန်းအောင်းနေရပါက ၎င်းတို့၏ ဖုန်းမှာ ၎င်းတို့ ပုန်းအောင်းနေသော တည်နေရာကို ဖော်ထုတ်ပေးသလို ဖြစ်နိုင်သည်။

ညွှန်ကြားချက်များ

သင်ဘာလုပ်သင့်သလဲ

SIM ကဒ်များ ရောင်းချခြင်း ဝယ်ယူခြင်းနှင့် ပတ်သတ်၍ မတူကွဲပြားသော စည်းမျဥ်းစည်းကမ်းများရှိသည်။ ထို့ကြောင့် အောက်ဖော်ပြပါ အကြံပြုချက်အချို့သည် သင်အတွက် အသုံးမဝင်သည်လည်းဖြစ်နိုင်သည်။ အကယ်၍ ထိုကဲ့သို့ဖြစ်ပါက သင့် အဖွဲ့အစည်းအတွက် နောက်ထပ်အကောင်းဆုံး ရွေးချယ်စရာတစ်ခုကိုသာ ပြောင်းပါ။

1. အမည်မဖော်သော ကြိုတင်‌‌ငွေပေးချေရသည့် ကဒ်များကို ရယူပါ။

အကောင်းဆုံးကတော့ အန္တရာယ်တစ်စုံတစ်ရာကျရောက်နိုင်ရန်အခြေအနေရှိနေသည့် သင့် အဖွဲ့အစည်းမှ ဝန်ထမ်းများအားလုံးအတွက် အမည်မဖော်ပဲ ကြိုတင်‌‌ငွေပေးချေရသည့်ကဒ်များကို ဝယ်ယူထားပေးရန်ဖြစ်သည်။ ဥပမာ SIM ကဒ်နှင့် အသုံးပြုသူ၏ အထောက်အထားကို တိုက်ရိုက်ချိတ်ဆက်မှု တစ်စုံတစ်ရာမရှိအောင် သင့်အနေဖြင့် အထောက်အထားတစ်ခုမျှ မပြရပဲ ဝယ်ယူ၍ရခြင်း။

2. free roaming ပါဝင်သော နိုင်ငံခြားမှ SIM ကဒ်များကို ရယူပါ။

အကယ်၍ သင့်အနေဖြင့် SIM ကဒ် ဝယ်သောအခါ မှတ်ပုံတင်ရခြင်းကို ရှောင်ရှားရန် နည်းလမ်းမရှိပါက "free roaming" ပါဝင်သော နိုင်ငံခြား မှ ကဒ်ကို ဝယ်ယူအသုံးပြုပါ။ ပြည်တွင်းတွင် ဝယ်ယူသော SIM ကဒ်ထက် ၎င်းသည် ပို၍ ဈေးကြီးသည်ဟု ယူဆနိုင်သည်။ သို့သော် ပြည်တွင်းတွင် သင့် SIM ကဒ်အား မှတ်ပုံတင်ရခြင်းမှ ရှောင်ရှားနိုင်ရန် အကူအညီပေးနိုင်လိမ့်မည်ဖြစ်သည်။

3. ကြိုတင်‌‌ငွေပေးချေရသည့် ကဒ်များကို အဖွဲ့အစည်းအတွက် ရယူပါ။

သင့်အနေဖြင့် SIM ကဒ် ဝယ်ယူသောအခါ မဖြစ်မနေ အထောက်အထားစာရွက်စာတမ်းများ ပေးရန် လိုအပ်ပါက SIM ကဒ်များကို အဖွဲ့အစည်းအမည်ဖြင့် တစ်ခုတစ်စည်းတည်း မှတ်ပုံတင်ရန် ဖြစ်နိုင်ချေကို မေးပါ။ - ထိုနည်းလမ်းသည် SIM ကဒ်အား လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သို့ တိုက်ရိုက် ဆက်နွယ်နေခြင်း မရှိသည့်အတွက် အနည်းဆုံး ရှုပ်ထွေးမှုအလွှာတစ်ခု ရှိနေစေသည်။ ဟုတ်ပါသည်။ အကာအကွယ်အလွှာ အပါးလေးတစ်ခုသာဖြစ်သည်။ သို့သော် ကဒ်များကို သင့် ဝန်ထမ်းတစ်ဦးတစ်ယောက်အား တိုက်ရိုက် ဆက်နွယ်နေသည့် အခြေအနေထက်တော့ ပို၍ ကောင်းမွန်သည်။

အကယ်၍ အထက်ပါ ရွေးချယ်စရာများထဲမှ တစ်ခုမျှ သင့်အဖွဲ့အစည်းအတွက် အသုံးပြု၍ မရပါက ဖုန်းနံပါတ်များသည် နောက်ယောက်ခံလိုက်နေနိုင်ပြီး မည်သည့်နေရာသွားနေသည်ကိုလည်း အတည်ပြုနိုင်ကြောင်းကို သင့် ဝန်ထမ်းများသိရှိသွားအောင် အသိပေးပါ။