📱 အက်ပ်များကို vault တစ်ခုထဲသို့ ထည့်သွင်းပါ။

Last updated on : 2021-10-14

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

  1. Android တိုင်းသည် ဤဝန်ဆောင်မှုအား ပံ့ပိုးမပေးထားပါ။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် ထို ဝန်ဆောင်မှုအား ပံ့ပိုးပေးသည်ဟု သိရှိထားသော အမှတ်တံဆိပ်များကို စာရင်းပြသသွားမည်ဖြစ်သည်။ အကယ်၍ သင့်အသုံးပြုသော အမှတ်တံဆိပ်သည် စာရင်းထဲတွင် မပါဝင်ပါက 📱 Android - အက်ပ်များကို ဖုံးကွယ်ရန် အခြားနည်းလမ်းများကို စဥ်းစားရန် ကျွန်ုပ်တို့အကြံပြုသည်။ သို့မဟုတ် 📱 အပြိုင်ဖြစ်သောအက်ပ်များ နှင့် တည်ကြက်အက်ပ်များကို ဖန်တီးရန် ညွှန်ကြားချက်များအတိုင်း လိုက်လံလုပ်ဆောင်ပါ။ - ထို အဆင့်များသည် လည်းပဲ အက်ပ်များကို vault တစ်ခုထဲသို့ ထည့်သွင်းခြင်းဖြစ်သည်။ တည်ကြက်အက်ပ်များကို သင် မလိုချင်ပါက ၎င်းတို့အား အသုံးပြုရန်ပြင်ဆင်ခြင်း မလိုအပ်ပါ။
  2. iOS သည် လက်ရှိတွင် ဤဝန်ဆောင်မှုအား ပံ့ပိုးမပေးထားပါ။ iOS 15 ၏ ဗားရှင်းနောက်တစ်ခု - စက်တင်ဘာလ၊ ၂၀၂၁ တွင် ဖြန့်ချိသွားမည်ဖြစ်သည့် - တွင် "Focus" ဟု ခေါ်သော သင့်အက်ပ်များကို ပိုမိုကောင်းမွန်စွာ ခွဲခြားနိုင်သည့် ဝန်ဆောင်မှုပါဝင်လာမည်ဖြစ်သည်။ ထို့ကြောင့် သင့်ဖုန်းတွင် update ရသည်နှင့် သင့် ဖုန်းစကရင်ပေါ်တွင် မည်သည့်အက်ပ်များကို ပြသထားမည်ကို ပြန်လည်ကြည့်ရှုသုံးသပ်ရန် စဥ်းစားဆုံးဖြတ်ပါ။

သင်ဘာလုပ်သင့်သလဲ

Samsung

📱 Android - Samsung တွင် အက်ပ် Vault တစ်ခု ဖန်တီးရန် ညွန်ကြားချက်များအတိုင်း လိုက်လံလုပ်ဆောင်ပါ။

Xiaomi သို့မဟုတ် Redmi

Xiaomi သို့မဟုတ် Redmi တွင် အက်ပ်များကို ဖုံးကွယ်ထားရန် "App lock" ထဲသို့ ထည့်ခြင်းက လွဲ၍ အခြားနည်းလမ်းတစ်ခုမျှ မရှိပါ။ 📱 Android - Xiaomi သို့မဟုတ် Redmi တွင် အက်ပ်များကို ဖုံးကွယ်ရန် အတွက် ညွှန်ကြားချက်များအတိုင်း လိုက်လံဆောင်ရွက်ပါ။ ပြီးနောက် သင်သည် ၎င်းတို့အား vault တစ်ခုထဲသို့လည်း ထည့်ရမည်ဖြစ်ပါသည်။

Huawei

Huawei တွင် အက်ပ်များကို ဖုံးကွယ်ထားရန် "PrivateSpace" ထဲသို့ ထည့်ခြင်းက လွဲ၍ အခြားနည်းလမ်းတစ်ခုမျှ မရှိပါ။ 📱 Android - Huawei တွင် အက်ပ်များကို ဖုံးကွယ်ပါ။ရန် အတွက် ညွှန်ကြားချက်များအတိုင်း လိုက်လံဆောင်ရွက်ပါ။ ပြီးနောက် သင်သည် ၎င်းတို့အား vault တစ်ခုထဲသို့လည်း ထည့်ရမည်ဖြစ်ပါသည်။

OnePlus သို့မဟုတ် Oppo

OnePlus သို့မဟုတ် Oppo တွင် အက်ပ်များကို ဖုံးကွယ်ထားရန် "Hidden Space" ထဲသို့ ထည့်ခြင်းက လွဲ၍ အခြားနည်းလမ်းတစ်ခုမျှ မရှိပါ။ 📱 Android - OnePlus သို့မဟုတ် Oppo တွင် အက်ပ်များကို ဖုံးကွယ်ရန် အတွက် ညွှန်ကြားချက်များအတိုင်း လိုက်လံဆောင်ရွက်ပါ။ ပြီးနောက် သင်သည် ၎င်းတို့အား vault တစ်ခုထဲသို့လည်း ထည့်ရမည်ဖြစ်ပါသည်။