📱 အက်ပ်များအား ယုံကြည်ရသော နေရာမှ install လုပ်ပါ။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ကျင့်ကြံလုပ်ဆောင်ခြင်း 🧑 ⭐⭐⭐⭐ 🧑 🆓 2021-10-07

စဥ်းစားပုံစဥ်းစားနည်း

အက်ပ်များကို ၎င်းတို့၏ တရားဝင်နေရာမှ install မပြုလုပ်ခြင်းသည် မကောင်းသောအစီအမံပြုလုပ်ထားပြီး malware များလည်း ပါနိုင်သော အက်ပ်များ သင့်အား အန္တရာယ်ပြုနိုင်ရန် လမ်းဖွင့်သလိုဖြစ်နိုင်သည်။

ညွှန်ကြားချက်များ

သင်ဘာလုပ်သင့်သလဲ

1. မသိသော အက်ပ်များကို ပိတ်ထားပါ။

🤖 ANDROID တွင်

  1. Settings သို့သွားပါ။
  2. "Unknown Apps" သို့မဟုတ် "Unknown Sources" အား ရှာဖွေပါ။
  3. အကယ်၍ ၎င်းသည် ရိုးရှင်းသော “Unknown Sources” ခလုတ် တစ်ခုသာဖြစ်ပါက ၎င်းအား ပိတ်ထားပါ။
  4. အကယ်၍ "Install unknown apps" ကို သင်တွေ့ပါက ၎င်းအား နှိပ်ပါ။
  5. ယခု အရင်းအမြစ်အားလုံးကို "not allow" သို့ ပြောင်းထားသည်ကို သေချာအောင်ပြုလုပ်ပါ။

🍏 iOS တွင် သင် ဘာမျှ ပြုလုပ်ရန် မလိုပါ။

2. တရားဝင် စတိုးများမှသာ အက်ပ်များကို Install လုပ်ပါ။

သင့်အနေဖြင့် ယခုအခါတွင် တရားဝင်စတိုးမှအစား အခြားသော နေရာများမှ မတော်တဆ အက်ပ်တစ်ခုခုအား install လုပ်မိရန် လုံးဝ မဖြစ်နိုင်တော့အောင် ပြုလုပ်ပြီးဖြစ်သည်။ သို့သော် တရားဝင် အက်ပ် စတိုး ပြင်ပမှ install ပြုလုပ်ရသည့် "အခမဲ့" အသုံးပြု၍ရသော အက်ပ်များကို ဆက်လက်သတိထားသင့်သည်။ ထိုအရင်းအမြစ်များကို သင် မယုံစားသင့်ပါ။