📱 Hide Your Documents and Photos

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ပြင်ဆင်ခြင်း 🧑 ⭐⭐⭐⭐⭐ ⭐⭐ 🧑🧑 🆓 2021-10-20

စဥ်းစားပုံစဥ်းစားနည်း

အကယ်၍ သင်သည် အာဏာပိုင်များမှ ရှာဖွေခြင်းခံရပါက သင့် PIN ကုဒ်များ နှင့် စကားစုစကားဝှက်များအား ဖော်ထုတ်ရန် အတင်းအကျပ်ခိုင်းစေခံရနိုင်သည်။ ခံစစ်လိုင်း နောက်ထပ်တစ်ခု ထပ်မံ ထည့်သွင်းနိုင်သည်။ သင်၏ စာရွက်စာတမ်းများ၊ ဖိုင်လ်များ နှင့် ဓာတ်ပုံများကို ထိုအာဏာပိုင်များမှ သင့်ဖုန်းအား ပုံမှန် သမားရိုးကျနည်းလမ်းအတိုင်း အသုံးပြုပါက ပေါ်မလာအောင် ဖုံးကွယ်ထားနိုင်သည်။

ညွှန်ကြားချက်များ

သင်ဘာပြင်ဆင်သင့်သလဲ

သင်ဘာလုပ်သင့်သလဲ

မည်သည့် ရွေးချယ်စရာသည် သင်နှင့် အကိုက်ညီဆုံးဖြစ်သည့် အပေါ်မူတည်၍ အောက်ပါအဆင့်များထဲမှ တစ်ခုအတိုင်း လိုက်လံလုပ်ဆောင်ပါ။

1. သင်၏ သိုလှောင်မှုသည် အသွင်ဝှက်ထားသည်ကို သေချာအောင်ပြုလုပ်ပါ။

အသွင်ဝှက်ခြင်းသည် သင့်ဒေတာအချက်အလက်များအား သင့်ဖုန်း သို့မဟုတ် တက်ဘလက်အား လော့ခ်ဖွင့်သောအခါမှသာ ဖတ်၍ရသော ပုံစံအဖြစ် သိုလှောင်ထားခြင်း ဖြစ်သည်။ အသွင်ဝှက်ထားသော ပစ္စည်းကိရိယာအား လော့ခ်ဖွင့်လိုက်သည်နှင့် သင့်ဒေတာအချက်အလက်များအား အသွင်ဖော်ပေးသွားခြင်းဖြစ်သည်။ အသွင်ဝှက်ခြင်းသည် သင့် ပစ္စည်းကိရိယာ အခိုးခံရပါက ကာကွယ်မှုတစ်စုံတစ်ရာ ဖြည့်စွက်ပေးနိုင်သည်။

🤖 ANDROID တွင် 📱 Android - ပစ္စည်းကိရိယာတစ်ခုလုံးကို အပြည့်အဝ အသွင်ဝှက်ခြင်းအား ဖွင့်ပါ။တွင် ပါဝင်သော ညွှန်ကြားချက်များဖြင့် အတည်ပြုပါ။

🍏 iOS တွင် သင်၏ သိုလှောင်မှုသည် အသွင်ဝှက်ထားပါလိမ့်မည်။

2. အသွင်ဝှက်ထားသော Vault အား အသုံးပြုရန်ပြင်ဆင်ပါ။

🤖 ANDROID တွင် 📱 Android - ဖိုင်လ် Vault အား အသုံးပြုရန်ပြင်ဆင်ပါ။ သို့မဟုတ် 🍏 iOS တွင် 📱 iOS - ဖိုင်လ် Vault ကို အသုံးပြုရန် ပြင်ဆင်ပါ။ အတွက် ညွှန်ကြားချက်များအတိုင်း လိုက်လံလုပ်ဆောင်ပါ။

3. Cloud ချိတ်ဆက်မှု အား ရွေးချယ်ပြုလုပ်ပါ။ [👩‍💻]

အဆင့်မြင့်အတွက်သာ - သင် ဘာလုပ်ရမည်ကို မသေချာပါက ယခု အဆင့်အား ကျော်သွားနိုင်သည်။

မြန်မာနိုင်ငံရှိ ကိစ္စအများစုတွင် Cloud ချိတ်ဆက်မှုကြောင့် ဒေတာအချက်အလက်များ ဆုံးရှုံးနိုင်သည့် အန္တရာယ်သည် သင့် ဦးစားပေးမဖြစ်နိုင်ပါ။ ထို့ကြောင့် ယခု အဆင့်သည် မလုပ်မနေရမဟုတ်ပါ။ အကယ်၍ သင် ပြုလုပ်လိုပါက သင့်ဖုန်းတွင် install ပြုလုပ်ထားသော အက်ပ်များမှ "sync(ချိတ်ဆက်မှု)" ဆက်တင်များအား ပြန်လည်ကြည့်ရှုစစ်ဆေးနိုင်သည်။

ဆက်တင်ထဲတွင် "Sync" ကို ရှာပါ။ ထို့နောက် သင့်တွင် sync (ချိတ်ဆက်မှု) ရွေးချယ်စရာများ ပြပါလိမ့်မည်။

သင်ဘာလုပ်ရမလဲ? အကယ်၍ သင့် ဒေတာအချက်အလက်များသည် နေရာအများအပြားတွင် သိုလှောင်ထားပါက ထိုနေရာအားလုံးကို ကာကွယ်ရန်လိုအပ်သည်ကို စဥ်းစားပါ။ ထို့ကြောင့် အက်ပ်တစ်ခုအတွက် cloud ချိတ်ဆက်မှု အသုံးပြုခြင်း မပြုခြင်းသည် ၎င်း ဝန်ဆောင်မှု မှ ပေးသော လုံခြုံမှု အပေါ်တွင် သင်မည်မျှ ယုံကြည်သည် ပေါ်တွင် မူတည်သည်။ သင့် ‌ဒေတာအချက်အလက်များအား back up ပြုလုပ်ရန်နည်းလမ်းတစ်ခုအဖြစ် cloud ချိတ်ဆက်ခြင်း ဝန်ဆောင်မှုအား အသုံးပြုခြင်းအတွက် အပေးအယူတစ်ခု ရှိသည်။

ဤအရာသည် အဆင့်မြင့်အသုံးပြုသူများအတွက်သာဖြစ်သည်။ သင့်အနေဖြင့် အပေးအယူများကို နားလည်မှသာလျှင် ဆက်လက်လုပ်ဆောင်ပါ။

4. သင့်ဖုန်းပေါ်ရှိ ဒေတာအချက်အလက် ပမာဏအား လျော့ချပါ။

သင့်‌ဒေတာအချက်အလက်ကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းသည် ... ဒေတာအချက်အလက်များအား လုံးဝမထားရှိထားခြင်းပင်ဖြစ်သည်။ ၎င်းသည် လက်တွေ့ကျသော အကြံပြုချက်တစ်ခုတော့ မဟုတ်ပါ။ သို့သော် ထိုကဲ့သို့သော စံပြအခြေအနေနှင့် သင် အနီးစပ်ဆုံးဖြစ်အောင် ပြုလုပ်နိုင်မည်နည်း?

သင့်ဖုန်းထဲတွင် သင် အမှန်တကယ်လိုအပ်သည်များကိုသာ သယ်ဆောင်ခြင်း နှင့် အခြားအရာများအား မှတ်တမ်းပြုစုခြင်း သို့မဟုတ် ဖျက်ခြင်း များ ပြုလုပ်ခြင်းဖြင့် ဖြစ်သည်။

  1. ထို့ကြောင့် ပထမအဆင့်သည် 💻/🖥️/📱 သင့်ဒေတာအချက်အလက်အား မှတ်တမ်းပြုစုခြင်း သို့မဟုတ် ဖျက်ဆီး ရန် ဖြစ်သည်။
  2. သင့်ဖိုင်လ်များကို မှတ်တမ်းပြုစုပြီးပါက သင့် ပစ္စည်းကိရိယာမှ မှတ်တမ်းပြုစုပြီးသော ဖိုင်လ်များကို ဖျက်ပါ။

သင့် ဓာတ်ပုံများ၊ စာရွက်စာတမ်းများ နှင့် အီးမေးလ်များအား သင့်ဖုန်းမှ တိုက်ရိုက်အသုံးပြု၍ မရတော့သည်အခါ သင်လုပ်ဆောင်ချက် အောင်မြင်သည်ကို သင်သိပါလိမ့်မည်။