📱 Android - ဖိုင်လ် Vault အား အသုံးပြုရန်ပြင်ဆင်ပါ။

Pasted image 20210612161026.png
Last updated on : 2021-10-16

အရေးကြီးသည်။

ကျွန်ုပ်တို့အသုံးပြုမည့် အက်ပ်ကို ရေးးဆွဲသော နည်းပညာသမားများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရားစီရင်ပိုင်ခွင့်ထဲတွင် အခြေစိုက်ထားသည်။ အကယ်၍ သင့်အား ရန်ပြုလိုသူဖြစ်နိုင်ချေရှိသူများသည် တရုတ်အာဏာပိုင်များ ပါဝင်ပါက တူညီသော ရလဒ်ရရန် အခြားသော အက်ပ်တစ်ခုကို အသုံးပြုပါ။

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

သင်ဘာလုပ်သင့်သလဲ

Pasted image 20210612161154.png

1. Calculator Photo Vault ကို install လုပ်ပါ။

  1. Play Store မှ Calculator Photo Vault ကို install လုပ်ပါ။
  2. Calculator Photo Vault ကို ဖွင့်ပါ။
  3. Vault အား မည်ကဲ့သို အသုံးပြုရမည်ကို ပြသသည့် သင်ခန်းစာဖြင့် သင့်အား ကြိုဆိုပါလိမ့်မည်။
    Pasted image 20210612154400.png
  4. Gallery အား ဖွင့်ရန် "Calculator" ခေါင်းစဥ်အား အချိန်ခဏကြာအောင် ဖိ၍နှိပ်ပါ။
  5. အက်ပ်အား ဓာတ်ပုံ၊ မီဒီယာများ နှင့် ဖိုင်လ်များကို အသုံးပြုခွင့်ရရှိအောင် ခွင့်ပြုပေးပါ။
    Pasted image 20210612154545.png
  6. သင့်အား "unlock password" တစ်ခု သတ်မှတ်ပေးရန် တောင်းဆိုပါလိမ့်မည်။ "Next" ကို နှိပ်ပါ။
  7. Pattern တစ်ခု ဖန်တီးပါ။
    Pasted image 20210612154821.png
  8. ရွေးချယ်နိုင်သည်။ စကားဝှက်ပြန်လည်ရယူရန် မေးခွန်းများကို သတ်မှတ်ပါ။ - ကျွန်ုပ်တို့ ဤအရာကို နောက်မှ ထပ်ပြီး မြှင့်တင်ပါမည်။ သို့သော် လတ်တလောအတွက် နောက်ထပ်မေးခွန်းတစ်ခုကို မျဥ်းကြောင်းသုံးကြောင်းပုံ မီနူး မှတစ်ဆင့် ရွေးနိုင်သည်။ အရေးကြီးသည်။ သင့်အကြောင်းအား အခြားသူသိသွားစေနိုင်သည့် မေးခွန်း/အဖြေကို မရွေးပါနှင့်။
    Pasted image 20210612154907.png
  9. ရွေးချယ်နိုင်သည်။ စကားဝှက်ပြန်လည်ရယူရန် အီးမေလ်းကို သတ်မှတ်ပါ။ - အရေးကြီးသည်။ သင့်ဖုန်းဖြင့် ချိတ်ဆက် ဆက်သွယ်ထားသော အကောင့်ကို အသုံးမပြုပါနှင့်။ ထိုကဲ့သို့ မဟုတ်ပါက vault သည် အပိုထပ်ဆောင်း လုံခြုံမှု မပေးနိုင်ပါ။
    Pasted image 20210612155150.png
  10. သင့်အား အက်ပ်ကို ဝယ်ယူရန် ရွေးချယ်စရာကို ပေးပါလိမ့်မည်။ လတ်တလောအတွက် cancel လုပ်ပါ။
  11. သင် အသုံးပြုရန် ပြင်ဆင်ပြီးပါပြီ။
    Pasted image 20210612155426.png

2. ရှိပြီးသား ဖိုင်လ်များကို Calculator Photo Vault သို့ ထည့်သွင်းပါ။

Vault အား လော့ခ်ဖွင့်ထားပြီး ဥပမာ အက်ပ်ကို ဖွင့်လိုက်သောအခါ ပထမဦးဆုံး သင်ရောက်ရှိမည့် စကရင်တွင်

  1. ညာဘက်အောက်ထောင့်တွင်ရှိသော "အပေါင်း" ခလုတ်ကို နှိပ်ပါ။
  2. Vault ထဲတွင် သင် ဖုံးကွယ်လိုသော ဖိုင်လ်အမျိုးအစားကို ရွေးပါ။ - ဥပမာ စာရွက်စာတမ်း၊ ဗီဒီယိုများ၊ အသံဖိုင်လ်များ၊ အခြားဖိုင်လ်များ၏ ဓာတ်ပုံများ။
    Pasted image 20210612155726.png
  3. Vault ထဲသို့ ထည့်သွင်းလိုသော ဖိုင်လ်များ (ဥပမာ ဓာတ်ပုံများ) ပါဝင်သော တည်နေရာ (ဥပမာ gallery ဖိုင်လ်တွဲ)သို့ သွားပါ။
  4. Vault ထဲသို့ ထည့်သွင်းလိုသော ဖိုင်လ်များ (ဥပမာ ဓာတ်ပုံများ) အားလုံးကို ရွေးပါ။
    Pasted image 20210612160023.png
  5. "Move to Vault" ကို နှိပ်ပါ။
  6. သင့် ဖိုင်လ်များကို သိုလှောင်ရန် ဖိုင်လ်တွဲတစ်ခုကို ရွေးပါ၊ သို့မဟုတ် ဖိုင်လ်တွဲအသစ်တစ်ခု ဖန်တီးပါ။
  7. အက်ပ်မှ သင့်အား သင်ကြိုက်နှစ်သက်သော Encryption Mode ကို မေးပါက "Encryption" ကို‌ရွေးပြီးနောက် "Remember my choice" ကို ရွေးပါ။
    Pasted image 20210612160353.png
  8. အခုဆိုလျှင် သင့်ဖိုင်လ်များသည် အသွင်ဝှက်သွားပြီ ဖြစ်ပြီး သင့် vault သို့ ထည့်သွင်းပြီးဖြစ်သွားပါမည်။ အသွင်ဝှက်ခြင်းအောင်မြင်သွားပြီ ဟု ပြသော ဖော်ပြချက် သင်လက်ခံရရှိသောအခါ "Ok" ကို နှိပ်ပါ။
  9. သင့်ဖိုင်လ်များ အခုဆိုလျှင် vault ထဲသို့ ရွှေ့ပြောင်းပြီးသား ဖြစ်သင့်သည်။ ဥပမာ ၎င်းတို့အား နေရာအဟောင်းမှ ပုံမှန် gallery/စာရွက်စာတမ်းဖွင့်ကြည့်သည့်ကိရိယာများထဲတွင် မြင်တွေ့ရမည်မဟုတ်တော့ပါ။

မှတ်သားထားရန် - * ဖိုင်လ်တွဲတစ်ခုရှိ ဖိုင်လ်အရေအတွက်အား ၁,၀၀၀ အထိသာ ကန့်သတ်ထားရန် အကြံပြုသည်။ - မဟုတ်ပါက အက်ပ်အား နှေးကွေးသွားစေမည်ဖြစ်သည်။

3. Gallery အား ကြည့်ရှုစစ်ဆေးပါ။

Vault သို့ သင့် ဓာတ်ပုံများကို အောင်မြင်စွာ ထည့်သွင်းပြီးသောအခါ ၎င်းတို့အား ပါဝင်ပြီးသားဖြစ်သော s-gallery အက်ပ် မှတစ်ဆင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။

  1. မီဒီယာနှင့် သက်ဆိုင်သောအရာများ(ဥပမာ ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများ) ပါဝင်သော ဖိုင်လ်တွဲတစ်ခုကို နှိပ်ပါ။
    Pasted image 20210612160647.png
  2. ဓာတ်ပုံ/ဗီဒီယို တစ်ခုခုကို ကြည့်ရန် နှိပ်ပါ။
    Pasted image 20210612160507.png

4. ဖိုင်လ် Vault ၏ လုံခြုံရေးအား မြှင့်တင်ပါ။

Calculator Photo Vault ၏ ပုံသေပါပြီးသား ဆက်တင်များသည် အကောင်းဆုံးမဟုတ်ပါ။ ထို့ကြောင့် ၎င်းတို့အား မြှင့်တင်ကြရအောင်။

Safe
  1. Calculator Photo Vault ကို ဖွင့်ပါ။
  2. "Menu" ခလုတ် (ဘယ်ဘက်အပေါ်ထောင့်တွင်ရှိသော မျဥ်းကြောင်းသုံးကြောင်း) ကို နှိပ်ပါ။
  3. "Settings" ကို နှိပ်ပါ။
  4. "Safe" ကို နှိပ်ပါ။
    Pasted image 20210612165312.png
  5. "Lock Type" ကို "PIN" သို့ သတ်မှတ်ပါ။ - မည်ကဲ့သို့ 🔒 ခိုင်မာသော PIN တစ်ခုအား ထုတ်ရမည် နှင့် ပတ်သတ်သော မှတ်စုများကို ကြည့်ပါ။ သင့် PIN အား Bitwardenသို့ ထည့်သွင်းပါ။
    • မှတ်ချက် PIN ကုဒ် တစ်ခုဖြင့် ဂဏန်းပေါင်းစက် ထဲသို့ သင့် PIN ကို ထည့်ပြီး vault ထဲသို့ ဝင်ရန် = ကို နှိပ်ပါ။
  6. "Recovery Question" သည် ရှာဖွေ၍မရသော သို့မဟုတ် မှန်းဆ၍မရသော အရာဖြစ်သင့်သည်။ ထိုအစား အောက်တွင်ဖော်ပြထားသည့် ဥပမာအတိုင်း 🔒 ခိုင်မာသော စကားဝှက်များကို ထုတ်ပါ။ ထို့နောက် Bitwardenထဲတွင် သိုလှောင်ထားပြီးနောက် မိမိကိုယ်ကို စကားဝှက်သည် စကားဝှက်မန်နေဂျာထဲတွင်ရှိကြောင်းကို သတိပေးထားပါ။
    Pasted image 20210612165509.png
  7. "Screen Off" ကို "Go to Home Screen" သို့ သတ်မှတ်ပါ။
    Pasted image 20210612165857.png
Disguise Icon ဆက်တင်များ
  1. ပင်မ Settings မှ "Disguise Icon" ကို နှိပ်ပါ။
    Pasted image 20210612170536.png
  2. အဆင့်မြင့်အတွက်သာ 👩‍💻 - သိပ်ပြီး အဆင်ပြေမှုမဖြစ်စေသည့်အတွက် ယခုအဆင့်အား ကျော်လိုက်ပါကလည်း အဆင်ပြေသည်။ သို့သော် အကယ်၍ သင့်အနေဖြင့် 📱 Android - အက်ပ်များကို ဖုံးကွယ်ခြင်းမပြုလုပ်ပဲ အက်ပ် icon သာ ဖုံးကွယ်လိုပါက "Hide App Icon" ထဲရှိ နည်းလမ်းတစ်ခုအား လိုက်လံဆောင်ရွက်နိုင်သည်။
  3. "Need to Unlock after Dialing" အား "On" သို့ ပြောင်းပါ။
  4. Calculator icon ကို အခြား တစ်ခုသို့ ပြောင်းပါ။
  5. အက်ပ်ကို လော့ခ်ဖွင့်ရန်အတွက် PIN တစ်ခုကို အသုံးပြုလျက်ရှိပါက ဂဏန်းပေါင်းစက် ထဲသို့ သင့် PIN ကို ထည့်ပြီး vault ထဲသို့ ဝင်ရန် = ကို နှိပ်ပါ။ "Press the = button to unlock" ကို "long press" သို့ သတ်မှတ်ပါ။
  6. "Prohibit Unlocking by Long Press Title" ကို "On" သို့ပြောင်းပါ။ - ဂဏန်းပေါင်းစက် ထဲတွင် PIN ကုဒ် အသုံးပြုခြင်း နည်းလမ်းအား သီးသန့်အသုံးပြုသွားပါမည်။
  7. "Need to Unlock after Dialing" ကို "Off" သို့ ပြောင်းပါ။ - ဇီဝဗေဒဆိုင်ရာအချက်အလက်သုံးလုံခြုံရေးစနစ် အား အသုံးမပြုပါနှင့်။
ရွေးချယ်နိုင်သည်။ : အက်ပ်အား ပိုမို၍ အသွင်ပြောင်းပါ။

ယခုအဆင့်သည် မလုပ်မနေရမဟုတ်ပါ။

ဖိုင်လ် vault တော်တော်များများသည် ဂဏန်းပေါင်းစက် အက်ပ်အား အသုံးပြု၍ ရုပ်ဖျက်ထားလေ့ရှိကြသောကြောင့် မကြာခင်တွင် သင်၏ ရန်ပြုလိုသူများ သိရှိသွားနိုင်ပြီး ၎င်းတို့အနေဖြင့် ပုံမှန် gallery များအပြင် ဂဏန်းပေါင်းစက် အက်ပ်များကိုပါ စစ်ဆေးလာနိုင်ချေရှိနိုင်သည်။ ထို့ကြောင့် ထပ်ဆောင်း အဆင့် ရွေးချယ်စရာတစ်ခုအဖြစ် အက်ပ်အား မထင်ရှားစေရန် အက်ပ် icon ကို ဖယ်ရှားခြင်း၊ ဖုံးကွယ်ခြင်း သို့မဟုတ် ရုပ်ဖျက်ထားခြင်း များပြုလုပ်ထားနိုင်သည်။

Optional : Premium ဝန်ဆောင်မှုများ

ယခုအဆင့်သည် မလုပ်မနေရမဟုတ်ပါ။

Premium ဗားရှင်းတွင် ထပ်ဆောင်းဖြည့်စွက်ထားသော လုံခြုံရေးဆိုင်ရာ ရွေးချယ်စရာများပါဝင်ပါသည်။

5. ဓာတ်ပုံများ/ဗီဒီယိုများကို ရိုက်ပြီး Calculator Photo Vault ထဲသို့ တိုက်ရိုက်ထည့်သွင်းပါ။

vault အား လော့ခ်ဖွင့်ထားပြီး ဥပမာ အက်ပ်ကို ဖွင့်လိုက်သောအခါ ပထမဦးဆုံး သင်ရောက်ရှိမည့် စကရင်တွင်

  1. ညာဘက်အောက်ထောင့်တွင်ရှိသော "အပေါင်း" ခလုတ်ကို နှိပ်ပါ။
  2. Vault ထဲသို့ သင်ထည့်သွင်းလိုသော မီဒီယာအမျိုးအစားကို ရွေးပါ။ - ဥပမာ "Take photo" သို့မဟုတ် "Capture Video"
    Pasted image 20210612155726.png
  3. ထိုသို့ပြုလုပ်ခြင်းဖြင့် သင်၏ ပုံသေပါပြီးသား ကင်မရာ အက်ပ်ကို ဖွင့်သွားမည်ဖြစ်သည်။
  4. သင်ပုံမှန် ဓာတ်ပုံရိုက်သကဲ့သို့ ရိုက်ပါ။
  5. အခု ၎င်းအား ပုံမှန် gallery တွင် သိုလှောင်သွားရမည့်အစား Vault ထဲတွင် သိုလှောင်သွားမည်ဖြစ်သည်။

6. Calculator Photo Vault ကို အသုံးပြုပါ။

"Improve the File Vault Security" တွင် ပါရှိသော အဆင့်များအတိုင်း သင်လိုက်လံလုပ်ဆောင်ခဲ့ပါက သင့် ဖိုင်လ် Vault အား အောက်ပါအတိုင်းပြုလုပ်ခြင်းဖြင့် အသုံးပြုနိုင်သည်။

  1. သင်ရွေးချယ်ထားသော အက်ပ် icon အား ရွေးပြီး ဂဏန်းပေါင်းစက်အက်ပ် ကိုဖွင့်ပါ။ သို့မဟုတ် အခြား သင်ရွေးချယ်ထားသော ဖွင့်သည့်နည်းလမ်းဖြင့် ဖွင့်ပါ။
    • မှတ်ချက် vault အား မည်ကဲ့သို့ အသုံးပြုရမည်ကို သင်သိရှိလေ့လာပြီးပါက သင်ခန်းစာသတိပေးချက်များအား ပိတ်ပါ။
  2. ဂဏန်းပေါင်းစက်ထဲသို့ သင့် PIN ကုဒ်ကို ထည့်သွင်းပါ။ - မည်သူတစ်ဥမည်သူတစ်ဦးတစ်ယောက်မှ သင့်အား ကြည့်မနေသည်ကို သေချာအောင်ပြုလုပ်ပါ။
  3. = ကို အချိန်ခဏကြာအောင် ဖိ၍နှိပ်ပါ။
  4. သင် အထဲရောက်သွားပါပြီ။