📱 Android - ပစ္စည်းကိရိယာတစ်ခုလုံးကို အပြည့်အဝ အသွင်ဝှက်ခြင်းအား ဖွင့်ပါ။

Last updated on : 2021-10-16

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

အသွင်ဝှက်ခြင်း သည် သင့်ဒေတာအချက်အလက်များကို သင့် ဖုန်းသို့မဟုတ် တက်ဘ်ဘလက်အား လော့ခ်ဖွင့်လိုက်မှာသာ ဖတ်၍ရသော ပုံစံအဖြစ် သိုလှောင်ပေးထားခြင်းဖြစ်သည်။ သင်၏ အသွင်ဝှက်ထားသော ပစ္စည်းကိရိယာအား လော့ခ်ဖွင့်လိုက်ခြင်းဖြင့် သင့်‌ ဒေတာအချက်အလက်အား အသွင်ဖော်သွားမည်ဖြစ်သည်။ အသွင်ဝှက်ခြင်းသည် အကယ်၍ သင့် ပစ္စည်းကိရိယာ အခိုးခံရသည်သော်လည်းကောင်း အသိမ်းခံရသည်သော်လည်းကောင်း အကာအကွယ်ထပ်မံဖြည့်စွက်ပေးသည်။

သင်ဘာပြင်ဆင်သင့်သလဲ

သင်ဖုန်းသည် အသွင်ဝှက်ပြီးသာ မဖြစ်သည်မှာ ဖြစ်နိုင်ချေနည်းသည်။ သို့‌သော် အကယ်၍ ၎င်းဖုန်းအား အသွင်ဝှက်ရန်လိုအပ်ပါက * သင့် ဖုန်းအား အားသွင်းကြိုးချိတ်ဆက်ထားရန်လိုအပ်ပြီး အနည်းဆုံး ဘက်ထရီအား ၈၀ ရာခိုင်နှုန်း ရှိရမည်ဖြစ်သည်။ * လုပ်ငန်းစဥ်ပြီးဆုံးအောင်ပြုလုပ်ရန် သင့်ဖုန်းသည် တစ်နာရီမျှ အချိန်ယူလိမ့်မည်ဖြစ်သည်။ * Android - Back-up your data - အကယ်၍ အသွင်ဝှက်ခြင်းလုပ်ငန်းစဥ်သည် တစ်စုံတစ်ခုကြောင့် ကြားဖြတ်ခံရပါက သင့် ဒေတာအချက်အလက်များ ဆုံးရှုံးနိုင်သည်။

သင်ဘာလုပ်သင့်သလဲ

သင့် Android ပစ္စည်းကိရိယာအတွက် ပစ္စည်းကိရိယာအားအသွင်ဝှက်ခြင်းအား ဖွင့်ခြင်းသည် ရိုးရှင်းသော လုပ်ငန်းစဥ်တစ်ခုဖြစ်ပါသည်။ ဖုန်းအများစုတွင် ၎င်းသည် ပုံသေအဖြစ် ဖွင့်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် အကယ်၍ သင့်ပစ္စည်းကိရိယာအား အသွင်ဝှက်ပြီးဖြစ်ပါက အောက်ပါအဆင့်များအားလုံးကို သင်ပြုလုပ်စရာမလိုအပ်သည် ဖြစ်နိုင်ပါသည်။

  1. Settings ကို ဖွင့်ပါ။
  2. "Security" မီနူး သို့မဟုတ် ဆင်တူသော မီနူး ကို ရှာပါ။

Pasted image 20210609143929.png

  1. "Encrypt phone" ရွေးချယ်စရာမှ

Pasted image 20210609143951.png

  1. အကယ်၍ သင့်ဖုန်းသည် ပုံသေအဖြစ် အသွင်ဝှက်ထားပြီးသားဖြစ်ပါက ဤနေရာတွင် အသွင်ဝှက်ထားပြီးကြောင်းကို ဖော်ပြထားပေလိမ့်မည်။ ဒါဆို သင် ပြီးပါပြီ။ ကျန်ရှိသော အခြား အဆင့်များကို သင် ကျော်လိုက်နိုင်သည်။
  2. အကယ်၍ ၎င်းသည် အသွင်မဝှက်ထားရသေးပါက “encrypt phone” ဆက်တင်ကို နှိပ်ပြီး ဆက်လက်လုပ်ဆောင်ပါ။
  3. သင့်အား သီးခြား သတိပေးချက်နှစ်ခုကို ဖော်ပြပေးပါလိမ့်မည်။ "encrypt phone" ကို နှိပ်ပါ။

Pasted image 20210609144135.png

Source : Cloudwards