📱 Android - မည်သည့် Android တွင် မဆို အက်ပ်များကို ဖုံးကွယ်ပါ။

Last updated on : 2021-10-10

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

ကျွန်ုပ်တို့သည် launcher တစ်ခုကို အသုံးပြုသွားမည်ဖြစ်သည်။ ဆိုလိုသည်မှာ အချို့သော အက်ပ် drawer လုပ်ဆောင်ချက်များ နှင့် သင်၏ icon အစီအမံအပြင်အဆင် သည် သင် အသုံးပြုနေကျ ပုံစံနှင့် ကွဲထွက်နေမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အများလက်ခံပြီး အခမဲ့ဖြစ်သော "Nova Launcher" ကို အသုံးပြုသွားမည်ဖြစ်သည်။

အကယ်၍ သင်သည် လက်ရှိ သင်၏ Launcher ကို ဆက်လက်အသုံးပြုလိုပါက အောက်ဖော်ပြပါ သက်ဆိုင်ရာညွှန်ကြားချက်များကို အသုံးပြုပါ။ * 📱 Android - Samsung သို့မဟုတ် LG တွင် အက်ပ်များကို ဖုံးကွယ်ပါ။ * 📱 Android - Xiaomi သို့မဟုတ် Redmi တွင် အက်ပ်များကို ဖုံးကွယ်ပါ။ * 📱 Android - Huawei တွင် အက်ပ်များကို ဖုံးကွယ်ပါ။ * 📱 Android - OnePlus သို့မဟုတ် Oppo တွင် အက်ပ်များကို ဖုံးကွယ်ပါ။

သို့မဟုတ် သင့် ဖုန်းအမျိုးအစားပေါ်မူတည်၍ မည်ကဲ့သို့ "အက်ပ်များကို ဖုံးကွယ်ရမည်" ညွှန်ကြားချက်များအတွက် အွန်လိုင်းတွင်ရှာပါ။

သင်ဘာလုပ်သင့်သလဲ

Nova Launcher ကို Install လုပ်ပါ။

  1. Play Store မှတစ်ဆင့် Nova Launcher ကို Install လုပ်ပါ။
  2. စကရင်တွင် ဖော်ပြသော အသုံးပြုရန်ပြင်ဆင်ခြင်း ညွှန်ကြားချက်များကို လိုက်လံလုပ်ဆောင်ပြီး အက်ပ်ကို ဖွင့်ပါ။
  3. အကယ်၍ သင့်အား မေးပါက ၎င်းအား ပုံသေ launcher အဖြစ် သတ်မှတ်ပါ။

အက်ပ် Icon နှင့် အမည်ကို ပြောင်းလဲပါ။

အက်ပ်များကို တိုက်ရိုက်ဖုံးကွယ်မည့်အစား သိပ်ပြီးထင်ရှားမှုမရှိစေရန် အမည်နှင့် icon အား ပြောင်းလဲပါ။

  1. Nova Launcher အား သင် မဖွင့်ရသေးလျှင် ဖွင့်ပါ။
  2. app drawer အား ဖွင့်ပါ။
  3. သင် အသွင်ပြောင်းလိုသော အက်ပ်ကို အချိန်ကြာမြင့်စွာဖိနှိပ်ထားပါ။
  4. "Edit." ကို နှိပ်ပါ။၊
  5. အမည်အား သင်ပြောင်းလဲလိုသော အမည်တစ်ခုခုကို ပြောင်းလဲပါ။
  6. icon အား ပြောင်းလဲရန်နှိပ်ပါ။ သင့် အက်ပ်ကို ဖုံးကွယ်ရာတွင် အကူအညီဖြစ်စေမည့် မည်သည့် icons ကိုမဆို ရွေးပါ။

ဖုံးကွယ်ထားသော အက်ပ်များကို အသုံးပြုရန် app drawer မှ အမည်ပြောင်းလဲထားသော အက်ပ်ကိုသာ ဖွင့်လိုက်ရုံဖြစ်သည်။