💻/🖥️/📱 သင့်အသုံးပြုရန်ပြင်ဆင်ထားမှုများကို ပုံမှန် အတည်ပြုပါ။
| အမျိုးအစား | ပရိသတ် | ဦးစားပေးမှု | ရှုပ်ထွေးမှု | အင်အားစိုက်ထုတ်ရမှု | ကုန်ကျစရိတ် | UPDATE ပြုလုပ်ပြီး |
|---|---|---|---|---|---|---|
| ကျင့်ကြံလုပ်ဆောင်ခြင်း | 🧑 | ⭐⭐⭐⭐ | ⭐⭐ | 🧑🧑 | 🆓 | 2021-10-10 |
စဥ်းစားပုံစဥ်းစားနည်း
အချိန်တစ်ခုကြာသောအခါတွင် ပြင်ဆင်မှုနှင့်ဆိုင်သော အသုံးပြုရန်ပြင်ဆင်သည့်အပိုင်းများတွင် သင်လုပ်ဆောင်ပြီးသော အချို့သောအဆင့်များသည် သူ့ဘာသာသူပြန်၍ နဂိုအတိုင်း ပြန်ပြင်သွားတတ်သည်။ထို့ကြောင့် အရေးကြီးသော ပြင်ဆင်မှုဆိုင်ရာအဆင့်များကို ထပ်မံ လုပ်ဆောင်ခြင်းဖြင့် သင်၏ပစ္စည်းကိရိယာများအား ဆက်လက်၍ လုံခြုံအောင်ပြုလုပ်ထားသည်ကို သေချာအောင် အတည်ပြုပါ။
ညွှန်ကြားချက်များ
သင်ဘာလုပ်သင့်သလဲ
1. ဒီဂျစ်တယ်လုံခြုံရေး စစ်ဆေးခြင်း သတိပေးချက်ကို သတ်မှတ်ထားပါ။
သင် ဖုန်းကို မည်ကဲ့သို့အသုံးပြုသည် နှင့် သင်၏ ဘေးကင်းလုံခြုံရေးဆိုင်ရာအခြေအနေအပေါ်မူတည်၍ အသုံးပြုရန်ပြင်ဆင်ထားမှုများအား ၃ လ တစ်ကြိမ်၊ ၄ လ တစ်ကြိမ် သို့မဟုတ် ၆ လ တစ်ကြိမ် ပြန်လည်စိစစ်သုံးသပ်သင့်သည်။ ထို့ကြောင့် သင့်အနေဖြင့် တစ်နှစ်လျှင် ဘယ်နှကြိမ်မျှ အသုံးပြုရန်ပြင်ဆင်ထားခြင်းအား အတည်ပြုမည်ကို ဆုံးဖြတ်ပြီးပါက "ဒီဂျစ်တယ်လုံခြုံရေးကိုအတည်ပြုပါ။" ဟူသော သတိပေးချက်များကို သင့် ပြက္ခဒိန်တွင် ၁၂ လစာ ထည့်သွင်းထားပါ။
2. သင့် Lock screen ဆက်တင်များကို အတည်ပြုပါ။
📱 သင့် Lock Screen အား မွမ်းမံပြင်ဆင်ထားခြင်းများ ဆက်လက်ရှိနေသေးသည်ကို အတည်ပြုပါ။
3. သင်၏ အက်ပ် Update များကို အလိုအလျောက် ဒေါင်းလုဒ်ဆွဲခြင်းအား အတည်ပြုပါ။
📱 အက်ပ် Update များကို အလိုအလျောက် ဒေါင်းလုဒ်ဆွဲရန် သတ်မှတ်ထားခြင်းများ ဆက်လက်ရှိနေသေးသည်ကို အတည်ပြုပါ။
4. အသုံးမပြုသော အက်ပ်များကို uninstall လုပ်ပါ။
📱 အသုံးမပြုသော အက်ပ်များကို uninstall လုပ်ပါ။ အပိုင်းကို ထပ်မံလုပ်ဆောင်ပါ။
5. မလိုအပ်သော အက်ပ် ခွင့်ပြုချက်များကို ပယ်ဖျက်ပါ။
📱 အက်ပ် ခွင့်ပြုချက်များကို ပြန်လည်စိစစ်သုံးသပ်ပြီး ပယ်ဖျက်ပါ။ အား ထပ်မံလုပ်ဆောင်ပါ။
6. တည်ကြက်လုပ်ထားသော အက်ပ်များကို ဆက်လက်ထိန်းသိမ်းပါ။
အကောင်းဆုံးအခြေအနေမှာ ယုံကြည်ရသည့် ပုံစံပေါက်အောင် သင်သည် ထို အက်ပ်များကို မကြာခဏ (တည်ကြက်မဟုတ်သောဗားရှင်းအား သင် အသုံးပြုသည့် အကြိမ်အရေအတွက်အတိုင်း) ပြန်လည်စတင်သင့်သည်။ သို့သော် သင့်အနေဖြင့် ထို တည်ကြက်လုပ်ထားသော အက်ပ်များတွင် နောက်ဆုံးအသုံးပြုမှုများရှိနေအောင် ပြုလုပ်ထားခြင်း / သင်၏အမှန်တကယ်အသုံးပြုသည့်အက်ပ်များဖြစ်ကြောင်းကို ယုံကြည်ရလောက်အောင်ပြုလုပ်ထားခြင်း အား သေချာစေရန် ထိုတည်ကြက်အက်ပ်များ တစ်ခုချင်းစီသို့သွား၍ စစ်ဆေးရန် ယခုအချိန်သည် အကောင်းဆုံးအချိန်ဖြစ်သည်။
📱 အက်ပ် ခွင့်ပြုချက်များကို ပြန်လည်စိစစ်သုံးသပ်ပြီး ပယ်ဖျက်ပါ။ အား ထပ်မံလုပ်ဆောင်ပါ။
7. သင့်ဒေတာအချက်အလက်ကို မှတ်တမ်းပြုစုပါ။
သင်နှင့်အတူ သင့်ဖုန်းတွင် တစ်ပါတည်း သယ်ယူသွားရန်မလိုသော ဒေတာအချက်အလက်များကို သင်၏ မှတ်တမ်းပြုစုထားသည့်နေရာသို့ ပြောင်းရွှေ့၍ မှတ်တမ်းပြုစုပါ။
လိုက်လံလုပ်ဆောင်ရမည့် ညွှန်ကြားချက်များသည် 💻-🖥️-📱 သင့်ဒေတာအချက်အလက်အား မှတ်တမ်းပြုစုခြင်း သို့မဟုတ် ဖျက်ဆီးခြင်း။ ထဲတွင်ရှိသည်။