💻/🖥️/📱 သင်၏ အင်တာနက် အသုံးပြုမှုမှတ်တမ်းအား သိုလှောင်မထားပါနှင့်။

Last updated on : 2021-09-30

စဥ်းစားပုံစဥ်းစားနည်း

အကယ်၍ သင်၏ ဆိုဒ်များသို့ သွား‌ရောက်ကြည့်ရှုမှုများသည် ထိလွယ်ရှလွယ်ဖြစ်ပါက ၎င်း၏ မှတ်တမ်းအား မည်သည့်နေရာတွင်မှ မထိန်းသိမ်းထားလျှင် အကောင်းဆုံးဖြစ်မည်။ သင့်ကွန်ပျူတာသည်လည်း အသိမ်းခံရနိုင်သောကြောင့် ထိုနေရာတွင်လည်း မထိန်းသိမ်းပါနှင့်။

ညွှန်ကြားချက်များ

သင်ဘာပြင်ဆင်သင့်သလဲ

  1. 💻-🖥️-📱 Brave သို့မဟုတ် Firefox ကို install လုပ်ပါ။အား ပြီးဆုံးအောင် ပြုလုပ်ပြီးဖြစ်ရမည်။
  2. သင်၏ အင်တာနက် အသုံးပြုမှုမှတ်တမ်းအား သိုလှောင်ထားခံရခြင်းမှ ကာကွယ်တားဆီးရန် ‌ ရွေးချယ်စရာ နှစ်ခုထဲမှ တစ်ခုကို ရွေးပါ။
    1. မှတ်တမ်းများ တစ်ခုမျှ မသိုလှောင်ထားပါနှင့် - ရိုးရှင်းပါတယ်။ no history is ever kept beyond သင်၏ လက်ရှိအသုံးပြုနေမှု ထက်ကျော်လွန်၍ မည်သည့် မှတ်တမ်းမျှ လုံးဝ သိုလှောင်မထားပါ။ ထို့ကြောင့် browser windows အားလုံး ပိတ်လိုက်သည်နှင့် ၎င်းကို ဖျက်သွားမည်ဖြစ်သည်။
    2. မည်သည့်သွားရောက်ကြည့်ရှုမှုများအား သိုလှောင်မည်ကို ထိန်းချုပ်ပါ။ - သင့် browser ၏ "သီးသန့်ကိုယ်ပိုင် Window" mode (Brave နှင့် Firefox တွင် "Private Windows"၊ Chrome တွင် "Incognito" နှင့် Edge တွင် "InPrivate") အား အသုံးပြုခြင်းဖြင့် သင်သည် သင်၏ ဆိုဒ်သွားရောက်ကြည့်ရှုမှုများကို သင့်မှတ်တမ်းတွင် သိုလှောင်ထားခံရခြင်းမှ ကာကွယ်တားဆီးနိုင်သည်။

ပထမ ရွေးချယ်စရာအတွက် သင်သည် browser ဆက်တင်ကို တစ်ကြိမ်သာ သတ်မှတ်ရန်လိုအပ်သည်။ ဒုတိယ ရွေးချယ်စရာအတွက်ကတော့ သင့်အနေဖြင့် မည်သည့် mode (သီးသန့်ကိုယ်ပိုင် / သီးသန့်ကိုယ်ပိုင်မဟုတ်သော)အား အသုံးပြုမည်ကို အကြိမ်တိုင်းအတွက် ဆုံးဖြတ်ရန်လိုအပ်သည်။

သင်ဘာလုပ်သင့်သလဲ

သင့် ပစ္စည်းကိရိယာ၊ browser နှင့် သင် မည်ကဲ့သို့ နောက်ယောင်ခံလိုက်ခြင်း မှတ်တမ်းကို ရှောင်ကျဥ်လိုသည့် အပေါ်တွင် မူတည်၍ အောက်ပါတို့မှ တစ်ခုအား သင်ပြုလုပ်နိုင်သည်။

1. မှတ်တမ်း တစ်ခုမျှ မထိန်းသိမ်းထားပါနှင့်။

မည်ကဲ့သို့ 💻-🖥️-📱 သင့် Browser မှတ်တမ်းကို ရှင်းလင်းပါ။ရမည်ကို လေ့လာသင်ယူပါ။ သို့မဟုတ် သင့် browser ကို သင့်အတွက် အလိုအလျောက်ပြုလုပ်ပေးရန် ပြင်ဆင်ထားပါ။

2. သီးသန့်ကိုယ်ပိုင် Windows များကို အသုံးပြုပါ။

မည်ကဲ့သို့ 💻-🖥️-📱 သီးသန့်ကိုယ်ပိုင် Windows ဖြင့် အင်တာနက်အသုံးပြုပါ။ရမည်ကို လေ့လာသင်ယူပါ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် သင်၏ ဆိုဒ်သွားရောက်ကြည့်ရှုမှုများသည် သင့် browser မှတ်တမ်းသို့ ထည့်သွင်းသွားမည်မဟုတ်ပါ။