💻/🖥️ Microsoft Windows အား ယုံကြည်ရသော နေရာမှ install လုပ်ပါ။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ပြင်ဆင်မှု 🏗️ ⭐⭐⭐ ⭐⭐⭐ 🏗️🏗️ (💰) 2021-10-07

Rationale

Microsoft Window အား ခိုးကူးထားသော ဗားရှင်းများသည် အွန်လိုင်း နှင့် ပြင်ပဆိုင်များတွင် ကျယ်ကျယ်ပြန့်ပြန့် ရရှိနေသည်။ တစ်ခါတစ်ရံ ၎င်းတို့အား အခမဲ့ပင် ရရှိတတ်သေးသည်။ ထို့ကြောင့် ၎င်းသည် အလွန်စွဲဆောင်မှုရှိသော ရွေးချယ်စရာတစ်ခု ဖြစ်နိုင်ပါသည်။ သို့သော် ထို ခိုးကူးထားသော ("မိတ္တူပွားထားသော"၊ "crack ပြုလုပ်ထားသော"၊ "unlocked ပြုလုပ်ထားသော"၊ "တရားမဝင်သော" စသည်တို့အဖြစ်လည်း လူသိများသည်။) ဗားရှင်း အများစုတွင် ဖုံးကွယ်ထားသော ဆော့ဖ်ဝဲလ်တစ်ခုခုပါလာတတ်ပြီး သင်၏ ကွန်ပျူတာအား အဝေးမှအသုံးပြုခံရခြင်း၊ ထိန်းချုပ်ခံရခြင်း အန္တရာယ် ကျရောက်စေနိုင်သည်။ ထို့ကြောင့် သင့်ကွန်ပျူတာအန္တရာယ်ကျရောက်ခြင်းမှ ရှောင်ကျဥ်နိုင်စေရန် Microsoft Window ကို Microsoft မှ တိုက်ရိုက်ရယူရန် အရေးကြီးသည်။

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

သင်ဘာပြင်ဆင်သင့်သလဲ

သင်ဘာလုပ်သင့်သလဲ

1. USB ပေါ်သို့ Windows 10 အသုံးပြုရန်ပြင်ဆင်သည့် ကိရိယာအား install ပြုလုပ်ပါ။

သင်အနေဖြင့် မည်သည့် ကွန်ပျူတာတွင်မဆို USB အား ထိုးသွင်းပြီး Windows 10 အား install လုပ်နိုင်စေရန် Windows 10 USB Installer တစ်ခုကို ဖန်တီးသွားမည်ဖြစ်သည်။

  1. တရားဝင် Windows 10 Downloader အား ဒေါင်းလုဒ်ဆွဲပြီး ဖွင့်ပါ။
    Pasted image 20210623180805.png
  2. ဝန်ဆောင်မှုစည်းကမ်းချက်များအား လက်ခံရန် "Accept" ကို နှိပ်ပါ။
  3. "Create installation media ..." ကို ရွေးပါ။
  4. Pasted image 20210623181135.png
  5. သင့် ဘာသာစကား စသည်တို့ကို ရွေးပါ။ ထို့နောက် "Next" ကို နှိပ်ပါ။
    Pasted image 20210623181155.png
  6. "USB flash drive" ကို ရွေးပါ။ ထို့နောက် "Next" ကို နှိပ်ပါ။
  7. စာရင်းထဲတွင် သင်၏ USB drive သည် ပေါ်နေသင့်သည်။ ၎င်းအား ရွေးပြီး "Next" ကို နှိပ်ပါ။
  8. ယခု Windows 10 အား ဒေါင်းလုဒ်ဆွဲသွားလိမ့်မည်ဖြစ်သည်။
    Pasted image 20210623182453.png
  9. ေါင်းလုဒ်ဆွဲခြင်း ပြီးမြောက်သွားပါက ၎င်းသည် သင်၏ installer ကို ဖန်တီးသွားလိမ့်မည်ဖြစ်သည်။ ပြီးသောအခါ "Finish" ကို နှိပ်ပါ။
    Pasted image 20210623182612.png

2. Windows 10 ကို install လုပ်ပါ။

အရေးကြီးသည်။ ကွန်ပျူတာပေါ်တွင် ဖိုင်လ်များနှင့် အက်ပ်လီကေးရှင်းများကို backup ပြုလုပ်ထားသည်ကို သေချာအောင်ပြုလုပ်ပါ။ အဘယ်ကြောင့်ဆိုသော် အောက်ပါ လုပ်ငန်းစဥ်သည် drive အား လုံးဝ ရှင်းလင်းပေးသွားမည်ဖြစ်သည်။

ယခု သင့်တွင် Windows Installer USB တစ်ခု ရှိသည့်အတွက် ၎င်းအား သင်ကြိုက်နှစ်သက်ရာ PC သို့ ထိုးသွင်းပါ။ ထို့နောက် ကွန်ပျူတာ စတင်နေသောအချိန်တွင် ၎င်းအား ရွေးပါ။ - မည်ကဲ့သို့ပြုလုပ်ရမည်နည်းလမ်းကတော့ သင့်ကွန်ပျူတာနှင့် motherboard တံဆိပ်ပေါ်တွင် မူတည်သည်။ "အမှတ်တံဆိပ် (BRAND) + boot from usb" ဟု Google တွင်ရှာဖွေပါ။ ထို့နောက် သက်ဆိုင်ရာ ညွှန်ကြားချက်များကို ရှာဖွေရန်အတွက် အမှတ်တံဆိပ်(BRAND)နေရာတွင် သင့်ကွန်ပျူတာထုတ်လုပ်သူ၏အမှတ်တံဆိပ်ဖြင့် အစားထိုးပါ။

installer မှ ညွှန်ကြားချက်များအတိုင်း လိုက်လံလုပ်ဆောင်ပါ။ အကယ်၍ လက်ရှိ install လုပ်ထားသော Windows အား 'အဆင့်မြင့်ရန်' ‌‌ရွေးချယ်စရာနှင့် အစမှ စတင်ရန် ရွေးချယ်စရာများ သင့်အား ပေးပါက သင့် စနစ်တွင်ရှိနေသော မယုံကြည်ရသည့် ဆော့ဖ်ဝဲလ်များကို တစ်ပါတည်း ဖျက်ပြီးသားဖြစ်သွားအောင် အစမှ စတင်ရန် ရွေးချယ်စရာအား ‌ရွေးပါ။
"Activate Windows" စကရင်သို့ သင် ရောက်သောအခါ အကယ်၍ သင့်တွင် လိုင်စင်ကီး အဆင်သင့်မရှိပါက လောလောဆယ်တွင် "I don't have a product key" ကို ရွေးထားပါ။

Pasted image 20210623183245.png

နောက်ပိုင်းတွင် သင့်အနေဖြင့် လိုင်စင်ကီးတစ်ခုကို ရယူပြီးသောအခါတွင်မှ ၎င်းအား အသုံးပြုပြီး Windows အား activate လုပ်ပါ။ ထိုအချိန်မတိုင်မှီတွင်လည်း သင့်အနေဖြင့် Windows အား လုပ်ဆောင်ချက်ဆုံးရှုံးမှုမရှိပဲ အသုံးပြုနေနိုင်မည်ဖြစ်သည်။

Sources : Partition Wizard