💻-🖥️ Cloud Sync ကို Install လုပ်ပါ။

Pasted image 20210618144045.png
Last updated on : 2021-09-27

ညွှန်ကြားချက်များ

သင်ဘာလုပ်သင့်သလဲ

1. သင့်ကွန်ပျူတာပေါ်တွင် install လုပ်ပါ။

  1. တရားဝင် စာမျက်နှာ သို့ သွားပါ။
  2. မှန်ကန်သော ဗားရှင်း (Windows သို့မဟုတ် macOS) သင့်တွင် ရှိသည်ကို အတည်ပြုပြီး "Download" ကို နှိပ်ပါ။
    Pasted image 20210618144159.png
  3. installer အား ဒေါင်းလုဒ်ဆွဲပြီး ဖွင့်ပါ။ စကရင် အားလုံးတွင် "Accept"၊ "Next"၊ "Install" သို့မဟုတ် "Finish" စသည်တို့ကို နှိပ်၍ ညွှန်ကြားချက်များအတိုင်း လိုက်လံဆောင်ရွက်ပါ။
  4. Cryptomator သည် install လုပ်ပြီးသည်နှင့် ပွင့်သွားမည်ဖြစ်သည်။ "အသုံးပြုခွင့်ပေးရန်" တောင်းဆိုချက် ပေါ်လာပါလိမ့်မည်။ "Allow Access" ကို နှိပ်ပါ။
    Pasted image 20210618145046.png
  5. သင် Cryptomator ကို install ပြုလုပ်ပြီးပြီဖြစ်ပြီး Cloud Drive များအား Cryptomator ဖြင့် အသွင်ဝှက်ရန် အဆင့်သင့်ဖြစ်ပါပြီ။
    Pasted image 20210618145208.png

2. (ရွေးချယ်နိုင်သည်) သင့်ဖုန်းတွင် install လုပ်ပါ။ (💵)

Cryptomator သည် မိုဘိုင်းလ် ဖြင့်လည်း အသုံးပြု၍ရသည်။ iOS အက်ပ်သည် အခမဲ့ဖြစ်ပြီး Android အက်ပ်က‌တော့ ၁၀ ယူရို ကုန်ကျမည်ဖြစ်သည်။