🌐 Facebook စာမျက်နှာအား လုံခြုံအောင် ပြုလုပ်ပါ။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ပြင်ဆင်မှု 🧑 ⭐⭐⭐⭐ ⭐ 🧑🧑 🆓 2021-09-21

စဥ်းစားပုံစဥ်းစားနည်း

Facebook စာမျက်နှာတစ်ခုသည် များသောအားဖြင့် သင်၏ အဖွဲ့အစည်း သို့မဟုတ် လုပ်ဆောင်မှုများအား လူထုသို့ ဆက်သွယ်တင်ပြရန်အတွက် လမ်းကြောင်းတစ်ခု အနေဖြင့် အသုံးပြုလေ့ရှိကြသည်။ ထို့ကြောင့် ခွင့်ပြုချက်မပေးထားသော အသုံးပြုခွင့်များထံမှ အကာအကွယ်များလည်း ပြုလုပ်ထားရန်လိုအပ်သည်။ ထိလွယ်ရှလွယ်ဖြစ်သော သတင်းအချက်အလက်များကို စာမျက်နှာပေါ်သို့တင်ခြင်း၊ စာမျက်နှာအား အမည်အသွင်ဝှက်၍ စီမံခြင်း ကိစ္စရပ်များတွင်လည်း အကာအကွယ်များ ပြုလုပ်ထားရန်လိုအပ်သည်။

လမ်းညွှန်ချက်များ

သင်ဘာသိထားသင့်သလဲ

သင်ဘာလုပ်သင့်သလဲ

Facebook စာမျက်နှာတစ်ခုသည် လူများ၏ ကိုယ်ပိုင်အကောင့်များ မှတစ်ဆင့် စီမံခန့်ခွဲကြရသည်။ ထိုကြောင့် သင်၏ စာမျက်နှာ အား ခွင့်ပြုချက်မပေးထားသော အသုံးပြုခွင့်များထံမှ ကာကွယ်ရန် အဓိကကျသော သော့ချက်မှာ တစ်ဦးတစ်ယောက်ချင်းစီ၏ အကောင့်များ ကို လုံခြုံအောင် ပြုလုပ်ခြင်းပင်ဖြစ်သည်။

1. စာမျက်နှာ တာဝန်ခွဲဝေမှုများကို ပြန်လည်စိစစ်သုံးသပ်ပါ။

  1. Facebook တွင် သင်၏ စာမျက်နှာသို့သွားပါ။
  2. ဆက်တင်များသို့သွားပြီး "စာမျက်နှာ တာဝန်ခွဲဝေမှုများ" အား ရွေးပါ။
  3. "လက်ရှိတာဝန်ရှိသော ပုဂ္ဂိုလ်များ" အောက်တွင် ရှိသော လူများကို ပြန်လည်စိစစ်သုံးသပ်ပါ။ - သင့်အနေဖြင့်
    1. စာမျက်နှာအတွက် တာဝန်မရှိသည့် အသုံးပြုသူများကို ဖယ်ရှားရပါလိမ့်မည်။
    2. အသုံးပြုခွင့်အပြည်အဝမလိုအပ်သူများ၏ အသုံးပြုခွင့်အဆင့်ကို လျော့ချပါ။ ဥပမာ အကယ်၍ တစ်စုံတစ်ယောက်သည် စီမံသူဖြစ်နေပြီး ၎င်း၏ တာဝန်မှာ ပို့စ်များတင်ခြင်းအတွက်သာ တာဝန်ရှိပါပြီး စာမျက်နှာ၏ ဆက်တင်များကို စီမံခန့်ခွဲသူမဟုတ်ပါက ၎င်း၏ လုပ်ပိုင်ခွင့်ကို "စီမံသူ" မှ "အယ်ဒီတာ" သို့ ပြောင်းလဲလိုက်ပါ။
    3. (ရွေးချယ်နိုင်သည်) အကယ်၍ သင့် စာမျက်နှာကို အမည်အသွင်ဝှက်၍ စီမံခန့်ခွဲလိုပါက ထိုစာရင်းတွင် တွေ့ရသော အသုံးပြုသူများသည် နာမည်အစစ်၊ ကိုယ်ရေးအချက်အလက်အစစ်များကို အသုံးပြုထားခြင်းမရှိသည့် "အတု" ကိုယ်ရေးအချက်အလက်များ ဖြစ်သည်ကို သေချာအောင်ပြုလုပ်ပါ။

2. ချိတ်ဆက်ထားသော Facebook အကောင့်များကို လုံခြုံအောင်ပြုလုပ်ပါ။

စာမျက်နှာတွင် တာဝန်ခွဲဝေပေးထားသော အသုံးပြုသူ အယောက်ချင်းစီတိုင်းကို 🌐 Facebook အကောင့် တစ်ခုကို လုံခြုံအောင်ပြုလုပ်ပါ။တွင် ပါရှိသော အဆင့်များအတိုင်း ပြီးဆုံးအောင် လုပ်ဆောင်ခိုင်းပါ။

3. အထောက်အထားဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပါ။

စာမျက်နှာသည် လုံခြုံရေးအတွက် စိုးရိမ်စရာ သိပ်မရှိသော အချိန်တွင် ဖန်တီးခဲ့ခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် မည်သည့် သတင်းအချက်အလက်များကို လူသိရှင်ကြား မျှဝေနေသည်ကို အတိအကျ သိရှိအောင် စိစစ်သုံးသပ်လျှင် ကောင်းမည်ဖြစ်သည်။ သင့်အနေဖြင့် ထိုကဲ့သို့ ဆက်လက်လုပ်ဆောင်ရန် သင့် မသင့်ကိုလည်း ပြန်လည်စိစစ်သုံးသပ်သင့်သည်။

  1. စာမျက်နှာ ဆက်တင်များတွင်ရှိသော "စာမျက်နှာ အချက်အလက်များ" သို့သွားပါ။ ထို့နောက် "ဆက်သွယ်ရန်" တွင် သင်၏ ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများ နှင့် "တည်နေရာ" အောက်တွင်ရှိသော လိပ်စာများကို ဆက်လက်ထားရှိရန် သင့် မသင့် ကိုလည်း အတည်ပြုပါ။ "အခြား အကောင့်များ" သို့သွား၍ ယခု စာမျက်နှာနှင့် ချိတ်ဆက်မှု မရှိစေချင်သော မည်သည့်အကောင့်များကိုမဆို ဖယ်ရှားပါ။
  2. သင့်စာမျက်နှာတွင် တင်ထားခဲ့ပြီးသော ပို့စ်များအား တစ်ခုချင်းစီသွားကြည့်ပြီး လက်ရှိလုံခြုံရေးအခင်းအကျင်းတွင် သင် မဖော်ပြချင်သော ထိလွယ်ရှလွယ်ဖြစ်သော သတင်းအချက်အလက်များကို ပြန်လည်စိစစ်သုံးသပ်၍ ထိုပို့စ်များအား ပြင်ဆင်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းများ ပြုလုပ်ပါ။

Sources :