🌐 အမည်အသွင်ဝှက်ထားသော Facebook စာမျက်နှာတစ်ခု ဖန်တီးပါ။
Last updated on : 2021-09-21
စဥ်းစားပုံစဥ်းစားနည်း
တစ်ချို့သောအချိန်များတွင် Facebook စာမျက်နှာတစ်ခု သို့မဟုတ် Group တစ်ခုအား မိမိကိုယ်တိုင် သို့မဟုတ် သင့် အဖွဲ့အစည်းမှ စီမံခန့်ခွဲနေသည်ကို မဖော်ပြပေးထားခြင်းသည် ပို၍ ကောင်းမွန်တတ်သည်။ သင်၏ အထောက်အထားအား လူအများသိရှိသွားသည်မှ ကာကွယ်နိုင်ရန် အမည်မထုတ်ဖော်သော Facebook အကောင့်ကို အသုံးပြုရန်ပြင်ဆင်ထားရမည်။ ထို့နောက် ထိုအကောင့်အားအသုံးပြုပြီး စာမျက်နှာ သို့မဟုတ် group များကို ဖန်တီးခြင်းဖြင့် အမည်မထုတ်ဖော်ပဲ ၎င်းတို့ကို စီမံခန့်ခွဲနိုင်သည်။ နောက်ဆုံးအနေဖြင့် Facebook သို့ ဆက်သွယ်ချိန်တွင် ဒီဂျစ်တယ်ခြေရာများ တတ်နိုင်သမျှ နည်းပါးစေရန် 💻-🖥️-📱 အမည်အသွင်ဝှက်၍ ဝက်ဘ်ဝန်ဆောင်မှုများအား အသုံးပြုပါ။ တွင် ပါရှိသော အကြံပြုချက်များအတိုင်း လိုက်လံဆောင်ရွက်ပါ။
ညွှန်ကြားချက်များ
သင်ဘာသိထားသင့်သလဲ
"အမည်မဖော်ထုတ်ထားသော စာမျက်နှာ"ကို ဖန်တီးခြင်းသည် အမည်အသွင်ဝှက်ထားသော Facebook စာမျက်နှာတစ်ခု ဖန်တီးခြင်း၏ နောက်ဆုံးအဆင့်တစ်ခုသာဖြစ်ပြီး လုံခြုံစွာချိတ်ဆက်ခြင်းဖြစ်သည်။ ထို့နောက် နောက်ဆုံးမှာတော့ ထို အမည်အသွင်ဝှက်ထားသော အကောင့်ဖြင့် ပုံမှန် Facebook စာမျက်နှာတစ်ခုကို ဖန်တီးခြင်းဖြစ်သည်။
သင်ဘာလုပ်သင့်သလဲ
1. အမည်အသွင်ဝှက်ထားသော အကောင်များဖြင့် လုံခြုံစွာ လော့ဂ်ဂင်ဝင်ပြီး စာမျက်နှာအား ဖန်တီးပါ။
- မည်ကဲ့သို့ 💻-🖥️-📱 အမည်အသွင်ဝှက်၍ ဝက်ဘ်ဝန်ဆောင်မှုများအား အသုံးပြုရမည်ကို လေ့လာသင်ယူပါ။
- နောက်ဆုံးတွင် facebook.com/pages/create သို့သွားပါ။
- အမျိုးအစား တစ်ခုအား ရွေးချယ်ရန် နှိပ်ပါ။
- လိုအပ်သောအချက်အလက်များကို ဖြည့်စွက်ပါ။ - မည်သည့် ထိလွယ်ရှလွယ်ဖြစ်သော သိုမဟုတ် အထောက်အထားနှင့်သက်ဆိုင်သော အချက်အလက်များကို မဖြည့်စွက်မိအောင် ရှောင်ကျဥ်ပါ။
- စာမျက်နှာများ ဖန်တီးရန် ကို နှိပ်ပါ။
- ကိုယ်ရေးမှတ်တမ်း ဓာတ်ပုံ သို့မဟုတ် မျက်နှာဖုံးဓာတ်ပုံအား ထည့်သွင်းပြီးပါက သိမ်းမယ် ကို နှိပ်ပါ။