📱 Android - Signal ကို Backup လုပ်ပါ။

Pasted image 20210612043921.png
Last updated on : 2021-10-07

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

1. Backup ပြူလုပ်ခြင်းကို ဖွင့်ပါ။

  1. Signal ဆက်တင်များကို အသုံးပြုရန်အတွက် ကိုယ်ရေးအချက်အလက် icon ကို နှိပ်ပါ။ profile_avatar.png > Chats > Chat backups > Turn on ကဲ့သို့ ဖော်ပြပါအတိုင်း လုပ်ဆောင်ပါ။
    • Android OS ဗားရှင်း 9 သို့မဟုတ် ၎င်းထက်စောသော ဗားရှင်းများအတွက် အဆင့် ၃ သို့သွားပါ။
  2. Android OS ဗားရှင်း 10 သို့မဟုတ် ၎င်းထက်နောက်ကျသော ဗားရှင်းများအတွက် "Choose folder" ကို ရွေးပြီး backup ဖိုင်လ်အား မည်သည့်နေရာတွင် သိမ်းဆည်းမည်ကို ရွေးချယ်ပါ။
  3. စာလုံး ၃၀ ပါ စကားစုစကားဝှက်အား ဘယ်မှညာ အထက်မှအောက် ကူးယူပါ။ backup တစ်ခုအား ပြန်လည်အသုံးပြု၍ရအောင်ပြုလုပ်ရန်အတွက် သင့်အနေဖြင့် ထို စကားစုစကားဝှက်ကို လိုအပ်လိမ့်မည်။ ထို့ကြောင့် လုံခြုံသောနေရာတွင် ထိန်းသိမ်းထားပါ။
  4. စကားစုစကားဝှက်အား သင် ချရေးထားသည်ကို အတည်ပြုပါ။
  5. Enable backups ကို ရွေးပါ။
  6. Create backup ကို နှိပ်ပါ။ နောက်ဆုံး backup ပြုလုပ်ထားသော အချိန်ကို စစ်ဆေးခြင်းဖြင့် backup တစ်ခု အောင်မြင်စွာလုပ်ဆောင်ပြီးစီးသွားသည် ဟုတ် မဟုတ်ကို သင့်အနေဖြင့် အတည်ပြုနိုင်မည်ဖြစ်သည်။

2. Backup များကို သိုလှောင်ပါ။

  1. Backup ဖိုင်လ်တွဲ ခေါင်းစဥ်အောက်တွင် သင်၏ backup လုပ်ထားသည်များကို ရှာဖွေတွေ့ရှိနိုင်ရန် Signal မှ ပြသပေးထားသည်။ ထို ဖိုင်လ်တွဲသို့သွားပါ။
  2. သင်၏ဖုန်း မဟုတ်သော ပစ္စည်းကိရိယာတစ်ခုခုပေါ်သို့ ထို backup အား ရွှေ့ပြောင်းခြင်း သို့မဟုတ် မိတ္တူတစ်ခု ပွား၍ သိမ်းဆည်းခြင်း ပြုလုပ်ပါ။ သင်၏ စာတိုပေးပို့မှုမှတ်တမ်းသည် ဖိုင်လ်တစ်ခုအသွင် backup ပြုလုပ်ပြီးဖြစ်သည့်အတွက် 💻-🖥️-📱 သင့်ဒေတာအချက်အလက်အား မှတ်တမ်းပြုစုခြင်း သို့မဟုတ် ဖျက်ဆီးခြင်း။ လမ်းညွှန်တွင်ပါဝင်သော "ဖိုင်လ်များကို Local Storage သို့" သို့မဟုတ် "ဖိုင်လ်များကို Cloud သို့" ညွန်ကြားချက်များအတိုင်း သင် လိုက်လံလုပ်ဆောင်နိုင်သည်။

Sources : Signal