🔒 ယုံကြည်ထိုက်သော ငြင်းဆိုနိုင်မှု

Last updated on : 2021-09-20

ညွှန်ကြားချက်များ

သင်ဘာသိထားသင့်သလဲ

ယုံကြည်ထိုက်သော ငြင်းဆိုနိုင်မှု ဆိုသည်မှာ အကယ်၍ သင်အား သင်၏ စကားဝှက်များ / ပစ္စည်းကိရိယာများ / အရာအားလုံးကို ထုတ်ဖော်ရန် ဖိအားပေးခိုင်းစေခံ ရပါက သင့်အား စစ်ဆေးနေသူများအနေဖြင့် သင်သည် အရာအားလုံးကိုမပေးရသေးကြောင်း ကို သိရှိနိုင်မည့် နည်းလမ်း လုံးဝမရှိပါ။ အခြားတစ်နည်းဖြင့်ဆိုရသော် သင့်အနေဖြင့် အကုန်လုံး ထုတ်ဖော်မပြပဲ နေ၍ရသည် အဘယ်ကြောင့်ဆိုသော် သင် ဘာမျှထပ်၍ ပေးစရာ မရှိတော့ကြောင်း (ဥပမာ၊ အခြားအရာများရှိသည်ကို ငြင်းဆိုခြင်း) သည် ယုံကြည်ထိုက်ခြင်း ကြောင့်ဖြစ်သည်။ သင်၏ လက်ပ်တော့ပ်အတွက် သုံးသော စကားဝှက် - သင့် အနေဖြင့် ထို လက်ပ်တော့ပ်အား အသုံးပြုခွင့်ရှိသည်ကို ကျိုးကြောင်းဆီလျော်စွာ ငြင်းဆန်နိုင်မည်မဟုတ်ပါ။ သို့မဟုတ် အကယ်၍ စစ်ဆေးသူများမှ သင်၏ အသွင်ဝှက်ထားသော vault ကို ရှာဖွေတွေ့ရှိ သွားပါကလည်း သင့်အနေဖြင့် မည်ကဲ့သို့ ဝင်ရောက်ရမည်ကို မသိပါဟု ငြင်းဆိုခြင်းသည် ကျိုးကြောင်းဆီလျော်ခြင်းမရှိပါ။ ယုံကြည်ထိုက်သော ငြင်းဆိုနိုင်မှု ၏ အလုပ်လုပ်ပုံသည် ဝှက်ထားသော ‌ဖိုင်လ်များအား စစ်ဆေးသူများအားပေးလိုက်ရမည်.... သို့သော် သင် ကာကွယ်နေသော အရာများမဟုတ်ပဲ အခြား မတူသော အစုံတစ်ခု ကို ပေးလိုက်ခြင်းဖြစ်သည်။ သို့သော် သင်၏ အမှန်တကယ် သိုဝှက်ထားသော ဖိုင်လ်များကို ၎င်းတို့အား မပြရသေးသည်ကို ၎င်းတို့အနေဖြင့် သိရှိနိုင်ရန် နည်းလမ်းလုံးဝမရှိပါ။

ယုံကြည်ထိုက်သော ငြင်းဆိုနိုင်မှု ကို သင်၏ ခရီးဆောင်အိတ်ထဲရှိ လျှို့ဝှက်အိတ်ကလေးတစ်ခု အဖြစ်တွေးကြည့်နိုင်သည်။ - ခရီးဆောင်အိတ်ကို သင့်အနေဖြင့် သော့ခတ်ထားသောလည်း သင့်အား ဖွင့်ရန် ဖိအားပေးလာ‌သည်ပဲ ဆိုပါစို့၊ ထို ခရီးဆောင်အိတ် အထဲတွင် သော့ခတ်ထားသောအိတ် နောက်ထပ်တစ်ခု ရှိနေသည်ကို သိရှိရန် နည်းလမ်းလုံးဝမရှိပါ။

သို့သော် နိုင်ငံ‌ရေးနှင့်ပတ်သတ်သည့် ထိလွယ်ရှလွယ်ဖြစ်သော အကြောင်းအရာများ မတင်ထားသော 'သန့်ရှင်းနေသော' Facebook စာမျက်နှာအား လည်ပတ်ခြင်းနှင့်လည်း ဆင်တူသည်။ အကယ်၍ အကောင့်သည် အလွန်အမင်းဗလာဖြစ်နေခြင်း၊ အသစ်ဖြစ်နေခြင်း၊ သူငယ်ချင်းများ ရှိမနေခြင်း များဖြစ်နေပါက သင်၏ Facebook စာမျက်နှာ အစစ်ဖြစ်ကြောင်းသည် ယုံကြည်ထိုက်သော ပုံစံတွင် ရှိမနေတော့ပါ။ ထိုနည်းတူစွာပင် 'သန့်ရှင်းနေသော' ဝှက်ထားသည့် ဖိုင်လ်များတွင် သင့်အနေဖြင့် ဝှက်ထားရန်အတွက် ကျိုးကြောင်းခိုင်လုံမှုရှိသည်ကို ယုံကြည်ရလောက်သည့်ပုံစံဖြစ်အောင် ထိုဝှက်ထားသည့်ဖိုင်လ်များတွင် သင့်မိသားစု ဓာတ်ပုံများ၊ သို့မဟုတ် အရေးကြီးသော်လည်း ထိလွယ်ရှလွယ်မဖြစ်သော အလုပ်ဖိုင်လ်များကို ထည့်ထားရန်လိုသည်။

အသေးစိတ် ပိုမိုဖတ်ရှုလိုပါက WikiPedia ဆောင်းပါးကို ဖတ်ရှုပါ။