📱 အက်ပ် ခွင့်ပြုချက်များကို ပြန်လည်စိစစ်သုံးသပ်ပြီး ပယ်ဖျက်ပါ။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ပြင်ဆင်မှု 🧑 ⭐⭐⭐⭐⭐ ⭐⭐ 🧑🧑 🆓 2021-10-10

စဥ်းစားပုံစဥ်းစားနည်း

တစ်ခါတစ်ရံ အက်ပ်များသည် ၎င်းတို့လိုအပ်သည်ထက် ပို၍ သင်၏ ဒေတာအချက်အလက်များကို အသုံးပြုခွင့်ရနေတတ်သည့်အတွက် သင်အသုံးပြုရန်မလိုအပ်ပဲ ပေးထားမိသော ခွင့်ပြုချက်များအားလုံးကို ပယ်ဖျက်သင့်သည်။

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

  1. အက်ပ်တစ်ခုအား ပေးထားသော ခွင့်ပြုချက်များစာရင်းအား ပြန်လည်စိစစ်သုံးသပ်သောအခါတွင် သင့်အနေဖြင့် ၎င်း အက်ပ်လီကေးရှင်းတစ်ခုတွင် မရှိသင့်ဟု သင်ယူဆသော ခွင့်ပြုချက်များအားလုံးကို ဖယ်ရှား၍ ရပါသည်။ အကယ်၍ သင်အသုံးပြုနေစဥ်တွင် ခွင့်ပြုချက်တစ်စုံတစ်ရာအား အက်ပ်ပလီကေးရှင်းမှ အမှန်တကယ်လိုအပ်ပါက ၎င်းမှ သင့်အား အက်ပ်ဆက်လက်အသုံးပြုနိုင်ရန် ခွင့်ပြုချက်ကို ပြန်လည်ဖွင့်ပေးရန် ဝောာင်းဆိုပါလိမ့်မည်။ ထို့ကြောင့် ခွင့်ပြုချက်များကို ဖယ်ရှားသည်မှာ အန္တရာယ်တစ်စုံတစ်ရာမရှိပါ။

သင်ဘာလုပ်သင့်သလဲ

1. အက်ပ် ခွင့်ပြုချက်များကို ပြန်လည်စိစစ်သုံးသပ်ပြီး မလိုအပ်သည်များကို ပယ်ဖျက်ပါ။

မလိုအပ်ဘူး ဆိုသည်ကို သင်မည်ကဲ့သို့ သိနိုင်မည်နည်း? သင့်ဖုန်း၏ အစိတ်အပိုင်းတစ်ခုသို့ ၎င်းအက်ပ်မှ အဘယ်ကြောင့် အသုံးပြုခွင့်လိုအပ်သည်ကို မိမိကိုယ်ကို ပြန်မေးပါ။ (ဥပမာ Signal သည် ဖုန်းခေါ်ဆိုမှုများအတွက် မိုင်ခရိုဖုန်းအား အသုံးပြုသည်။) သို့သော် အကယ်၍ ပြက္ခဒိန်အက်ပ် တစ်ခုတွင် သင့် ကင်မရာအား အသုံးပြုခွင့်ရှိနေပါက အဓိပ္ပာယ်မရှိပါ။ ထို့ကြောင့် ၎င်းအား သင်ပယ်ဖျက်နိုင်သည်။

ထို့ကြောင့် အက်ပ်များ / ခွင့်ပြုချက်များ စာရင်းကို တစ်ခုချင်းစီသွားပြီး မလိုအပ်သည်များကို ပယ်ဖျက်ပါ။ ထိလွယ်ရှလွယ်အဖြစ်ဆုံးသော ခွင့်ပြုချက်များ (ကင်မရာ၊ မိုက်ခရိုဖုန်း၊ တည်နေရာ၊ သိုလှောင်ရာနေရာ) နှင့် စပါ။ သင့်တွင် အချိန်ရှိပါက အခြားအရာများအတွက်လည်း ပြုလုပ်ပါ။

🤖 ANDROID တွင်
1. Settings ကို နှိပ်ပါ။
2. Apps ကို နှိပ်ပါ။
3. ⚙ icon ကို နှိပ်ပါ။
4. App permissions ကို နှိပ်ပါ။
5. အောက်ပါပုံတွင် ဖော်ပြထားသည့်အတိုင်း ခွင့်ပြုချက်တစ်ခုချင်းစီသို့ ဝင်ပြီး ၎င်းခွင့်ပြုချက် မရှိသင့်သော အက်ပ်များကို အမှန်ခြစ် ဖြုတ်ပါ။

Pasted image 20210608143108.png

🍏 iOS တွင်
1. Settings ကို နှိပ်ပါ။
2. Privacy ကို နှိပ်ပါ။
3. အောက်ပါပုံတွင် ဖော်ပြထားသည့်အတိုင်း ခွင့်ပြုချက်တစ်ခုချင်းစီသို့ ဝင်ပြီး ၎င်းခွင့်ပြုချက် မရှိသင့်သော အက်ပ်များကို အမှန်ခြစ် ဖြုတ်ပါ။

Pasted image 20210608142207.png

Sources : LifeWire, AppleInsider