end-to-end encryption
(E2EE) - အစမှအဆုံး အသွင်ဝှက်ခြင်းသည် မူလပေးပို့သူထံမှ စာတိုတစ်ခုအား လျှို့ဝှက်စာတိုတစ်ခုအသွင်သို့ ပြောင်းလဲပေးခြင်းဖြစ်ပြီး လက်ခံသူဆီရောက်သောအခါတွင်မှ အသွင်ဖော်သွားခြင်းဖြစ်သည်။ အခြားသော အသွင်ဝှက်ခြင်းပုံစံများသည် တတိယ လူပုဂ္ဂိုလ်အဖွဲ့အစည်းများမှ ပြုလုပ်သော အသွင်ဝှက်ခြင်းအပေါ်တွင် မူတည်သည်။ ဆိုလိုသည်မှာ ထို လူပုဂ္ဂိုလ်အဖွဲ့အစည်းများသည် မူလစာများအတွက် ယုံကြည်ရသောသူများဖြစ်ရမည်ဖြစ်သည်။ အစမှအဆုံး အသွင်ဝှက်ခြင်းသည် ယေဘုယျအားဖြင့် အသွင်ဝှက်ခြင်းအား ကြားဖြတ်နိုင်သည့် သို့မဟုတ် ချိုးဖောက်နိုင်သည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းအရေအတွက်အား လျှော့ချပေးသည့်အတွက် ပို၍ လုံခြုံသည်ဟု မှတ်ယူကြသည်။ ထို့ကြောင့် ပစ္စည်းကိရိယာ တစ်ခုမှ တစ်ခုသို့ ပေးပို့နေချိန်တွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သင့် စာတိုများ သို့မဟုတ် စာရွက်စာတမ်းများအား မဖတ်စေလိုပါက အစမှအဆုံးအသွင်ဝှက်ခြင်းအား အသုံးပြုသင့်သည်။