📱 iOS - အက်ပ်များကို ဖုံးကွယ်ပါ။

Last updated on : 2021-10-14

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

  1. ဤအရာအတွက် "App Library" ဝန်ဆောင်မှုကို အသုံးပြုထားသည်။ iOS 14 နှင့် နောက်ပိုင်း ဗားရှင်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
  2. iOS 15 ၏ ဗားရှင်းနောက်တစ်ခု - စက်တင်ဘာလ၊ ၂၀၂၁ တွင် ဖြန့်ချိသွားမည်ဖြစ်သည့် - တွင် "Focus" ဟု ခေါ်သော သင့်အက်ပ်များကို ပိုမိုကောင်းမွန်စွာ ခွဲခြားနိုင်သည့် ဝန်ဆောင်မှုပါဝင်လာမည်ဖြစ်သည်။ ထို့ကြောင့် သင့်ဖုန်းတွင် update ရသည်နှင့် သင့် ဖုန်းစကရင်ပေါ်တွင် မည်သည့်အက်ပ်များကို ပြသထားမည်ကို ပြန်လည်ကြည့်ရှုသုံးသပ်ရန် စဥ်းစားဆုံးဖြတ်ပါ။

သင်ဘာလုပ်သင့်သလဲ

  1. သင် ဖုံးကွယ်လိုသော အက်ပ်၏ icon ကို ဖိနှိပ်ထားပါ။
  2. မီနူးတစ်ခုပေါ်လာလိမ့်မည်။ Remove App ကို နှိပ်ပါ။
  3. ဒုတိယ မီနူးတစ်ခု ပေါ်လာလိမ့်မည်။ Move to App Library ကို နှိပ်ပါ။

Pasted image 20210609021854.png

ထိုသို့ပြုလုပ်ခြင်းဖြင့် iPhone App Library ထဲတွင် သင့်အက်ပ်အား ဖုံးကွယ်ပေးထားလိမ့်မည်ဖြစ်သည်။ App Library ထဲတွင် ဖုံးကွယ်ထားသော အက်ပ်များကို ရှာဖွေရန် လွယ်ကူသောကြောင့် နောက်ပိုင်းတွင် သင့်စိတ်ပြောင်းသွားပါက သင့် home စကရင်ပေါ်သို့ ပြန်လည် ထည့်သွင်းနိုင်သည်။

ဤနည်းလမ်းသည် သင်၏ အက်ပ်များကို ဖုံးကွယ်ရန် အပေါ်ယံနည်းလမ်းတစ်ခုသာဖြစ်သည်ကို မှတ်သားထားပါ။ Apple အနေဖြင့် အက်ပ်များကို ဖုံးကွယ်ထားရန် ပိုမိုအဆင့်မြင့်သော နည်းလမ်းများကို ခွင့်ပြုမထားပါ။