📱 iOS - အက်ပ် Icon နှင့် အမည်ကို ပြောင်းလဲပါ။

Last updated on : 2021-10-14

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

ဤနည်းလမ်းသည် "Shortcuts" အက်ပ်ကို အသုံးပြုထားခြင်းဖြစ်သည်။ iOS 14.5 နှင့် နောက်ပိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

သင်ဘာလုပ်သင့်သလဲ

သင့် အက်ပ်၏ သဘာဝအမှန်ကို သိပ်ပြီးထင်ရှားမှုမရှိစေရန် သင့်အက်ပ်များ၏ အမည်နှင့် icon အား ပြောင်းလဲပါ။

  1. သင့် iPhone တွင် Shortcuts အက်ပ်ကို ဖွင့်ပါ။ (၎င်းသည် install လုပ်ထားပြီးဖြစ်သည်။)
  2. ညာဘက်အပေါ်ထောင့်တွင်ရှိသော အပေါင်း icon ကို နှိပ်ပါ။
  3. Add Action ကို ရွေးပါ။
  4. ရှာဖွေရန် bar ထဲတွင် "Open app" ကို ရိုက်ထည့်ပါ။ "Open App" အက်ပ်ကို ရွေးပါ။
  5. "Choose" ကို နှိပ်ပြီး သင် အမည်ပြောင်းလိုသော အက်ပ်ကို ရွေးပါ။ ဥပမာ Facebook၊ Signal သို့မဟုတ် Gallery အက်ပ်။
  6. ညာဘက်အပေါ်ထောင့်တွင်ရှိသော အစက်သုံးစက် ကို နှိပ်ပါ။ ထိုနေရာတွင် shortcut အား အမည်တစ်ခုပေးပြီး "Add to Home Screen" ကို နှိပ်ပါ။
  7. "Home Screen Name" နှင့် "Icon" ဟု ဖော်ပြထားသော နေရာများတွင် shortcut အား သင့် ကြိုက်နှစ်သက်ရာသို့ အမည်ပြောင်းပါ။
  8. နောက်တစ်ဆင့်တွင် သင့် browser သို့သွားပြီး သင့်အက်ပ်အား ဖုံးလိုသော icon ပုံ အသစ်တစ်ခုအား ရှာဖွေပါ။ သင့်အနေဖြင့် "Calculator icon" ကဲ့သို့လိုမျိုး တစ်စုံတစ်ခုကို ရှာဖွေနိုင်သည်။ သင်ကြိုက်နှစ်သက်သော ပုံတစ်ခုတွေ့ပါက သင့် photos ထဲသို့ မှတ်လိုက်ပါ။
  9. Shortcuts အက်ပ်သို့ ပြန်သွားပြီး လက်ရှိ icon ကို နှိပ်ပါ။ "Choose Photo" ရွေးပြီး သင်စောနက မှတ်လိုက်သော ပုံကို နှိပ်ပါ။ ပုံကို အချုံ့၊ အချဲ့ ပြုလုပ်နိုင်သည်။ Choose ကို နှိပ်ပါ။
    10.Add ကို နှိပ်ပါ။

Source : CNET