📱 သင့်အက်ပ်များကို မည်ကဲ့သို့ ဖုံးကွယ်မည်ကို စဥ်းစားဆုံးဖြတ်ပါ။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ပြင်ဆင်မှု 🧑 ⭐⭐⭐⭐ ⭐⭐(⭐) 🧑🧑🧑 🆓 2021-10-14

အရေးကြီးသည်။

သင့်အက်ပ်များကို ဖုံးကွယ်ရန် နည်းလမ်းများစွာရှိသည်။ ထို နည်းလမ်းများသည် သင့်အား နည်းလမ်းပေါင်းများစွာဖြင့် အကာအကွယ်ပေးသည်။ သို့သော် အကယ်၍ သင့်ဖုန်း အသေးစိတ်ရှာဖွေခံရပါက သင့်အက်ပ်များကို ဖုံးကွယ်ထားသောနည်းလမ်းများ အသုံးပြုထားခြင်းသည် သင့်ဖုန်းအား ရှာဖွေသူကို ဒေါသထွက်စေသည်။ ထို့ကြောင့် အကယ်၍ သင်သည် ရှာဖွေခံနေရပြီး ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ရှိသော အခြေအနေတွင် သင်၏ ကိုယ်ပိုင်လုံခြုံရေးအတွက် အက်ပ်များအား ရှာမတွေ့အောင် ဖုံးကွယ်ထားခြင်းနှင့် သင့်အား ရန်ပြုလိုသူအား ဒေါသထွက်စေခြင်း နှစ်ခုကြားတွင် မည်သည်အား အပေးအယူလုပ်မည်ကို သင် စဥ်းစားဆုံးဖြတ်ရမည်ဖြစ်သည်။

စဥ်းစားပုံစဥ်းစားနည်း

အကယ်၍ သင်သည် အာဏာပိုင်များ၏ စစ်ဆေးခြင်းကို ခံရပါက သင်၏ PIN ကုဒ်များနှင့် စကားစုစကားဝှက်များကို ဖော်ထုတ်ရန် အတင်းအဓမ္မ ဖိအားပေးနိုင်သည်။ ကျွန်ုပ်တို့အနေဖြင့် ထပ်ဆောင်း ခံစစ်လိုင်း တစ်ခု ထပ်မံဖြည့်စွက်နိုင်သည်။ ကျွန်ုပ်တို့၏ အက်ပ်များကို ဖုံးကွယ်ခြင်း သို့မဟုတ် တည်ကြည်အက်ပ်များကို အာဏာပိုင်များအား ပြသရန် ပြင်ဆင်နိုင်သည်။ ဤကဲ့သို့ ပြုလုပ်ခြင်းဖြင့် သင့် အက်ပ်အစစ်အမှန်မှ စာတိုများ၊ ဓာတ်ပုံများ၊ စာရွက်စာတမ်းများ နှင့် အသုံးပြုမှုများအား အာဏာပိုင်များအနေဖြင့် ပိုက်စိပ်တိုက် မရှာဖွေပါက ၎င်းတို့ထံမှ ကာကွယ်ပြီးသားဖြစ်နိုင်သည်။

ညွှန်ကြားချက်များ

သင်ဘာပြင်ဆင်သင့်သလဲ

သင့်ဖုန်းအား ခြိမ်းခြောက်၍ လော့ခ်ဖွင့်ပေးခိုင်းပြီး တစ်စုံတစ်ယောက်မှ သင့် အက်ပ်များကို စစ်ဆေးနိုင်သည့် အခြေအနေအား ထည့်သွင်းစဥ်းစားထားသည်။ ထိုအခြေအနေဖြစ်ပေါ်ပါက ၎င်းအတွက် လုံခြုံရေးအဆင့်တိုးမြှင့်ရန် သင်ပြင်ဆင်ထားနိုင်သည့် ရွေးချယ်စရာများမှာ -

  1. ဘာမှ မပြောင်းပါနှင့် - ဤအရာသည် အလွယ်ကူဆုံးဖြစ်သည်။ သို့သော် မည်သည့် လုံခြုံမှုမျှ မပေးစွမ်းပါ။
  2. အက်ပ်များကို Drawer နှင့် Home စကရင်များမှ ဖယ်ရှားပါ။ - သင့်အက်ပ်များကို ပုံမှန် drawer မှ ဝေးကွာသည့် ဖုံးကွယ်ထားသော စာရင်းထဲသို့ ထည့်ထားပါ။ - ၎င်းသည် သင့်အက်ပ်များအား သာမာန်ရုတ်တရက်မြင်သွားခြင်းမှ ကာကွယ်ပေးနိုင်သည်။ ဥပမာ အာဏာပိုင်များမှ သင့် အက်ပ်စာရင်းအား စစ်ဆေးခဲ့ပါက။ သို့သော် အကယ်၍ သင့်ဖုန်းတွင် လူသုံးများသည့် အက်ပ်များဖြစ်သော Signal၊ Facebook သို့မဟုတ် Facebook Messenger များ မြင်မနေရပါက သံသယဖြစ်နိုင်သည်။
  3. သင့် အက်ပ်၏ icon နှင့် အမည်ကို ပြောင်းပါ။ - သင်တစ်ယောက်သာ ၎င်းအား သိလိမ့်မည်။ ဥပမာ 🔦 ဓာတ်မီး icon သည် အမှန်တကယ်တော့ သင့် Signal အက်ပ်ကို ဖွင့်ပေးမည်ဖြစ်သည်။ သင့်အက်ပ်များကို ကြည့်ရှုသည့်သူအား အမြင်ရှုပ်ထွေးသွားစေသည်။ သို့‌သော် ထို့ ဓာတ်မီး အက်ပ်အား မည်သူမဆိုဖွင့်နိုင်သည့်အတွက် ထပ်ဆောင်းလုံခြုံရေးအနေဖြင့် ဖြည့်စွက်နိုင်ခြင်း မရှိပါ။ ဖုံးကွယ်ထားသည့် အက်ပ်များအတိုင်း သင့်တွင် လူသုံးများသော အက်ပ်များ install မလုပ်ထားပါက သံသယဖြစ်နိုင်သည်။
  4. အက်ပ်များကို Vault တစ်ခုထဲသို့ထည့်ပါ။ - Similar to "Hide Apps" နှင့် ဆင်တူသည် သို့သော် တစ်စုံတစ်ယောက်မှ သင့်အက်ပ်ကို အသုံးပြုရန်အလို့ငှာ PIN ကုဒ်ဖြင့် လော့ခ်ချထားသော စကရင်တစ်ခုရှိနေမည်ဖြစ်သည်။ အကယ်၍ သင့်ဖုန်းအား ဖွင့်ပေးရန် အတင်းအကျပ်ခိုင်းစေခံရပါက ၎င်းသည် သင့်အား ထပ်ဆောင်း လုံခြုံမှု ပေးနိုင်မည်မဟုတ်ပါ။
  5. အပြိုင်တည်ရှိနေသော သို့မဟုတ် တည်ကြက် အက်ပ်များကို ဖန်တီးပါ။ - သင့် အက်ပ်စာရင်းထဲတွင် သိသာထင်ရှားသော ကွာဟချက်များ ထားရှိမည့်အစား ထိလွယ်ရှလွယ်ဖြစ်သည့် (အစစ်) အက်ပ်များကို ဖွင့်ပြမည့်နေရာတွင် အပြိုင်တည်ရှိနေသော/တည်ကြက် (အတု) အက်ပ်များကို သင့်ဖုန်းအား ရှာဖွေသည့်သူအားပြရန် ပြင်ဆင်ထားနိုင်သည်။ ထိုရွေးချယ်စရာသည် ၎င်း တည်ကြက် အက်ပ်များကို ယုံကြည်စရာကောင်းသည့်ပုံစံရှိနေစေရန်အလို့ငှာ ထိန်းသိမ်းခြင်းအတွက် အင်အားအတော်အတန် စိုက်ထုတ်ရသည်။ ထိုရွေးချယ်စရာသည် သင့်ဖုန်းအားရှာဖွေသူမှ တွေ့ရှိသွားပါက ၎င်းအား ဒေါသထွက်စေမည့် အန္တရာယ်လည်းရှိသည်။
  6. အသုံးပြုသည့် အကြိမ်တိုင်းတွင် (Un)install လုပ်ပါ။ - အက်ပ်များကို သင်အသုံးပြုသော အကြိမ်တိုင်းအတွက် install/uninstall ပြုလုပ်နိုင်သည်။ ထိုအရာသည် ရှာဖွေခံရပါက အက်ပ်များမရှိသည်ကို သေချာစေသည်။ သို့သော် အတော်အတန် အဆင်မပြေမှုဖြစ်မည်ဖြစ်သည်။

အချိန်တစ်ခုယူ၍ မည်သည့် ရွေးချယ်စရာသည် သင့်အတွက် အကောင်းဆုံးဖြစ်မည်ကို စဥ်းစားပါ။ ထို့နောက် ၎င်း ရွေးချယ်မှုနှင့် ပတ်သတ်သည့် ညွှန်ကြားချက်များအတိုင်း ဆက်လက်ဆောင်ရွက်ပါ။

သင်ဘာလုပ်သင့်သလဲ

သင့်နှင့် အသင့်တော်ဆုံးဖြစ်မည့် ရွေးချယ်စရာအား သင်ရွေးချယ်သည့်အပေါ်မူတည်၍ အောက်ပါအဆင့်များမှ တစ်ခုကို လိုက်လံလုပ်ဆောင်ပါ။

1. ဘာမှ မပြောင်းပါနှင့်။

OK! သင်ပြီးပါပြီ။!

သို့သော် အကယ်၍ သင် ဤ ရွေးချယ်စရာအား ရွေးချယ်ပါက ဖုန်းတွင် မည်သည့် ထိလွယ်ရှလွယ်ဖြစ်သော ဒေတာအချက်အလက်များကိုမျှ မထားရန် သို့မဟုတ် ထိလွယ်ရှလွယ်ဖြစ်သော ဒေတာအချက်အလက်များရှိသည့် အကောင့်များနှင့် မချိတ်ဆက်ရန် အထူးအကြံပြုလိုသည်။

2. အက်ပ်များကို Drawer နှင့် Home စကရင်များမှ ဖယ်ရှားပါ။

Android တွင် 📱 Android - အက်ပ်များကို ဖုံးကွယ်ရန် သို့မဟုတ် iOS တွင် 📱 iOS - အက်ပ်များကို ဖုံးကွယ်ရန် အတွက် ညွှန်ကြားချက်များအတိုင်း လိုက်လံလုပ်ဆောင်ပါ။

3. သင့် အက်ပ်၏ icon နှင့် အမည်ကို ပြောင်းပါ။

Android တွင် 📱 Android - အက်ပ် Icon နှင့် အမည်ကို ပြောင်းလဲပါ။ ရန် သို့မဟုတ် iOS တွင် 📱 iOS - အက်ပ် Icon နှင့် အမည်ကို ပြောင်းလဲပါ။ ရန် အတွက် ညွှန်ကြားချက်များအတိုင်း လိုက်လံလုပ်ဆောင်ပါ။

4. အက်ပ်များကို Vault တစ်ခုထဲသို့ထည့်ပါ။

Android တွင် 📱 အက်ပ်များကို vault တစ်ခုထဲသို့ ထည့်သွင်းရန် ညွှန်ကြားချက်များအတိုင်း လိုက်လံဆောင်ရွက်ပါ။ iOS တွင် ဤ ဝန်ဆောင်မှုသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ထွက်မည့် iOS 15 မတိုင်မီအထိ အသုံးပြု၍ရမည်မဟုတ်ပါ။

5. အပြိုင်တည်ရှိနေသော သို့မဟုတ် တည်ကြက် အက်ပ်များကို ဖန်တီးပါ။

Android တွင် 📱 အပြိုင်တည်ရှိနေသောအက်ပ်များ နှင့် တည်ကြက်အက်ပ်များကို ဖန်တီးရန် ညွှန်ကြားချက်များအတိုင်း လိုက်လံဆောင်ရွက်ပါ။ iOS တွင် ဤ ဝန်ဆောင်မှုသည် အသုံးပြု၍ရမည်မဟုတ်ပါ။

6. အသုံးပြုသည့် အကြိမ်တိုင်းတွင် (Un)install လုပ်ပါ။

အကယ်၍ သင်သည် စမတ်ဖုန်းတစ်ခုကိုလည်းအသုံးမပြုဘူး သို့မဟုတ် အက်ပ်တစ်ခုအား အသုံးပြုသည့်အကြိမ်တိုင်း install လုပ်ပြီး အသုံးပြုပြီးသည့်အခါ uninstall လည်း မပြုလုပ်ဘူး ဟု ဆုံးဖြတ်ပါက နောက်ထပ်လုပ်ဆောင်စရာ အဆင့်များမရှိတော့ပါ။