📱 အပြိုင်တည်ရှိနေသောအက်ပ်များ နှင့် တည်ကြက်အက်ပ်များကို ဖန်တီးပါ။
Last updated on : 2021-10-15
သင်ဘာသိသင့်သလဲ
- အပြိုင်တည်ရှိနေသော အက်ပ် သည် တူညီသောအက်ပ်တစ်ခုသို့ အကောင့်ပေါင်းများစွာဖြင့် လော့ဂ်ဂင်ဝင်၍ရအောင် စွမ်းဆောင်ပေးနိုင်သည်။ တည်ကြက်အက်ပ် သည် အက်ပ်၏ 'လုံခြုံသော' ဗားရှင်းတစ်ခုကို ထားရှိနိုင်ပြီး တစ်ဖက်တွင်လည်း ထိလွယ်ရှလွယ်ဖြစ်သည့် အသုံးပြုမှုများကို အက်ပ်၏ မိတ္တူနောက်တစ်ခုထဲတွင် ဖုံးကွယ်ထားနိုင်သည်။ ၎င်းတို့၏ သဘောတရားများသည် ဆက်စပ်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် တည်ကြက်အက်ပ်များကို ဖန်တီးရန် သင့်အနေဖြင့် အပြိုင်တည်ရှိနေသောအက်ပ် ဝန်ဆောင်မှုကိုလည်း အသုံးပြုကောင်းပြုရနိုင်သည်။
- သို့သော် မှတ်ထားရမှာသည် တည်ကြက်အက်ပ်တစ်ခုသည် လူတစ်ယောက်၏ အမှန်တကယ်အသုံးပြုသော အက်ပ်နှင့် ဆင်တူမှုရှိနေမှသာလျှင် အသုံးဝင်မည်ဖြစ်သည်။ ထို့ကြောင့် စစ်ဆေးခံရသောအခါ သံသယမဖြစ်စေရန် သင့်အနေဖြင့် အက်ပ်အား စာတိုများ၊ ဓာတ်ပုံများ၊ စာရွက်စာတမ်းများ နှင့် အသုံးပြုမှုများ ဖြင့် ဖြည့်စွက်ထားရန်လိုအပ်သည်။
- ထိုကဲ့သို့ အက်ပ်နှစ်ခုကို ထိန်းသိမ်းရသည်မှာ သင့်အတွက် အားအင်စိုက်ထုတ်ရမှုများပြားနေနိုင်ပါသည်။ - ထို့ကြောင့် ထပ်ဆောင်းဖြည့်စည်းသွားမည့် လုံခြုံရေးနှင့် ယုံကြည်စရာကောင်းသော ငြင်းဆန်မှု၏ အကျိုးကျေးဇူးများ နှင့် ၎င်းအက်ပ်များအား ထိန်းသိမ်းရသော ကသိကအောက်ဖြစ်မှုတို့အကြား အပေးအယူကို ထည့်သွင်းစဥ်းစားပါ။
- သင့်အနေဖြင့် အက်ပ်အားလုံးအတွက် တည်ကြက်အက်ပ်များ ဖန်တီးရန်မလိုသည်ကိုလည်း မှတ်သားထားပါ။ - ထို့ကြောင့် သင်ဖုံးကွယ်လိုသည့် အက်ပ် နှင့် ဖိုင်အမျိုးအစားများကို ရွေးချယ်နိုင်မည်ဖြစ်သည်။
သင်ဘာပြင်ဆင်သင့်သလဲ
- တည်ကြက်အက်ပ်များကို အသုံးပြုရန်ပြင်ဆင်ခြင်းတွင် တည်ကြက်ပြုလုပ်ရန်အတွက် သတင်းအချက်အလက်များကို ထည့်သွင်းရသောကြောင့် လုပ်ငန်းစဥ်တစ်ခုလုံးကို ပြီးဆုံးအောင်ပြုလုပ်ရန် အချိန်အတန်ကြာ ယူနိုင်ပါသည်။ ထို့ကြောင့် သင် အသုံးပြုသည့် အက်ပ်အရေအတွက်အပေါ်မူတည်၍ အဆင့်များကို ပြီးဆုံးအောင်လုပ်ဆောင်ရန် လုံလောက်သော အချိန်တစ်ခု (မိနစ် ၃၀ မှ ၂ နာရီခန့်) ဖယ်ထားရန် လိုအပ်သည်။
သင်ဘာလုပ်သင့်သလဲ
1. အပြိုင်တည်ရှိနေသောအက်ပ်များ သို့မဟုတ် Shelter ကို အသုံးပြုရန် ပြင်ဆင်ပါ။
🤖 ANDROID တွင် အသုံးပြုရန်ပြင်ဆင်ခြင်းသည် သင်အသုံးပြုသော အမှတ်တံဆိပ်ပေါ်တွင် မူတည်သည်။
- Samsung - 📱 Android - Samsung တွင် အပြိုင်တည်ရှိနေသော အက်ပ်များကို အသုံးပြုရန်ပြင်ဆင်ပါ။တွင် ပါဝင်သော ညွှန်ကြားချက်များအတိုင်း လိုက်လံဆောင်ရွက်ပါ။
- OnePlus or Oppo - 📱 Android - OnePlus တွင် အပြိုင်တည်ရှိနေသော အက်ပ်များကို အသုံးပြုရန်ပြင်ဆင်ပါ။ တွင် ပါဝင်သော ညွှန်ကြားချက်များအတိုင်း လိုက်လံဆောင်ရွက်ပါ။
- Xiaomi or Redmi - 📱 Android - XiaoMi တွင် အပြိုင်တည်ရှိနေသော အက်ပ်များကို အသုံးပြုရန်ပြင်ဆင်ပါ။ တွင် ပါဝင်သော ညွှန်ကြားချက်များအတိုင်း လိုက်လံဆောင်ရွက်ပါ။
- အခြားသော Android ဖုန်းများတွင် အခြား အမှတ်တံဆိပ်များတွင် ပါဝင်ပြီးသားဖြစ်သော လုပ်ဆောင်ချက်များအတိုင်း ဖန်တီးနိုင်ရန် "Shelter" ဟု ခေါ်သော ကိရိယာတစ်ခုကို အသုံးပြုသွားမည်ဖြစ်သည်။📱 Android - Shelter အား အသုံးပြုရန် ပြင်ဆင်ပါ။တွင် ပါဝင်သော ညွှန်ကြားချက်များအတိုင်း လိုက်လံဆောင်ရွက်ပါ။
🍏 iOS တွင် အက်ပ်များကို ပုံတူပွားရန်အတွက် လုံးဝဥဿုံ မှန်ကန်သော ရွေးချယ်စရာဟူ၍ မရှိပါ။ ထို့ကြောင့် အွန်လိုင်းတွင် ၎င်းနှင့် ပတ်သတ်သော သတင်းအချက်အလက်များကို သင်ရှာဖွေတွေ့ရှိနိုင်သော်လည်း အခြား အက်ပ်စတိုးများအား install လုပ်ခြင်းအား မပြုလုပ်ရန် (📱 အက်ပ်များအား ယုံကြည်ရသော နေရာမှ install လုပ်ပါ။တွင် ဆွေးနွေးခဲ့သည့်အတိုင်း) သို့မဟုတ် သင့်ဖုန်းအား jail-break မပြုလုပ်ရန် ကျွန်ုပါတို့ အကြံပြုလိုသည်။ ထို နည်းလမ်း နှစ်ခုစလုံးသည် သင့် iPhone အား အမြတ်ထုတ်နိုင်စေရန် လမ်းဖွင့်ပေးသလိုဖြစ်နေပေလိမ့်မည်။
အချို့သော အက်ပ်များတွင် အကန့်အသတ်ဖြင့် 'multiple app' လုပ်ဆောင်ချက်အား ခွင့်ပြုထားခြင်းများရှိသည်။ များသောအားဖြင့် လုံးဝ မိတ္တူအစစ်အမှန်တစ်ခုအစား အက်ပ်ပလီကေးရှင်း ၏ web-browser ဗားရှင်း ကိုပံ့ပိုးပေးထားတတ်သည်။ ကျွန်ုပ်တို့အနေဖြင့်ကတော့ အက်ပ် နောက်ထပ်တစ်ခု ထပ်မံ ထည့်သွင်းခြင်းသည် တန်လိမ့်မည်ဟုမထင်ပါ။ အဘယ်ကြောင့်ဆိုသော် အကယ်၍ သင့်အနေဖြင့် 📱 လုံခြုံသော Browser တစ်ခု အသုံးပြုရန်ပြင်ဆင်ပြီးသားဖြစ်ပါက သင့်အက်ပ်များကို browser မှတစ်ဆင့် အသုံးပြုနိုင်မည့် ရွေးချယ်စရာသည် သင့်တွင် ရှိပြီးသားဖြစ်နေသောကြောင့်ဖြစ်သည်။