📱 သင့် SIM ကဒ်အတွက် PIN တစ်ခု ဖန်တီးပါ။

အမျိုးအစား ပရိသတ် ဦးစားပေးမှု ရှုပ်ထွေးမှု အင်အားစိုက်ထုတ်ရမှု ကုန်ကျစရိတ် UPDATE ပြုလုပ်ပြီး
ပြင်ဆင်ခြင်း 🧑 ⭐⭐⭐ ⭐ 🧑 🆓 2021-10-20

စဥ်းစားပုံစဥ်းစားနည်း

သင့် SIM ကဒ်သို့ PIN တစ်ခု ထည့်လိုက်ခြင်းဖြင့် ရန်ပြုလိုသူ တစ်ယောက်မှ SIM ကဒ်အား အခြား ဖုန်းတစ်လုံးသို့ ထည့်၍ သင်အဖြစ် အယောင်ဆောင်ကာ ဖုန်းခေါ်ဆိုခြင်၊း ဖုန်းလက်ခံခြင်း နှင့် စာတိုပေးပို့ခြင်းများ ပြုလုပ်ခြင်းမှ ကာကွယ်နိုင်သည်။

သတိပေးချက်

PIN ကုဒ် အမှန်မရှိပါက သင့်ဖုန်းသည် လော့ခ်ကျသွားနိုင်ပြီး PUK ကုဒ် မှရှိပါက သို့မဟုတ် သင့် မိုဘိုင်းလ်ဖုန်းထုတ်လုပ်သူများအား SIM ကဒ်အသစ် မထုတ်ခိုင်းပါက လော့ခ်ဖွင့်၍ ရမည်မဟုတ်ပါ။ ထိုကဲ့သို့ဖြစ်ခြင်းကြောင့် ရက်အနည်းငယ်ကြာ သင့်ဖုန်းအသုံးပြု၍ မရတော့သည်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် အဆင့်များအား ဂရုတစိုက်ဖတ်ရှုရန်နှင့် SIM PIN အား အကယ်၍ အောက်ပါအချက်များမှ တစ်ခု ဖြစ်မှာသာ သတ်မှတ်ရန် အကြံပြုသည်။

  1. လက်ရှိ SIM PIN အား သင် သိသည်။ သို့မဟုတ်
  2. သင့်ဖုန်းတွင် လက်ရှိ SIM PIN သတ်မှတ်မထားပါ။ သို့မဟုတ်
  3. သင့် SIM PIN အဖြစ် 1111 သို့မဟုတ် 1234 အား ထည့်ကြည့်ပြီးနောက် အဆင်ပြေသွားသည်။

ညွှန်ကြားချက်များ

သင်ဘာသိသင့်သလဲ

  1. သင့် SIM PIN နှင့် သင့်ဖုန်းအား လော့ခ်ချရန် အသုံးပြုသော PIN ကုဒ် တို့သည် မတူ ကြပါ။ တစ်ခုစီအတွက် သီးခြား PIN ကုဒ်များ အသုံးပြုလျှင်ပို၍ကောင်းသည်။ သို့သော် သင့်အနေဖြင့် ကုဒ်တစ်ခုတည်းကိုသာ မှတ်နိုင်ပါက နှစ်ခုစလုံးအတွက် ကုဒ်တစ်ခုတည်းကိုသာ အသုံးပြုခြင်းသည် အဆင်ပြေသည်။
  2. SIM PIN အား သတ်မှတ်ပြီးသည်နှင့် သင် ဖုန်းအား (လော့ခ်ဖွင့်ချိန်တွင်သာမဟုတ်ပဲ) ပါဝါဖွင့်လိုက်သည့်အချိန်တိုင်းတွင် PIN ကုဒ်အား တောင်းခံပါလိမ့်မည်။
  3. သင့်အား ဝန်ဆောင်မှုပေးသည့် တယ်လီကွန်းကုမ္ပဏီမှ သင့်အား ပုံသေ PIN နှင့် ပြန်လည်ရယူရန် PUK ကုဒ်အား SIM ကဒ် ထုတ်ပေးသောအချိန်တွင် သင့်အား တစ်ခါတည်း ပေးထားလိမ့်မည်။ ၎င်းတို့သည် SIM ကဒ်အား ပါကင်ထုပ်ထားသော ထုပ်ပိုးမှုတွင် သို့မဟုတ် စာရွက်စာတမ်းများတွင် ရိုက်နှိပ်ထားသည်။
  4. ပုံသေ PIN ကုဒ်သည် သင့် ဖုန်း ထုတ်လုပ်သူ နှင့်/သို့မဟုတ် တယ်လီကွန်းကုမ္ပဏီ တွင် ရှိသည်။ - ထို့ကြောင့် အကယ်၍ သင့် PIN ကုဒ်ကို သင်မသိပါက သင့် တယ်လီကွန်းကုမ္ပဏီအား ဆက်သွယ်၍ ပုံသေ PIN ကုဒ်အား ရယူနိုင်သည်။ အကယ်၍ သင့်တွင် ၎င်းအတွက် အချိန်မရှိပါက အသုံးများလေ့ရှိသော PIN ကုဒ်များ ဖြစ်သည့် 1111 သို့မဟုတ် 1234 အား ရိုက်ထည့်ကြည့်နိုင်သည်။
  5. အရေးကြီးသည်။ သင် PIN ကုဒ်အား မှားယွင်းစွာ သုံးကြိမ်ထက်ပို ရိုက်ထည့်မိပါက သင့် SIM ကဒ်သည် လော့ခ်ကျသွားမည်ဖြစ်ပြီး လော့ခ်ပြန်လည်ဖွင့်ရန် သင့် PUK ကုဒ် လိုအပ်လိမ့်မည်ဖြစ်သည်။ အကယ်၍ သင့်တွင် PUK ကုဒ် မရှိပါက အစားထိုးရန်အတွက် သင့် တယ်လီကွန်းကုမ္ပဏီအား ဆက်သွယ်ရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သင့် PIN ကုဒ်များအား မမေ့ရန် အရေးကြီးသည်။

သင်ဘာပြင်ဆင်သင့်သလဲ

  1. အကယ်၍ SIM ကဒ်တွင် (ပုံသေ) PIN ကုဒ် ရှိပြီးသားဖြစ်ပါက အဆင်သင့်ပြင်ထားပါ။ - ၎င်းသည် များသောအားဖြင့် 1111 သို့မဟုတ် 1234 ဖြစ်သည်။
  2. 🔒 ခိုင်မာသော PIN တစ်ခုအား ထုတ်ခြင်း။ တွင် ပါဝင်သော အခြေံသဘောတရားများကို လိုက်နာ၍ PIN ကုဒ်ကို စဥ်းစားပါ။

🤖 ANDROID

  1. သင့်ဖုန်းတွင် ဆက်တင်များအား ဖွင့်ပြီး Security & privacy ကို ရှာဖွေပါ။
  2. စကရင် လော့ခ်ချခြင်း ၏ အောက်ပိုင်းနားတွင် more settings သို့မဟုတ် Advanced settings ကို ရှာပါ။

Pasted image 20210607151907.png

  1. SIM card lock အား ရွေးပြီး နှိပ်ပါ။
  2. နောက်ထပ် စကရင် တစ်ခုအရောက်တွင် SIM ကဒ် လော့ခ်ချခြင်းအား ဖွင့်ရန်အတွက် ခလုတ်ကို ပြောင်းပါ။

Pasted image 20210607151937.png

  1. ပေါ်လာသော window တွင် သင့် SIM ကဒ် PIN ကုဒ်ကို ရိုက်ထည့်ပြီး ဆက်တင်အား မှတ်သားလိုက်ပါ။

Pasted image 20210607152008.png

Source : Android Central

🍏 iOS

WikiHow တွင် ‌ဖော်ပြထားသော အဆင့်များအတိုင်း လိုက်လံဆောင်ရွက်ပါ။